Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထား‌သော မိုးကုတ်မြို့အား စစ်ကောင်စီက ယနေ့(ဧပြီ ၅ရက်) နေ့လယ် ၂နာရီ ၁၀မိနစ်ခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၅၊၂၀၂၅။စိုင်းနန်/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထား‌သော မိုးကုတ်မြို့အား စစ်ကောင်စီက ယနေ့(ဧပြီ ၅ရက်) နေ့လယ် ၂နာရီ ၁၀မိနစ်ခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

မိုးကုတ်မြို့အနောက်ပိုင်း ပင့်ကူတောင်ပတ်ဝန်းကျင်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဟု မိုးကုတ်မြို့ဒေသခံတစ်ဦးက ပြောသည်။

“ဂျက်ဖိုက်တာနဲ့ ကြဲတယ်။ အခု Y12လည်း နိမ့်နိမ့်လေး ပျံသွားတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအ‌နေအကို မသိရသေးပေ။

မိုးကုတ်မြို့ကို TNLA၊ PDFနှင့် မိုးကုတ်ဗျူဟာက ပြီးခဲ့သည့် ၂၀၂၄ ဇူလိုင် ၂၄ရက်တွင် သိမ်းယူခဲ့ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် TNLAတို့က မြို့နယ်အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေသည်။

မိုးကုတ်မြို့ကို ဇန်နဝါရီ ၈ရက်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု နောက်ဆုံးပြုလုပ်ခဲ့ပြီး ယခုအခါ နှစ်လကျော်အကြာတွင် လေကြောင်းပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်။

ယခုသတင်းရေးသားချိန် ည‌နေ ၃နာရီခန့်အထိ မိုးကုတ်မြို့ဝန်းကျင်တွင် Y12လေယာဉ်တစ်စီး ထပ်မံပျံသန်းနေ၍ ဒေသခံများ စိုးရိမ်ကြောက်လန့်နေကြသည်။

ငလျင်ဘေးကယ်ဆယ်ရေးအတွက်ဟုဆိုကာ ဧပြီ ၂ရက်မှ ၂၂ ရက်အထိ ယာယီအပစ်ရပ်မည်ဟု စစ်ကောင်စီက ဧပြီလ ၂ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများများနှင့် မြေပြင်ထိုးစစ်ကိုမူ ဆက်လက်ပြုလုပ်ခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီ၏ အပစ်ရပ်ကြေညာချက်မှာ လီဆယ်လှည့်ဖြားမှုသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook