Connect with us

Hi, what are you looking for?

သတင်း

ယာယီအပစ်ရပ်မည်ဟုကြေညာထားသည့် စစ်ကောင်စီက တနင်္သာရီမြို့နယ်နှင့် စဉ့်ကူးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ယာယီအပစ်ရပ်မည်ဟုကြေညာထားသည့် စစ်ကောင်စီက တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာနှင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ် မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ် သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - MOD

ဧပြီ ၄၊၂၀၂၅။ ကျော်ဇော/People’s Spring

ယာယီအပစ်ရပ်မည်ဟုကြေညာထားသည့် စစ်ကောင်စီက တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာနှင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဧပြီ ၄ ရက်)နံနက် ၁၁နာရီခန့်က သိန်းခွန်ကျေးရွာအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သည့်အပြင် လေယာဥ်ပေါ်မှ စက်သေနတ်ဖြင့် အချက်ပေါင်း ၃၀ကျော် ပစ်ခတ်ခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်များက ပြောသည်။

“တစ်ကြိမ်တော့ ကြဲတယ်။ တစ်ကြိမ်က ဝဲသွားတာ။ လေယဉ်ကပစ်တဲ့ ဗုံးသီးနှစ်လုံးသုံးလုံပဲ။ သေနတ်ကတော့ အချက် ၃၀လောက် တရစပ်ပစ်သွားတာ”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်ခံရသည့် သိန်းခွန်ရွာသည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးပြုလုပ်ရာ ထုံခါ-မောတောင်လမ်းပိုင်းတွင်တည်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းမှစတင်ကာ စစ်ကောင်စီတပ်များ ကျေးရွာအတွင်းလာရောက်တပ်စွဲရာမှ ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့် ကျေးရွာတစ်ရွာလည်း ဖြစ်သည်။

ထို့ကြောင့် ဒေသခံပြည်သူအများစုမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသော ဒေသခံပြည်သူ ၁၈ဦးသာ စစ်ကောင်စီတပ်များနှင့်အတူ ကျေးရွာအတွင်း ဆက်ရှိနေကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဓားစာခံဖမ်းဆီးခံထားရသည့် ပြည်သူများအား ပြန်လည်ကယ်ထုတ်နိုင်ရေးနှင့် စစ်ကောင်စီတပ်များထွက်ခွာသွားရေးအတွက် တော်လှန်ရေးပူးပေါင်းတိုက်များက ပြောက်ကျားစနစ်ဖြင့် စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်နေသည်မှာ မတ်လ ၂၈ ရက်က ငလျင်ကြီး မလှုပ်ခတ်မီအထိ ရက်အတန်ကြာပြီဖြစ်သည်။

လတ်တလောတွင် သိန်းခွန်ရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု အထိုင်ချတပ်စွဲထားရာ လေကြောင်းတိုက်ခိုက်မှုအတွင် နေအိမ်ထိခိုက်ပျက်စီးမှုနှင့် ပြည်သူထိခိုက်မှုရှိ၊ မရှိ မသိရသေးပေ။

ထို့အပြင် စစ်ကောင်စီတပ်သည် မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်သို့ တံတားဦးလေတပ်စခန်းဌာနချုပ်မှ တက်လာသော Yak-130 လေယာဥ်ဖြင့် ဗုံးသီးတစ်လုံး ကြဲချတိုက်ခိုက်ရာ ပြည်သူ နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဧပြီ ၄ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

အပစ်ရပ်သည်ဟူသော စစ်ကောင်စီ၏ ကြေညာချက်သည် လီဆယ်လှည့်ဖြားမှုသာဖြစ်ပြီး စဉ့်ကူးမြို့ပေါ်သို့ လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့ပြင် ယမန်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို စက်တပ်လေထီး အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟုမ္မလင်းမြို့နယ်ကိုလည်း ဘက်စုံသုံး ရဟတ်ယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။