News ဖလမ်းမှဟားခါးလာသည့် စစ်ကောင်စီတပ်ကို ချင်းပူးပေါင်းတပ်ဖွဲ့ ဆက်လက်တိုက်ခိုက်၍ ရှေ့မတိုးနိုင် ချင်းပြည်နယ်မြောက်ပိုင်းသို့ ထိုးစစ်ဆင်ရန်ဦးတည်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဖလမ်းနှင့် ဟားခါးကြားတွင် CNA နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)တို့ပူးပေါင်း၍ ယမန်နေ့ ကတည်းက တိုက်ခိုက်နေခြင်းဖြစ်သည်။ LuduNwayOoအောက်တိုဘာ 14, 2021
News ပေါက်နယ်ရှိ ဇီးပြားရဲစခန်းကို PDFများ တိုက်ခိုက်၊ ရဲနှစ်ဦးသေပြီး စခန်းမီးရှို့ခဲ့ဟု ထုတ်ပြန် မြိုင် PDF သည် ပေါက်မြောက်ပိုင်းPDF အဖွဲ့နှင့် ပူးပေါင်းကာ အောက်တိုဘာ ၁၂ရက် ည ၉နာရီမှ ၁၀နာရီအချိန်ထိ ဇီးပြားရဲစခန်းအား ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoအောက်တိုဘာ 13, 2021
News မြောင်PDF ပင်မစခန်းတိုက်ခိုက်ခံရ၊ အထိအခိုက်မရှိဟု PDF ပြော "စစ်ခွေးတွေ ဝင်စီးတာ ကျွန်တော်တို့မြို့နယ်တစ်ခုလုံးရဲ့ တော်လှန်ရေးအတွက် လိုအပ်တဲ့ လူအင်အား၊ လက်နက်အင်အား ထုတ်လုပ်ပေးရာဖြစ်တဲ့ ပင်မစခန်းကြီးတစ်ခုဖြစ်တယ်"ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ LuduNwayOoအောက်တိုဘာ 13, 2021
News စစ်ကောင်စီတပ်ယာဉ်တန်းကို ပုလဲPDF ထပ်မံတိုက်ခိုက်၊ စစ်ကောင်စီတပ်သေဆုံးဒဏ်ရာရသူများ "ကျနော်တို့ ပုလဲပြည်သူ့ကာကွယ်ရေး ပြောက်ကျားအဖွဲ့က ညမအိပ်ဘဲစောင့်ပြီး မိုင်းအတွဲလိုက် ခွဲတိုက်ခိုက်လိုက်တာပါ။"ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက pale entertainment စာမျက်နှာအား ဖြေကြားထားသည်။ LuduNwayOoအောက်တိုဘာ 12, 2021
News ကျောက်ပန်းတောင်းရှိ စည်ပင်ရုံး ဗုံးဖြင့်တိုက်ခိုက်ခံရ ကျောက်ပန်းတောင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုများကို စစ်ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့၍ ကျဆုံး၊ ဒဏ်ရာရသည့် ပြည်သူများရှိခဲ့ပြီး ဖမ်းဆီးခံထားရသူများလည်းရှိခဲ့သည်။ LuduNwayOoအောက်တိုဘာ 12, 2021
News ပုလဲ PDF ကတိုက်ခိုက်၍ စစ်ကောင်စီတပ် ဗျူဟာမှူးအပါအဝင် ၅၀ ကျော်သေဆုံး ပုလဲမြို့နယ်အတွင်း ဗိုလ်နဂါးဦးဆောင်သည့် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေး(ပုလဲ-PDF)တပ်ဖွဲ့ဝင်များက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သုံကြိမ်တိုက်ခိုက်ခဲ့ရာ ဗျူးဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော် သေဆုံးခဲ့ကြောင်း ပုလဲPDF ကယခုညတွင်ထုတ်ပြန်သည်။ LuduNwayOoအောက်တိုဘာ 12, 2021
News စစ်ကောင်စီ၏ စစ်ကား၃၈စီးပါယာဉ်တန်းကို KIA တိုက်ခိုက်၊ လီဒိုလမ်း၌ တိုက်ပွဲများဆက်ဖြစ် စစ်ကား ၃၈စီးက မြစ်ကြီးနားဘက်သို့ ပြန်လည်ထွက်ခွာလာစဉ် မိနစ် ၂၀ခန့်အကြာ အောက်တိုဘာ ၁၁ရက် နံနက် ၉နာရီခွဲ ခန့်က KIA တပ်မဟာ(၂)၊ တပ်ရင်း (၂၀) နယ်မြေ လဝါး၊ ခွန်ဆိုင်ယန် သချိုုင်းကုန်းအနီးတစ်၀ိုက်၌ တိုက်ခိုက်ခံရခြင်းဖြစ်သည်။ LuduNwayOoအောက်တိုဘာ 11, 2021
News စစ်ကိုင်းတိုင်းမြို့နယ် လေးခုတွင် ဒေသခံကာကွယ်ရေးတပ်များတိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး၁၈ဦးသေဆုံး ယနေ့ နေ့လည်ပိုင်းတွင် ဒီပဲယင်းမှတက်လာသည့် စစ်ကောင်စီ၏ ကား သုံးစီး ၊ အိမ်စီးကား တစ်စီးနှင့် စစ်ကောင်စီများ လိုက်ပါလာသည့် နာရေးကား တစ်စီးကို ဘုတလင်မြို့အဝင်တွင် မိုင်းဆွဲခံရပြီး နှစ်စီး ပျက်စီးသွားသည်ဟု ဆိုသည်။ LuduNwayOoအောက်တိုဘာ 11, 2021
News ဆော-ကျောက်ထုလမ်းပိုင်းတွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၂၀ ထက်မနည်းသေဆုံး “အဲဒီမှာ တစ်ကြိမ်၊ ဒီဘက် ကချောင်းနဲ့ ကန်ကြီးအစပ်ကြား တစ်ကြိမ်ပေါက်တယ်။ အဲဒီမှာ သေနတ်ကိုအချက်ပေါင်းများစွာ ပစ်ဖောက်လာခဲ့တယ်။ သူတို့ဘက်က အထိအခိုက်ကရှိမှာ။ အနည်းဆုံး ၁၀ဦးလောက်တော့ မှန်းထားကြတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။ LuduNwayOoအောက်တိုဘာ 10, 2021
News စစ်ကောင်စီတပ်ကို ဆောPDFက ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ PDF- SAWဘက်မှ လက်နက်ကြီးဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ပူးပေါင်းတော်လှန်ရေးအင်အားစုများ၏ မိုင်းများမိကာ စစ်ကောင်စီတပ်သားငါးဦးထက်မနည်း ကျဆုံးနိုင်ပြီး၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာမှုရှိသည်ဟု PDF -Sawက ခန့်မှန်းသည်။ LuduNwayOoအောက်တိုဘာ 9, 2021