Connect with us

Hi, what are you looking for?

သတင်း

အဓမ္မစစ်သားစု​ဆောင်းခံရ​သော စစ်သားသစ်များ ကရင်နီပြည်တွင် ရာနှင့်ချီ၍ အလင်းဝင်

စစ်ကောင်စီတပ်အတွင်း အဓမ္မစစ်မှုထမ်းရသူများမှာ တစ်လအတွင်းရာနှင့်ချီ၍ ကရင်နီပူး​ပေါင်းတပ်များထံအလင်းဝင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

KNDF ဗျူဟာ ၂ ထံအလင်းဝင်လာ​သော စစ်သားသစ် သုံးဦး ကရင်နီပြည်တ​နေရာတွင် မီးလှုံ​နေစဥ်။ဓါတ်ပုံ-KNDF

ရဲခေါင်/People’s Spring

စစ်ကောင်စီတပ်အတွင်း အဓမ္မစစ်မှုထမ်းရသူများမှာ တစ်လအတွင်းရာနှင့်ချီ၍ ကရင်နီပူး​ပေါင်းတပ်များထံအလင်းဝင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ဖိအား​ပေး၍ စစ်ထဲဝင်ခဲ့ရ​သော စစ်သား သုံးဦးမှာကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ထံ ထပ်မံခိုလှုံ လာကြောင်း KNDF ဗျူဟာ ၂ က ယနေ့ (ဇန်နဝါရီ ၂၄ ရက်)တွင် ထုတ်ပြန်သည်။

ခိုလှုံလာသူသုံးဦးသည် စစ်ကောင်စီ၏ အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းဖြင့် ကရင်နီဒေသသို့ ရောက်ရှိလာပြီးရှေ့တန်း တနေရာမှ ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်သည်။၎င်းတို့ထွက်ဆိုချက်အရ ၂၀၂၄ ခုနှစ် နဧပြီလတွင် စစ်ကောင်

Public Service Announcement

Public Service Announcement

စီ၏ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခြင်းကိုခံခဲ့ရပြီး ပုသိမ်မြို့တွင် အခြေခံစစ်သင်တန်း ရက်သတ္တပတ် (၁၁)ပတ်ခန့် တက်ရောက်ခဲ့ရသည်။

ထို​နောက် ကရင်နီဒေသ၊ ရှေ့တန်းတနေရာသို့ ပို့ဆောင်ခြင်းခံခဲ့ရကြောင်းသိရသည်။ ဘောလခဲ မြို့အခြေစိုက် အမှတ်( ၄၃၀) ခြေမြန်တပ်ရင်း(ခမရ ၄၃၀)သို့ရောက်ရှိပြီး ဇန်နဝါရီလ ၁၆ ရက်​နေ့ကကရင်နီပူးပေါင်းတပ်နှင့်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာခဲ့ကြောင်း အသိပေးသည်။

“စစ်ကောင်စီဘက်က အတင်းအဓမ္မစစ်မှုမထမ်းမနေရ ဥပဒေ ပြဌာန်းပြီးတဲ့နောက်မှာ အတင်းအဓမ္မစစ်မှု ထမ်းစုဆောင်းတာတွေရှိတယ်။အခုဆိုရင် စစ်သင် တန်းတွေပေးတဲ့အပတ်စဥ် ၅ ခု ၆ ခုလောက်ထိပြီးနေပြီ။အဲဒီထဲက အမှန်တကယ်စစ်မှုမထမ်းချင်တဲ့သူတွေရှိတယ်။စစ်ကောင်စီအောက်မှာအမှန်တကယ် စစ်မှုမထမ်းချင်တဲ့သူ၊အတင်းအဓမ္မဖမ်းခံရတဲ့သူတွေက တော်လှန်ရေးတပ်ဖွဲ့တွေကို ချိတ်ဆက်လာတဲ့သူတနေ့တ ခြားများ ပြားလာတယ်။ကရင်နီပြည်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးဆီပြေးလာတဲ့ အယောက်ရာနဲ့ချီရှိနေပါပြီ”ဟု KNDF တာဝန်ရှိသူက ပြောသည်။

အလင်းဝင်လာ​သော စစ်သားသစ်များ၏ အချက်အလက် အသေးစိတ်ကိုမူ ၎င်းတို့ လုံခြုံရေးနှင့် နောက်ဆက်တွဲ ဖြစ်စဥ်များအတွက် အသိမပေးလို​သေးကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

စစ်တပ်၏ အဓမ္မတပ်သားသစ်စုဆောင်းခံရသူများသည် ရှေ့တန်းရောက်ချိန်တွင် နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့်ချိတ်ဆက်ကာ အလင်း ဝင်လာသည့် ဖြစ်စဥ် နိုင်ငံတစ်ဝန်းအများအ ပြားရှိလာနေသည်။

ပြည်သူ့ရင် ခွင်ခိုလှုံရေး အစီအစဥ်မှတဆင့် ၂၀၂၄ ခုနှစ်ကုန်အထိ စစ်ကောင်စီ၏ တပ်သား ၃,၈၇၂ ဦး နှင့်ရဲ ၁၀,၈၈၈ ဦးမှာ ပြည်သူနှင့်အတူ ပူးပေါင်းထားကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် SNA က တပ်သားသုံးဦး အလင်းဝင်ပူးပေါင်းလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။