သတင်း မံစီမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ကလေးငယ်တစ်ဦး နှင့် အမျိုးသမီးတစ်ဦး သေဆုံး ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မံစီမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့၍ ကလေးငယ်တစ်ဦး နှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။ ludunwayooဖေဖော်ဝါရီ 22, 2025
သတင်း တောင်သာ၊အောင်ဇေဖြိုးရွာကို စစ်တပ်က ဗုံးကြဲလို့ ပြည်သူ ၇ ဦးဒဏ်ရာရ တောင်သာမြို့နယ်ကပျူစောထီးရွာတိုက်ခိုက်ခံရပြီးတဲ့နောက် ညပိုင်းမှာ စစ်တပ်ကအနီးနားကကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတဦးကပြောပါတယ်။ ludunwayooဖေဖော်ဝါရီ 20, 2025
သတင်း စစ်တပ်ရိက္ခာတင်ကားတိုက်ခိုက်ခံရပြီးနောက် ပေါက်ခေါင်းမြို့အနီး ကျေးရွာများကို စက်တပ်လေထီးဖြင့်ဗုံးကြဲ၍ ပြည်သူ ၁ ဦးသေ၊ ၂ဦးဒဏ်ရာရ လက်နက်ခဲယမ်းများနှင့်ရိက္ခာများတင်ဆောင်လာသည့် စစ်ကောင်စီတပ်ယာဉ်နှစ်စီးတိုက်ခိုက်ခံရပြီးနောက် ပေါက်ခေါင်းမြို့အနီး ကျေးရွာအချို့ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၉ ရက်ည ၁၀နာရီခန့်မှာ လေကြောင်းမှတိုက်ခိုက်ရာ ဒေသခံအမျိုးသမီး တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ludunwayooဖေဖော်ဝါရီ 20, 2025
သတင်း ဗန်းမော်မြို့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးဖြင့် ခုခံနေဟု KIA အသိပေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များက ဗန်းမော်မြို့အပြီးသတ် သိမ်း ပိုက်နိုင်ရန် ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း၊ လက် နက်ကြီး၊ ဒရုန်းများဖြင့် အဆက်မပြတ် ခုခံတိုက်ခိုက်နေကြောင်း KIAသတင်းပြန်ကြားရေးဌာနကဖေဖော်ဝါရီ ၁၉ရက် ညပိုင်း၌ ဖော်ပြသည်။ ludunwayooဖေဖော်ဝါရီ 20, 2025
သတင်း ဆွေးနွေးမှုအဆင်မပြေကြောင်းထုတ်ပြန်ပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီက TNLAထိန်းချုပ်ရာ နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက် ဆွေးနွေးမှုအဆင်မပြေဖြစ်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)ကထုတ်ပြန်အပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၁၉ရက်) ည၈နာရီကျော်တွင် နောင်ချိုမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ludunwayooဖေဖော်ဝါရီ 19, 2025
သတင်း မိုးမောက်မြို့နယ်၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ကလေးငယ်သုံးဦးအပါအဝင် မိသားစုဝင် ခုနစ်ဦး သေဆုံး ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အား စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်များအပါအဝင် မိသားစုဝင် ခုနစ်ဦး သေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ludunwayooဖေဖော်ဝါရီ 19, 2025
သတင်း စဥ့်ကူး လက်ပန်လှရွာကိုစစ်တပ် ဗုံးကြဲလို့ ပြည်သူတဦးသေ၊ တဦးဒဏ်ရာရ မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတဦးသေ ဆုံးပြီး ၊အမျိုးသားတဦးဒဏ်ရာရရှိခဲ့ပါတယ်။ ludunwayooဖေဖော်ဝါရီ 19, 2025
သတင်း ကနီမြို့ကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံတိုက်ခိုက် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ယနေ့(ဖေဖော်ဝါရီ ၁၈ရက်) နေ့လည်ပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ရော၊ စက်တပ်လေထီးဖြင့်ပါ လေကြောင်းမှတိုက်ခိုက်သွားသည်။ ludunwayooဖေဖော်ဝါရီ 18, 2025
သတင်း တရုတ်ဆွေးနွေပွဲမတိုင်ခင် စစ်ကောင်စီက နောင်ချို မြို့နယ်ကို လေကြောင်းနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက် တရုတ်နိုင်ငံ ကူမင်းမြို့၌ စစ်ကောင်စီနှင့် တအာင်းတပ်မတော်(TNLA)တို့ တွေ့ဆုံဆွေးနွေးရန်စီစဉ်နေချိန်တွင် စစ်ကောင်စီက TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်ကို လေကြောင်းနှင့် လက်နက်ကြီး အသုံးပြုပြီး ဗုံးအလုံးရေ ၁၇၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ludunwayooဖေဖော်ဝါရီ 15, 2025
သတင်း ကလေးမြို့နယ်ရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ နတ်ချောင်း တိုက်နယ်ဆေးရုံကို စစ်ကောင်စီက ယနေ့ (ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၁၀နာရီမိနစ် ၂၀ အချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ludunwayooဖေဖော်ဝါရီ 14, 2025