Hi, what are you looking for?
လက်ရှိစစ်မှုထမ်းတပ်သားသစ်တွေ ထွက်ပြေးပြီး တော်လှန်ရေးအဖွဲ့တွေဆီ အလင်းဝင်ပူးပေါင်းတာတွေ အဖြစ်များနေပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်မှာဆိုရင် အဓမ္မစစ်မှုထမ်းခံရတဲ့တပ်သားသစ်တွေအများအပြား အလင်းဝင်လာတယ်လို့ ဓနုလွတ်မြောက်ရေးတပ်တော်(DPLA)ကထုတ်ပြန်ထားတယ်။
အိမ်နီးနားချင်းနိုင်ငံများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မစစ်သား စုဆောင်းမှုကြောင့် ထွက်ပြေး တိမ်းရှောင်လာသော လူငယ်များကို လူသားချင်းစာနာသော မူဝါဒအားအခြေခံ၍ စောင့်ရှောက်မှုများ လုပ်ဆောင်ပေးပါရန် အထူးတလည် တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဧပြီ ၂၈ရက်တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုသည်။