Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတပ်များထိုးစစ်ရပ်ထားသည့် အင်းတော်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ရပ်ထားသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို ယနေ့(ဧပြီ ၁ရက်) နေ့လည်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အင်းတော်မြို့ရှိ အင်းတော်ဟိုတယ် စစ်ပွဲကြောင့် ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၊၂၀၂၅။ခွာညို/People’s Spring

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ရပ်ထားသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို ယနေ့(ဧပြီ ၁ရက်) နေ့လည်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

မိတ္ထီလာလေတပ်မှလာသည့် ဂျက်ဖိုက်တာ ၂စီးဖြင့် နေ့လဉ် ၁၂နာရီ ၃၃မိနစ်မှ ၁၂ နာရီ ၄၅မိနစ်အတွင်း လေကြောင်းတိုက်ခိုက်ခြင်းဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

” ကာကွယ်ရေးတပ်တွေဘက်က တိုက်ခိုက်မှုမရှိပါဘူး။ လေကြောင်းကနေ ရုတ်တရက်လာပစ်သွားတာပါ။ ပစ်သွားတဲ့နေရာတွေရဲ့အပျက်အစီးကို ကျနော်တို့စုံစမ်းနေဆဲပါ”ဟု အင်းတော်မြို့နယ်မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ငလျင်ဘေးကြောင့် ပြည်သူများ သေဆုံးဝမ်းနည်း၍ဆိုကာ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဧပြီ ၆ရက်အထိ ၇ရက်ကြာ သတ်မှတ်ကြေညာထားသော်လည်း အရပ်သား ပြည်သူလူထု သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့သည့် လေကြောင်း တိုက်ခိုက်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိသည်။

အင်းတော်မြို့သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်မျဉ်းအနီး၊ ရွှေဘို – မြစ်ကြီးနား လမ်းပေါ်တွင်တည်ရှိပြီး ကချင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် အဓိက ဝင်ပေါက်မြို့ဖြစ်သည်။

လက်ရှိတွင် အင်းတော်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန်တပ်စွဲရာနေရာဖြစ်သော မြို့တွင်းရှိ ဂျပန်လှိုင်ဂူကုန်းကို တော်လှန်ရေးတပ်များက အပြင်းအထန်ထိုးစစ်ဆင်နေသည်။ စစ်ကောင်စီတပ်ကလည်း အဆိုပါနေရာမှ အပြင်းအထန် ခုခံနေသည်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ​၊ စစ်ကိုင်းတိုင်း ပကဖများ ၊ကျောင်းသားတပ် ABSDF အပါအဝင် ​တော်လှန်​​ရေးတပ်ဖွဲ့များ ပူး​ပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။​​

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook