Connect with us

Hi, what are you looking for?

News

ပုလဲ PDF ကတိုက်ခိုက်၍ စစ်​ကောင်စီတပ် ဗျူဟာမှူးအပါအဝင် ၅၀ ​ကျော်​သေဆုံး

ပုလဲမြို့နယ်အတွင်း ဗိုလ်နဂါးဦးဆောင်သည့် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေး(ပုလဲ-PDF)တပ်ဖွဲ့ဝင်များက အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို သုံကြိမ်တိုက်ခိုက်ခဲ့ရာ ဗျူးဟာမှူးအပါအဝင် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၅၀​ကျော် သေဆုံးခဲ့​ကြောင်း ပုလဲPDF ကယခုညတွင်ထုတ်ပြန်သည်။

◾️ ထိတွေ့မှု ၁

နံနက် ၈နာရီ ခန့်တွင် ကျောက်စလင်းတောင် ဆပ်သွားရုံကွေ့ ၌ ဗျူဟာမှူးလိုက်ပါလာသည်ဟုသတင်းရသည့် စစ်ယာဉ်တန်း (၂၃)စီးအား ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDFတပ်စိတ်(၄) ဂျစ်တူး၊ ဒေါင်းလေး ဦးဆောင်သည့် ရဲဘော် ၃၄ ဦးက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ဗျူဟာမှူးလိုက်ပါလာသည့် ကားတစ်စီးလုံး ပျက်စီးသွားခဲ့သည်။ ဒေသခံများပြောကြားချက်အရ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး နေရာတွင်ပင်​သေဆုံးပြီး သဂြိုလ်ခဲ့ကြောင်း သိရှိရသည်ဟု​ဖော်ပြထားသည်။ ထိုအပြင်စစ်​ကောင်စီတပ်များဘက်မှပြင်းထန်ဒဏ်ရာရသော တပ်ဖွဲ့ဝင် များ နှင့် ကျန် အလောင်းများအား သယ်ဆောင်သွားခဲ့ပြီး ဗျူဟာမှူးမှာလည်း ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးသွားခဲ့​ကြောင်းထုတ်ပြန်သည်။

◾️ ထိတွေ့မှု ၂

နံနက် ၉ နာရီ မိနစ် ၄၀ခန့်တွင်
နဂါးမတောင်အနောက်ဘက် ဝမ်းပြင်ကျေးရွာအလွန်တွင် စစ်​ကောင်စီတပ်ကရှေ့ပြေးလမ်းရှင်းအဖွဲ့အဖြစ် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်၍ တက်လာသောတပ်ဖွဲ့ဝင် ၃၀ခန့်အား ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) သိန်းငှက်လေး ဦးဆောင်သည့် တပ်စိတ်(၁)မှ ရဲဘော်၂၀ ဦးနှင့် မိုးကြိုး၊ဖိုက်တာကြီး၊နာဂစ်၊ကျောင်းဆရာ၊မုန်တိုင်းအမည်ရှိ ကွန်မန်ဒို ၅ ဦးတို့က တူမီးများဖြင့် ပစ်ခတ်၍ မိုင်းခွဲတိုက်ခိုက်ရာ ​ရှေ့​ပြေးတက်လာသည့်စစ်​ကောင် အားလုံးနီးပါး အတုံးအရုန်းကျဆုံးခဲ့ပါသည်။ နောက်မှကပ်ပါလာသော ယာဉ်တန်းမှ လက်နက်ကြီး လက်နက်ငယ်များနှင့် ဆက်လက်ပစ်ခတ်သဖြင့် လက်နက်များ ကောက်ယူခွင့်မရဘဲ ခုခံပစ်ခတ်၍ ဆုတ်ခွာခဲ့ရ​ကြောင်းလည်းပါရှိသည်။

Public Service Announcement

Public Service Announcement

◾️ ထိတွေ့မှု၃

ညနေ ၃နာရီခန့်တွင် ဒါဏ်ရာရ စစ်​ကောင်စီတပ်ဖွဲ့ဝင် များနှင့် အလောင်းများတင်ဆောင်၍ ဆက်လက်ထွက်ခွာလာသော ယာဉ်တန်းအား နဂါးမတောင်အောက်ဘက် ပတ္တလားဆင်းအထွက် ရွှေမင်းသမီးကွေ့ ခေါ် ကိုး‌‌လောင်း‌ကွေ့အနီးတွင် ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၅ တပ်စိတ် ၂ ဗိုလ်မဲလုံးဦး‌ဆောင်သည့်ရဲဘော်များမှ မိုင်း ၁၈ လုံးခွဲ၍တူမီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီ တပ်ဖွဲ့ ဝင် ၂၀ခန့် ထပ်မံသေဆုံးခဲ့​ကြောင်း ပုလဲ PDF ကထုတ်ပြန်သည်။

“ယနေ့အတွက် ပုလဲမြို့နယ်အတွင်း ထိတွေ့မှုသုံးကြိမ်သာဖြစ်ပွားခဲ့ပြီး ၎င်းသုံးကြိမ်လုံးတွင် ဗိုလ်နဂါးဦးဆောင်သည့် ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Pale People’s Defense Force (PPDF) ဒေသခံရဲဘော်များသာတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းလေးစားစွာတင်ပြအပ်ပါသည်။ကျွန်ုပ်တို့ တပ်ဖွဲ့များမှာ ယခင်အစောပိုင်းကာလသတင်းလုံခြုံရေးအရ တိုက်ပွဲသတင်းတင်ခြင်းလုံးဝမရှိခဲ့သော်လည်း ဧပရယ်လကုန်ပိုင်းမှစတင်၍ ကနီ၊ယင်းမာပင်၊ ပုလဲ၊ မြိုင်နှင့် ယောနယ်စပ်တလျောက် ယနေ့တိုင် မိုင်းခွဲတိုက်ခိုက်ခြင်း၊ ပျောက်ကြားစစ်ဆင်ရေးများ၊ မြေပြင်တိုက်ပွဲများအပါဝင် တိုက်ပွဲပေါင်းများစွာကို ပြည်သူ့ဘဝလွတ်မြောက်ရေးအတွက် အသက်စွန့်တိုက်ပွဲဝင်နေကြဆဲဖြစ်ကြောင်းလည်းလေးစာစွာတင်ပြအပ်ပါသည်။Videoမှတ်တမ်းရှိသော်လည်းလိုင်းအခက်အခဲဖြစ်‌နေ‌သောကြောင့်တင်မရဖြစ်နေတဲ့အတွက် ဆက်လက်စောင့်မျှော်ပေးကြပါအုံးခင်ဗျ” ဟု ထုတ်ပြန်ထားသည်။

ပုလဲ PDF သည် ​အောက်တိုဘာလဆန်းမှစ၍ စစ်​ကောင်စီတပ်ကို ​ပျောက်ကျားနည်းဖြင့်တိုက်ခိုက်​နေရာ စစ်​ကောင်စီတပ် အ​ရေအတွက်များစွာ​သေဆုံး ၊ဒဏ်ရာရပြီးအထိနာလျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့