Connect with us

Hi, what are you looking for?

News

ဖလမ်းမှဟားခါးလာသည့် စစ်ကောင်စီတပ်ကို ချင်းပူးပေါင်းတပ်ဖွဲ့ ဆက်လက်တိုက်ခိုက်၍ ​ရှေ့မတိုးနိုင်

ချင်းပြည်နယ်မြောက်ပိုင်းသို့ ထိုးစစ်ဆင်ရန်ဦးတည်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဖလမ်းနှင့် ဟားခါးကြားတွင် CNA နှင့် ချင်း​ဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)တို့ပူးပေါင်း၍ ယမန်နေ့ ကတည်းက တိုက်ခိုက်နေခြင်းဖြစ်သည်။

ချင်းပြည်နယ် ဖလမ်းမြို့မှ ဟားခါးမြို့သို့ အင်အားအလုံးအရင်းဖြင့် တက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်နေ၍ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ် ရှေ့မတိုးနိုင်သေး​ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

ချင်းပြည်နယ်မြောက်ပိုင်းသို့ ထိုးစစ်ဆင်ရန်ဦးတည်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဖလမ်းနှင့် ဟားခါးကြားတွင် CNA နှင့် ချင်း​ဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)တို့ပူးပေါင်း၍ ယမန်နေ့ ကတည်းက တိုက်ခိုက်နေခြင်းဖြစ်သည်။

“ဟားခါးဘက်ကို ကျွန်တော်တို့က ပိတ်ထားတယ်ဆိုတော့ သူတို့က ရှေ့တိုးမလာနိုင်ဘူ။အဲဒီစစ်တပ်ကို ကျွန်တော်တို့ကနေပြီးမှ လမ်းကနေ သွားပြီးတော့ တိုက်တာ။ ရှေ့တိုးမလာနိုင်အောင် သွားတိုက်တာ” ဟု ဆလိုင်းထက်နီက ပြောသည်။

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယနေ့ နံနက် ၁၁နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာ နေ့လည် ၁နာရီခန့်တွင် တိုက်ပွဲ ခေတ္တပြန်ငြိမ်နေကြောင်း ၎င်း ကတိုက်ပွဲအ​ခြေအ​နေကိုရှင်းပြသည်။

Public Service Announcement

Public Service Announcement

“ဘယ်လိုဆက်ဖြစ်လာမလဲ ပြောလို့မရဘူး။ သူတို့ ရှေ့တိုးပြီး တက်လာတဲ့အပေါ်မူတည်မှာပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဖလမ်း – ဟားခါးလမ်းပိုင်းတွင် ယမန်နေ့က တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၅ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီတပ်သည် ထန်တလန်မြို့နယ်ရှိCNFဌာန ချုပ်နှင့် CDFများ အခြေချရာဒေသများကို ထိုးစစ်ဆင်ရန် ဦးတည်နေသည်ဟု ယူဆကြောင်း CNF ပြောရေး ဆိုခွင့်ရှိသူက သုံးသပ်ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook