Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက အပစ်ရပ်ကြောင်းကြေညာပြီးနောက်နေ့တွင် ၀ိုင်းမော်မြို့ကို ထိုးစစ်ဆင်

အာဏာသိမ်းစစ်ကောင်စီက ဧပြီ ၂ရက်ညပိုင်းက ယာယီအပစ်ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်ပြီး နောက်နေ့မနက်အစောပိုင်းတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

■အင်းတော်ကြီးဒေသလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

■ဆားလင်းကြီးတွင်လည်း စစ်တပ်က စစ်​ကြောင်းထိုး၍ ဧပြီ ၃ ရက်နံနက်အထိ တိုက်ပွဲဖြစ်ပွား​နေ

ဧပြီ၃၊ ၂၀၂၅။ဟန်နွေ၊ခွာညို/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ဧပြီ ၂ရက်ညပိုင်းက ယာယီအပစ်ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်ပြီး နောက်နေ့မနက်အစောပိုင်းတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာထောက်ထားနားလည်ခြင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဧပြီ ၂ ရက်မှ ၂၂ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် စစ်ကောင်စီက ကြေညာခဲ့သော်လည်း ယနေ့(ဧပြီ၃ရက်) နံနက်အစောတွင် လေကြောင်းတိုက်ခိုက်မှုနှင့် ထိုးစစ်ဆင်မှု လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

” သူက ပါးစပ်ပဲ အပစ်ရပ်တားကိုး ဘယ်တက်နိုင်မလဲ။ လေယာဉ် တောက်လျှောက်တက်တယ်။ Y12နဲ့ အင်းတော်ကြီး ဘေးပတ်ဝန်းကျင်နားမှာ သူတို့ မသင်္ကာတဲ့နေရာ ပြောမယ်ဆိုရင် PDFတွေရှိတယ်လို့ မသင်္ကာတဲ့နေရာပေါ့။ သူတို့ပြောတာ အခါပေါင်း ၄၅ ခါလို့ ပြောတယ်။ ၀ိုင်းမော်ဘက်မှာလည်း သေနတ်သံတွေကြားတယ်။ မြစ်ကြီးနားက သူငယ်ချင်းကို မေးတဲ့အချိန်မှာ ဝိုင်းမော်ဘက်မှာလည်း ပစ်နေတယ်လို့ သတင်းရတယ်။ ဝိုင်းမော်ဘက်မှာတော့ နေ့တိုင်းလိုလို သူတို့က ပစ်နေတာ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

၀ိုင်းမော်မြို့နယ် ဝါးရှောင်ဒေသ၌ ပစ်ခတ်သံများဆက်တိုက်ရှိနေသည်ဟု ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီကို ယုံ၍မရကြောင်း တော်လှန်ရေးတပ်ဖွဲ့များဘက်က အပစ်ရပ်စဲမှုကို အခွင့်အရေးယူပြီး ပိုမိုတိုက်ခိုက်လာနိုင်ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

အခြား သတင်းရင်းမြစ်တစ်ဦးကလည်း ” Y12နဲ့ ဗုံးကြဲတာဂဟု အင်းတော်ကြီးဒေသသို့ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု အခြေအနေကို ပြောပြသည်။

ဆက်လက်၍ ၎င်းက “ဝိုင်းမော်ဘက် စကစ တပ်တွေ ထိုးစစ်လုပ်နေတယ်။ ဒီမနက်၊ အခု ဝိုင်းမော်မှာ ပွဲကြမ်းနေတယ်။ စခတွေလှုပ်ရှားလာလို့”ဟု သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင်လည်း ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီများသယ်ယူနိုင်ရေးအတွက် စစ်ကောင်စီတပ်က ဧပြီ ၂ရက်ကစ၍ စစ်ကြောင်းထိုးလာပြီး ဧပြီ ၃ရက် နံနက်အထိ တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

” စစ်ကောင်စီက မနေ့ညက အပစ်ရပ်ကြေညာတယ် ကြားတယ်။ ဒါပေမယ့် ကျမတို့ဘက်မှာ ညတွင်းချင်းပဲ စစ်ကြောင်းထိုးလာတာ။ အပစ်ရပ်ကြေညာတာ တကယ်မဟုတ်ဘူးလား”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဧပြီ ၂ ရက်ညမှ ယနေ့(ဧပြီ ၃ ရက်)နံနက်အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီက လေကြောင်းပျံသန်းမှုရှိနေ၍ ဒေသခံများ ဗုံးခိုကျင်းများအတွင်း ပုန်းခိုနေကြရ​ကြောင်း ​​ဒေသခံများက​ ပြောသည်။

စစ်ကောင်စီက အပစ်ရပ်စဲရေးကြေညာပြီးနောက် နာရီပိုင်းအကြာတွင် KIO/KIAကလည်း ဧပြီ ၂ရက်မှ ၂၂ရက်အထိ ခုခံကာကွယ်ခြင်းမှ အပ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။

သို့ရာတွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည့် အကြောင်းအရာကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များသာမက စစ်ကောင်စီကလည်း လိုက်နာရန်လိုအပ်ကြောင်း သတိပေးခဲ့သည်။

စစ်ကောင်စီ၏ ကြေညာချက်တွင် ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲများနှင့် အခြားလက်နက်ကိုင်အဖွဲများအနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက် ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံ ရေးတပ်ဖွဲဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင် ဆင်စုဖွဲခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုရန် ဖော်ပြထားသည်။ ထိုဖော်ပြချက်ကို စစ်ကောင်စီကိုယ်တိုင်လိုက်နာရန်လိုအပ်ကြောင်းကို KIO/KIAက ပြန်လည် သတိပေးထားခြင်းဖြစ်သည်။

လတ်တလော စစ်ရေးအခြေအနေများကို မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

Facebook