ရဲခေါင်/People’s Spring
စစ်ကောင်စီတပ်အတွင်း အဓမ္မစစ်မှုထမ်းရသူများမှာ တစ်လအတွင်းရာနှင့်ချီ၍ ကရင်နီပူးပေါင်းတပ်များထံအလင်းဝင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။
ဖိအားပေး၍ စစ်ထဲဝင်ခဲ့ရသော စစ်သား သုံးဦးမှာကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ထံ ထပ်မံခိုလှုံ လာကြောင်း KNDF ဗျူဟာ ၂ က ယနေ့ (ဇန်နဝါရီ ၂၄ ရက်)တွင် ထုတ်ပြန်သည်။
ခိုလှုံလာသူသုံးဦးသည် စစ်ကောင်စီ၏ အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းဖြင့် ကရင်နီဒေသသို့ ရောက်ရှိလာပြီးရှေ့တန်း တနေရာမှ ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်သည်။၎င်းတို့ထွက်ဆိုချက်အရ ၂၀၂၄ ခုနှစ် နဧပြီလတွင် စစ်ကောင်

Public Service Announcement
စီ၏ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခြင်းကိုခံခဲ့ရပြီး ပုသိမ်မြို့တွင် အခြေခံစစ်သင်တန်း ရက်သတ္တပတ် (၁၁)ပတ်ခန့် တက်ရောက်ခဲ့ရသည်။
ထိုနောက် ကရင်နီဒေသ၊ ရှေ့တန်းတနေရာသို့ ပို့ဆောင်ခြင်းခံခဲ့ရကြောင်းသိရသည်။ ဘောလခဲ မြို့အခြေစိုက် အမှတ်( ၄၃၀) ခြေမြန်တပ်ရင်း(ခမရ ၄၃၀)သို့ရောက်ရှိပြီး ဇန်နဝါရီလ ၁၆ ရက်နေ့ကကရင်နီပူးပေါင်းတပ်နှင့်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာခဲ့ကြောင်း အသိပေးသည်။
“စစ်ကောင်စီဘက်က အတင်းအဓမ္မစစ်မှုမထမ်းမနေရ ဥပဒေ ပြဌာန်းပြီးတဲ့နောက်မှာ အတင်းအဓမ္မစစ်မှု ထမ်းစုဆောင်းတာတွေရှိတယ်။အခုဆိုရင် စစ်သင် တန်းတွေပေးတဲ့အပတ်စဥ် ၅ ခု ၆ ခုလောက်ထိပြီးနေပြီ။အဲဒီထဲက အမှန်တကယ်စစ်မှုမထမ်းချင်တဲ့သူတွေရှိတယ်။စစ်ကောင်စီအောက်မှာအမှန်တကယ် စစ်မှုမထမ်းချင်တဲ့သူ၊အတင်းအဓမ္မဖမ်းခံရတဲ့သူတွေက တော်လှန်ရေးတပ်ဖွဲ့တွေကို ချိတ်ဆက်လာတဲ့သူတနေ့တ ခြားများ ပြားလာတယ်။ကရင်နီပြည်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးဆီပြေးလာတဲ့ အယောက်ရာနဲ့ချီရှိနေပါပြီ”ဟု KNDF တာဝန်ရှိသူက ပြောသည်။
အလင်းဝင်လာသော စစ်သားသစ်များ၏ အချက်အလက် အသေးစိတ်ကိုမူ ၎င်းတို့ လုံခြုံရေးနှင့် နောက်ဆက်တွဲ ဖြစ်စဥ်များအတွက် အသိမပေးလိုသေးကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
စစ်တပ်၏ အဓမ္မတပ်သားသစ်စုဆောင်းခံရသူများသည် ရှေ့တန်းရောက်ချိန်တွင် နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့်ချိတ်ဆက်ကာ အလင်း ဝင်လာသည့် ဖြစ်စဥ် နိုင်ငံတစ်ဝန်းအများအ ပြားရှိလာနေသည်။
ပြည်သူ့ရင် ခွင်ခိုလှုံရေး အစီအစဥ်မှတဆင့် ၂၀၂၄ ခုနှစ်ကုန်အထိ စစ်ကောင်စီ၏ တပ်သား ၃,၈၇၂ ဦး နှင့်ရဲ ၁၀,၈၈၈ ဦးမှာ ပြည်သူနှင့်အတူ ပူးပေါင်းထားကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားသည်။
