Connect with us

Hi, what are you looking for?

သတင်း

အပစ်ရပ်​ကြေညာပြီးစစ်တပ် စစ်​ကြောင်းထွက်လာ၍ အင်းတော်မြို့သိမ်းတိုက်ပွဲ တကျော့ပြန် ပြင်းထန်နေ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယာယီအပစ်ရပ်ကြေညာချက်ကြောင့် ထိုးစစ်ရပ်ထားသည့် အင်းတော်မြို့တွင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းထွက်လာပြီး လေကြောင်းမှပါပစ်ခတ်လာ၍ တိုက်ပွဲပြင်းထန်နေသည်။

အင်း​​တော်မြို့သိမ်းတိုက်ပွဲမှ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များကို ၂၀၂၄ နှစ်ကုန်ပိုင်းက​တွေ့ရစဥ်။ ဓါတ်ပုံ-ကချင်​တောင်တန်း

စိုင်းနန်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယာယီအပစ်ရပ်ကြေညာချက်ကြောင့် ထိုးစစ်ရပ်ထားသည့် အင်းတော်မြို့တွင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းထွက်လာပြီး လေကြောင်းမှပါပစ်ခတ်လာ၍ တိုက်ပွဲပြင်းထန်နေသည်။

“ပိတ်ထားတဲ့နေရာကလှုပ်လာတယ်။ ကသာဘက်ကလည်း တက်လာ ဖို့ လုပ်နေတာရှိတယ်။ တိုက်ပွဲကတော်တော်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးအရမ်းကြဲနေပါတယ်”ဟု ဧပြီ ၇ရက် မနက် အခြေအနေကို စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီသည် ဧပြီလ ၂ရက်မှစ၍ ဧပြီလ ၂၂ရက်အထိ အပစ်ရပ်ကြောင်း ကြေညာခဲ့​သော်လည်း မြေပြင်စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။ NUG က လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေးလုပ်ငန်းများအတွက် ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ်သောခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး မတ် ၃၀ ရက် မှ ဧပြီ ၁၂ ရက်ထိရပ်ဆိုင်းထားမည်ဟု မတ်လ ၂၉ ရက်တွင်ထုတ်ပြန်ခဲ့သည်။သို့သော် စစ်ကောင်စီက ဆက်လက်တိုက်ခိုက်နေ၍ ဒေသအများစုတွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်။

Public Service Announcement

Public Service Announcement

အင်းတော်တိုက်ပွဲသည် စစ်ကောင်စီက အပစ်ရပ်​ကြေညာချက်ကိုဟန်ပြထုတ်ပြီးတိုက်ပွဲဖော်‌
ဆောင်ခြင်းဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

PDF၊ ABSDF၊ KIA၊ ပကဖ နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စ၍ အင်းတော်မြို့သိမ်းတိုက်ပွဲတိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီစခန်းအများအပြားကို သိမ်းယူထားပြီးစစ်ကောင်စီကဂျပန်လှိုင်ဂူကုန်းနှင့်ဘုရားကုန်း၌ တပ်စွဲခုခံခဲ့သည်။

မတ်လ ၃၀ရက်​နေ့မှစ၍ ပူးပေါင်းတပ်များကအပစ်ရပ်ခဲ့သော်လည်း စစ်ကောင်စီက တိုက်ခိုက်လာ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းဖြစ်သည်။ ဧပြီ ၇ ရက်နံနက်ပိုင်း၌တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီကဂျက်ဖိုက်တာဖြင့်လေကြောင်းမှနှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook