Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေး စာချုပ်မှုကို ထရမ့် ကြီးမှူးပေး

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားက ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမှုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြီးမှူး စောင့်ကြည့်ပေးခဲ့ပါတယ်။

ဓာတ်ပုံ - Thairath

အောက်တိုဘာ – ၂၆ ၊၂၀၂၅

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားက ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမှုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြီးမှူး စောင့်ကြည့်ပေးခဲ့ပါတယ်။

ထရမ့်ဟာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ညီလာခံ တက်ရောက်ဖို့အတွက် အောက်တိုဘာ ၂၆ ရက်နေ့မှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်ဆီ ရောက်ရှိလာခဲ့ပါတယ်။

အဲဒီနေ့မှာပဲသူဟာအာဆီယံ အဖွဲ့ဝင် နှစ်နိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကို တက်ရောက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

အခမ်းအနားမှာတော့ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဗီရာကူလ်နဲ့ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်တို့က ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး သူတို့ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာတော့ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နဲ့ ထရမ့်တို့က နေရာယူထားခဲ့တာကို တွေ့ရပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ်ရေးရာ အငြင်းပွားမှုတွေကို အကြောင်းပြုပြီး ဇူလိုင် ၂၄ ကနေ ၂၇ ရက်နေ့ထိ စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် မလေးရှားနဲ့ အမေရိကန် အစိုးရတွေရဲ့ ကြားဝင် ညှိနှိုင်းပေးမှုကြောင့် အပစ်အခတ် ရပ်စဲခဲ့ပြီး အခုတော့ ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ထိုင်းနဲ့ မလေးရှားတို့ကြားငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုပြီးတဲ့နောက်ထရမ့်ဟာ ကမ္ဘောဒီးယားနဲ့ ကုန်သွယ်ရေး စာချုပ်၊ ထိုင်းနဲ့ သတ္တုတူးဖော်ရေး ညှိနှိုင်းစာချုပ်တွေကို သီးခြားဆီ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါ့အပြင် မလေးရှားမှာ ရှိနေစဉ် အတောအတွင်း ထရမ့်ဟာ မြေရှားသတ္တုတွေ အပါအဝင် အရေးပါတဲ့ စက်မှုလုပ်ငန်းသုံး ဓာတ်သတ္တုပစ္စည်းတွေ ထုတ်လုပ်ရေးဆိုင်ရာ သဘောတူ စာချုပ်တစ်ခုကိုလည်း မလေးရှား အစိုးရနဲ့ ချုပ်ဆိုသွားမယ်လို့ အိမ်ဖြူတော်က ကြေညာထားပါတယ်။

ထရမ့်ဟာ ၅ ရက်ကြာ အာရှခရီးစဉ်အဖြစ် မလေးရှားကို ရောက်ရှိနေပြီး အဲဒီကနေတဆင့် တောင်ကိုရီးယားနဲ့ ဂျပန်တို့ကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။

သူဟာတောင်ကိုရီးယားမှာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ညီလာခံ တက်ရောက်ရင်း တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့လည်း ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ကိုးကား – Reuters ၊ AP

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ စစ်တိုက်နေတာကို ရပ်တန့်လိုက်မှာ မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ပြောကြားခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်မှာ တိုက်ခိုက်နေတာတွေကို ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ ရပ်ကြလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားနေတဲ့ နယ်စပ် တိုက်ပွဲတွေမှာ နယ်မြေတချို့ကို စစ်ရေးအရ တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း ထိုင်းစစ်တပ်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လက်က ပလာစတာဟာ လက်ဆွဲနှုတ်ဆက်ရလွန်းတဲ့ ဒဏ်ရာတွေကြောင့် ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။