Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ဒေသခံ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အရပ်သားများရှိရာ ကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးဖြင့် တိုက်ခိုက်ခဲ့ရာ ဒေသခံ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဧပြီ ၆၊၂၀၂၅။ခွာညို/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အရပ်သားများရှိရာ ကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးဖြင့် တိုက်ခိုက်ခဲ့ရာ ဒေသခံ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဘုတလင်မြို့နယ်၊ ကုက္ကိုစုရွာနှင့် အုတ်ကျင်းကျေးရွာကို ယနေ့(ဧပြီ ၆ရက်)ညနေ ၄နာရီ ၅၀မိနစ်ခန့်တွင် စက်တက်လေထီးဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။

” မုံရွာနမခကနေ တက်လာတာ။ ဒေသခံတွေကသူ့ရွာမှာသူနေတာ။ စက်တပ်လေထီးပျံတော့ ကြောက်ကြတာပေါ့။ ရွာကိုတော့ မပစ်ဘူးထင်တာကနေ ပစ်ချသွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် အုတ်ကျင်းရွာမှဦးအောင်ဇော်မင်း ဆိုသူ သေဆုံးကာ နောက်ထပ်နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ထို့အပြင် အိမ်မွေးတရိစ္ဆာန်တချို့သေဆုံးခဲ့သည်ဟုလည်း ဆိုသည်။

စစ်ကောင်စီသည် ဘုတလင်မြို့နယ်နှင့် ဆက်စပ်နေသော ကနီမြို့နယ်ကိုလည်း ယခုရက်ပိုင်း စက်တပ်လေထီးဖြင့် မကြာခဏတိုက်ခိုက်နေသည်။

စစ်ကောင်စီက ငလျင်ဘေးကယ်ဆယ်ရေးအတွက်ဟုဆိုကာ ဧပြီ ၂ရက်မှ ၂၂ရက်အထိ ယာယီအပစ်ရပ်ကြောင်း ကြေညာထားသော်လည်း လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။