Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယား ခေါင်းဆောင်တွေကို ICCမှာ တရားစွဲမယ့် စိတ်ကူးကို ထိုင်းယာယီဝန်ကြီးချုပ် ကြိုဆို

နယ်စပ် ပဋိပက္ခကို အကြောင်းပြုပြီး ကမ္ဘောဒီးယား ခေါင်းဆောင်တွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆိုမယ့် အစီအစဉ်ကို ထိုင်းယာယီ ဝန်ကြီးချုပ်က ထောက်ခံသွားခဲ့ပါတယ်။

AFP

နယ်စပ် ပဋိပက္ခကို အကြောင်းပြုပြီး ကမ္ဘောဒီးယား ခေါင်းဆောင်တွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆိုမယ့် အစီအစဉ်ကို ထိုင်းယာယီ ဝန်ကြီးချုပ်က ထောက်ခံသွားခဲ့ပါတယ်။

နယ်စပ် စစ်ရေး ပဋိပက္ခအတွင်း ထိုင်းပြည်သူတွေ သေကြေ ပျက်စီးခဲ့ရတာနဲ့ ပတ်သက်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်း၊ သူ့ရဲ့ သားဖြစ်သူ လက်ရှိ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်တို့ကို တရားစွဲဆိုဖို့ ထိုင်းရဲ့ တရားရေး ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေက စုပေါင်း လုပ်ဆောင်သွားမယ်လို့ ထိုင်းယာယီ ဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်က ဩဂုတ် ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

သူက တော်ဝင်ထိုင်း ရဲတပ်ဖွဲ့နဲ့ အမှတ် ၃ စစ်ဒေသ တိုင်းမှူးတို့ ဦးဆောင်ပြီး လိုအပ်တဲ့ အချက်အလက်တွေကို စုဆောင်းယူမှာ ဖြစ်ကြောင်း၊ အဲဒီ အထောက်အထားတွေကို ရှေ့နေချုပ်ရုံးနဲ့ တရားရေးဆိုင်ရာ အစိုးရ အေဂျင်စီတွေဆီ လွှဲပြောင်းပေးပြီး ICCမှာ တရားစွဲဆိုနိုင်မယ့် စွဲချက်တွေကို တည်ဆောက်သွားမှာဖြစ်ကြောင်း ဖုန်သမ်က ဆိုပါတယ်။

သူက ဇူလိုင်လမှာ ဖြစ်ပွားခဲ့တဲ့ ၅ ရက်ကြာ စစ်ရေး ပဋိပက္ခအတွင်း ထိုင်းနိုင်ငံသားတွေ ထိခိုက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အတွက် ကမ္ဘောဒီးယား အစိုးရ ထိပ်ပိုင်း ပုဂ္ဂိုလ်တွေကို တရားစွဲမယ့် စိတ်ကူးကို သဘောတူ ထောက်ခံတယ်လို့လည်း ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူက လက်ရှိ ကမ္ဘောဒီးယား လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဟွန်ဆန်းနဲ့ သူ့သား ဟွန်မာနတ်တို့ကို ရာဇဝတ်ကြောင်း အပါအဝင် တရားစွဲဆိုမှုတွေ လုပ်ဖို့ သင့်မသင့် ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီဝင်တွေနဲ့လည်း ဆွေးနွေးခဲ့ပြီးပြီလို့ ပြောကြားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဩဂုတ် ၁၈ ရက်နေ့ အစည်းအဝေးရဲ့ နောက်ဆုံး အဆုံးအဖြတ်အဖြစ် ကောင်စီက တရားစွဲမယ့်ကိစ္စ ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖုန်သမ်က အတည်ပြုခဲ့ပါတယ်။

စွဲချက်တွေနဲ့ ပတ်သက်လို့တော့ ရှေ့နေချုပ်ရုံးနဲ့ ကောင်စီအပြင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ထိုင်းစစ်တပ်တို့ကပါ ပူးပေါင်းညှိနှိုင်း အဖြေရှာသွားမယ်လို့ ဖုန်သမ်က ဆိုပါတယ်။

သတင်းထောက်တွေက ထိုင်းအစိုးရကသာ ဟွန်ဆန်းနဲ့ ဟွန်မာနတ်ကို စွဲချက်တင်ရင် ICCက လက်ခံနိုင်ပါ့မလားလို့ မေးမြန်းတဲ့အခါ သူက တိုက်ရိုက် မဖြေဘဲ အဆိုပြုထားတဲ့ စွဲချက်တွေကို သူ့ဆီ တရားဝင် တင်ပြတာကို စောင့်ကြည့်ဖို့ လိုကြောင်း၊ အဲဒီနောက်မှာ သူ့ရဲ့ ဥပဒေ အကြံပေး အဖွဲ့တွေက သင့်မသင့် ဆုံးဖြတ်မှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာ အခြေစိုက်တဲ့ ICCဟာ လူမျိုးသုဉ်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ကို ပစ်မှတ်ထားတဲ့ ရာဇဝတ်မှုစတဲ့ အမှုအခင်း ကိစ္စတွေကို အဓိက ကိုင်တွယ်တဲ့ အပြည်ပြည်ဆိုင်ရာ ခုံရုံးလည်း ဖြစ်ပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရတဲ့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးဟာ မှတ်ဉာဏ်ချွတ်ယွင်းမှု ပြဿနာနဲ့ အကြီးအကျယ် ရုန်းကန်နေရတယ်လို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။ ICCရဲ့ စည်းမျဉ်းတွေအရ တရားစွဲဆို ခံရပြီး ခုခံလျှောက်လဲမယ့်သူဟာ သူ့အပေါ် တင်ထားတဲ့ စွဲချက်တွေကို...

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဥက္ကဋ္ဌနဲ့ အမှုစစ်အရာရှိ တစ်ဦးကို အမေရိကန်က ပိတ်ဆို့ အရေးယူမှု စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ အစိုးရရှေ့နေချုပ်ဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ကျူးလွန်ကြောင်း စွပ်စွဲချက်တွေကြောင့် ရာထူးကနေ ထုတ်ပယ် ခံလိုက်ရပြီ ဖြစ်ပါတယ်။