Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ILO၏ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေး ဖားကန့်ပြည်သူများ တောင်းဆိုဆန္ဒပြ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခံကျေးရွာရှိ လေယာဉ်ဗုံးဒဏ်ထိထားသော အဆောက်အဦိအပျက်အစီးများကြားတွင် မှော်လှည့်သပိတ်နှင့် တာမခံသပိတ်အင်အားစုတို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ILO၏ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြရန် ယနေ့ (မေလ ၂၇) တောင်းဆို ဆန္ဒပြခဲ့သည်။

မေ ၂၇၊၂၀၂၅။ သုည/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခံကျေးရွာရှိ လေယာဉ်ဗုံးဒဏ်ထိထားသော အဆောက်အဦိအပျက်အစီးများကြားတွင် မှော်လှည့်သပိတ်နှင့် တာမခံသပိတ်အင်အားစုတို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ILO၏ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြရန် ယနေ့ (မေလ ၂၇) တောင်းဆို ဆန္ဒပြခဲ့သည်။

မြန်မာပြည်သူများအား နေ့စဉ် လေယာဉ်ဖြင့်ဗုံးကြဲတိုက််ခိုက်ခြင်းများ ရပ်တန့်ရန်၊ စစ်ကောင်စီကို လက်နက်များ မဝယ်နိုင်ရန် ငွေကြေးစီးဆင်းမှုများ ဖြတ်တောက်ရန်၊ အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန်၊ အဓမ္မစစ်မှုထမ်းခိုင်းစေခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ကလေးစစ်သားအသုံးပြုမှု ရပ်တန့်ရန်၊ အပြစ်မဲ့ပြည်သူများ၊ ကလေးငယ်များနှင့် အမျိုးသမီးများ၏ အသက်များစွာ နေ့စဉ် ရက်စက်စွာ သတ်ဖြတ်မှုများကို ရပ်တန့်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဖားကန့်သပိတ်အင်အားစုက ဆိုသည်။

ILO၏ ပုဒ်မ(၃၃)အရ စစ်ကောင်စီကို အရေးယူနိုင်ရေး နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများနှင့်ရပ်တည်ကာ ထောက်ခံမဲပေးကြရန်အတွက် မေလ ၁၉ ရက်ကလည်း ဖားကန့်မြို့နယ်အတွင်း သပိတ်အင်အားစုများက လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပြီး တစ်လအတွင်း ဒုတိယအကြိမ် သပိတ်လှုပ်ရှားမှု ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ -စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်-ဖားကန့်မြို့နယ်

ဆက်စပ်သတင်းများ

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကျောက်စိမ်းမြို့တော်ဖားကန့်မှာပြီးခဲ့တဲ့ ရက်ပိုင်းက ရေဘေးသင့်ခဲ့ပြီး လတ်တလောမှာရေကျသွားပေမယ့်မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ သွားရေးလာရေးနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။