Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဟောင်ကောင် အစိုးရ ခေါင်းဆောင်သစ် ဖြစ်လာတော့မယ့် ဂျွန်လီ

ဂျွန်လီဟာ ရာထူးသက်တမ်း စေ့သွားပြီဖြစ်တဲ့ ကယ်ရီလမ်ရဲ့ နေရာမှာ မေ ၈ ရက်ကစပြီး တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ သူ့ကို ခန့်အပ်ခြင်းဟာ တရုတ် အနေနဲ့ လက်အောက်ခံ ဟောင်ကောင်အပေါ် ပိုပြီး တင်းတင်းကျပ်ကျပ် အာဏာစက်သုံးပြီး အုပ်ချုပ်လာမယ့် အလားအလာတစ်ခုလို့ ယူဆနိုင်ပါတယ်။

တရုတ် အစိုးရကို အမာခံ အားပေး ထောက်ခံသူ တစ်ဦးဟာ ဟောင်ကောင် အစိုးရအဖွဲ့ ခေါင်းဆောင် ရာထူးကို ဆက်ခံတော့မှာ ဖြစ်ပါတယ်။

ဂျွန်လီဟာ ရာထူးသက်တမ်း စေ့သွားပြီဖြစ်တဲ့ ကယ်ရီလမ်ရဲ့ နေရာမှာ မေ ၈ ရက်ကစပြီး တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ သူ့ကို ခန့်အပ်ခြင်းဟာ တရုတ် အနေနဲ့ လက်အောက်ခံ ဟောင်ကောင်အပေါ် ပိုပြီး တင်းတင်းကျပ်ကျပ် အာဏာစက်သုံးပြီး အုပ်ချုပ်လာမယ့် အလားအလာတစ်ခုလို့ ယူဆနိုင်ပါတယ်။

ဟောင်ကောင်မှာ အစိုးရ အဖွဲ့ခေါင်းဆောင် ရာထူး ဆက်ခံဖို့ ရွေးကောက်ပွဲ ဝင်ရမှာ ဖြစ်ပေမယ့် ပါဝင် ယှဉ်ပြိုင်သူတိုင်းဟာ တရုတ် အစိုးရရဲ့ ရွေးချယ် အတည်ပြုချက် ရရှိဖို့ လိုပါတယ်။ လက်ရှိ အစိုးရ ခေါင်းဆောင် လမ်က သူဟာ သက်တမ်းတိုး ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ပြောကြားထားခဲ့သလို ဒီနှစ် ရွေးကောက်ပွဲအတွက် လီကလွဲလို့ တခြား ပြိုင်ဘက် မရှိခဲ့ပါဘူး။

ဟောင်ကောင်မှာ အစိုးရအဖွဲ့ ခေါင်းဆောင်သစ်ကို အဖွဲ့ဝင် ၁၅၀၀ ဝန်းကျင် ပါဝင်တဲ့ ကော်မတီ တစ်ရပ်က မဲပေး ရွေးချယ်ပါတယ်။ ကော်မတီဝင် အားလုံးလိုလိုက တရုတ် အစိုးရရဲ့ ရုပ်သေး ဩဇာခံတွေချည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လီဟာ တရုတ် အစိုးရစိတ်ကြိုက် ရွေးချယ်ခြင်း ခံရသူ တစ်ဦး ဖြစ်ပေမယ့် ဟောင်ကောင်မှာတော့ ၂၀၁၉ ခုနှစ်၊ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း သူလုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်လို့ လူကြိုက်နည်းပါတယ်။ အဲဒီတုန်းက တရုတ်နဲ့ ဟောင်ကောင်တို့ကြား တရားခံ လွှဲပြောင်းရေး သဘောတူညီမှု ဥပဒေ မူကြမ်း တစ်ရပ်ကို ဟောင်ကောင် လွှတ်တော်မှာ တင်သွင်းရာက ဒီမိုကရေစီ အင်အားစုတွေက စတင် ဆန္ဒပြခဲ့ကြပါတယ်။

ပြင်းထန်တဲ့ ကန့်ကွက်မှုတွေ ရှိနေပေမယ့် လီက တရုတ်ရဲ့ လွှမ်းမိုး စွက်ဖက်နိုင်စွမ်းကို ပိုမိုအားပေးမယ့် ဒီဥပဒေ မူကြမ်းကို ပေါ်ပေါ်ထင်ထင် ထောက်ခံခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်တုန်းက အငြင်းပွားစရာတွေ ဖြစ်စေခဲ့တဲ့ ဟောင်ကောင် အမျိုးသား လုံခြုံရေး ဥပဒေကို တရုတ် အစိုးရက ပြဋ္ဌာန်း အကောင်အထည် ဖော်ရာမှာလည်း လီက တက်တက်ကြွကြွ ပါဝင် ကူညီခဲ့ပါတယ်။

လီက အဲဒီ ဥပဒေသစ်ဟာ ဟောင်ကောင်ကို မင်းမဲ့စရိုက်ဆန်ဆန် အုတ်အောင်သောင်းနင်း အခြေအနေတွေဆီက ဆွဲထုတ်ပြီး တည်ငြိမ်အေးချမ်းမှု ရရှိစေမယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီ ဥပဒေ ဖြစ်မြောက်ရေးအတွက် ပါဝင် ကူညီခဲ့တာကြောင့်လည်း တခြား တရုတ် အလိုတော်ရိ အရာရှိ တချို့နဲ့အတူ လီဟာ အမေရိကန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှုတွေ ခံခဲ့ရပါတယ်။ YouTube ဝက်ဘ်ဆိုက်ကလည်း သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှု ဗီဒီယိုတွေ Uploadတင်ခွင့် မပြုဘဲ တားမြစ်ခဲ့ပါတယ်။

ဟောင်ကောင်ဟာ ၁၉၉၇ ခုနှစ်မှာ ဗြိတိန်ဆီက လွတ်လပ်ရေး ရလာခဲ့တဲ့နောက် နိုင်ငံတစ်ခု၊ စနစ်နှစ်ခု သဘောတူညီချက်နဲ့ တရုတ်ဆီ ပြန်လည် ပေါင်းစည်းခဲ့ပါတယ်။ အဲဒီ ကတိကဝတ်အရ ဟောင်ကောင်ဟာ တရုတ် လက်အောက်ခံအဖြစ် ရှိနေပေမယ့် ပိုပြီး လွတ်လပ်တဲ့ ဒီမိုကရေစီ စံနှုန်းတွေကို ခံစားခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အခြေအနေတွေဟာ ဟောင်ကောင် အမျိုးသား လုံခြုံရေး ဥပဒေ စတင် အသက်ဝင်လာချိန်ကစလို့ ပျက်ပြယ်ခဲ့ပြီလို့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ဝေဖန်ထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အမေရိကန် ထောက်လှမ်းရေးရဲ့ အဆိုအရ Tower 22 စခန်းကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းဟာ အီရန်လုပ် အမျိုးအစားဖြစ်ပြီး ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ ရုရှားဆီ တင်ပို့ထားတာတွေနဲ့လည်း တူညီတယ်လို့ သိရပါတယ်။

သတင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ချင်းတိုင်းရင်းသား အနွယ်ဝင် ၃၀၀၀၀ လောက်ဟာ မီဇိုရမ် ပြည်နယ်ထဲကို စစ်ရှောင်တွေအဖြစ် ဝင်ရောက် ခိုလှုံနေခဲ့ကြရပြီး ဖြစ်ပါတယ်။