Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အီရန်ပြင်ပက အီရန် စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အမေရိကန် အစိုးရ ခွင့်ပြု

အမေရိကန် ထောက်လှမ်းရေးရဲ့ အဆိုအရ Tower 22 စခန်းကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းဟာ အီရန်လုပ် အမျိုးအစားဖြစ်ပြီး ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ ရုရှားဆီ တင်ပို့ထားတာတွေနဲ့လည်း တူညီတယ်လို့ သိရပါတယ်။

အီရန်ပြင်ပက အီရန် စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အမေရိကန် အစိုးရ ခွင့်ပြု
အီရန်ပြင်ပက အီရန် စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အမေရိကန် အစိုးရ ခွင့်ပြု

အီရန်နိုင်ငံ ပြင်ပမှာ ရှိနေတဲ့ အီရန် စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အမေရိကန် အစိုးရက ခွင့်ပြု သတ်မှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဆီးရီးယားနဲ့ နယ်စပ်နားက ယီမင်ပိုင်နက်ထဲမှာ အမေရိကန် စစ်စခန်း တစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်တာ ခံရပြီး အမေရိကန် တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို တုံ့ပြန်တဲ့ အနေနဲ့ အခုလို စစ်ရေး ရည်မှန်းချက် အလှည့်အပြောင်းတွေ ဖြစ်လာခဲ့တာပါ။

မူလက အမေရိကန်ဟာ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲကို ဒေသတစ်ခုလုံး အတိုင်းအတာထိ ကျယ်ပြန့်တဲ့ ပဋိပက္ခကြီး မဖြစ်အောင် အစွမ်းကုန် ထိန်းသိမ်းမယ်လို့ ကြွေးကြော်ထားခဲ့တာပါ။ အမေရိကန် စစ်သည်တွေရဲ့ အသက်တွေ ပြုန်းတီးခဲ့ရတဲ့ နောက်မှာတော့ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရဟာ ဒေသတွင်း အင်အားကြီး ရန်ဘက်နိုင်ငံဖြစ်တဲ့ အီရန်နဲ့ ထိပ်တိုက်တွေ့ဆုံမှု ဒီဂရီကိ မဖြစ်မနေ နောက်တစ်ဆင့် မြှင့်လိုက်ရပါတယ်။

ဂျော်ဒန်မှာ Tower 22 အမေရိကန် စစ်အခြေစိုက် စခန်းကို ဖောက်ခွဲရေး ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာဟာ အီရန်က ထောက်ပံ့ပေးနေတဲ့ ဒေသခံ စစ်သွေးကြွ အဖွဲ့တွေရဲ့ လုပ်ရပ်လို့ အမေရိကန် အစိုးရက စွပ်စွဲထားပါတယ်။ အီရန်ကတော့ အဲဒီကိစ္စကို သူတို့ လုံးဝ မသိခဲ့သလို ပတ်သက် ဆက်နွှယ်မှုလည်း လုံးဝ မရှိဘူးလို့ အကျေအလည် ငြင်းဆိုထားပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ လက်တုံ့ပြန်လာနိုင်ခြေကို ကြိုတွေးပြီး အီရန်မှာ လုံခြုံရေး အစီအမံတွေ ကြိုတင် တင်းကျပ်ထားလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

အီရတ် အခြေစိုက် အစ္စလာမ်မစ် ခုခံရေး အဖွဲ့က အမေရိကန် စစ်စခန်းကို ဒရုန်းနဲ့ တိုက်ခိုက်တာဟာ သူတို့ရဲ့ လက်ချက်လို့ ကြေညာထားပါတယ်။ အဲဒီအဖွဲ့ကို အီရန်ရဲ့ ဩဇာအကြီးဆုံး လက်နက်ကိုင်တပ်ဖြစ်တဲ့ တော်လှန်ရေး အစောင့်တပ်ဖွဲ့က အဓိက ပံ့ပိုးပေးထားပါတယ်။

အမေရိကန် ထောက်လှမ်းရေးရဲ့ အဆိုအရ Tower 22 စခန်းကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းဟာ အီရန်လုပ် အမျိုးအစားဖြစ်ပြီး ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ ရုရှားဆီ တင်ပို့ထားတာတွေနဲ့လည်း တူညီတယ်လို့ သိရပါတယ်။

စစ်ရေးအရ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို ချက်ချင်း မဆုံးဖြတ်ဘဲ အချိန်ယူနေခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက်ဒ်အော်စတင်က အမေရိကန်ဟာ ကိုယ်ပိုင် ရွေးချယ်ထားတဲ့ နည်းလမ်းတွေနဲ့ ဘာတွေ တုံ့ပြန်မလဲ၊ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို အကျေအလည် စဉ်းစားခဲ့တယ်လို့ ပြောပါတယ်။

အမှန်တကယ် တာဝန်ရှိသူတွေကို စိစစ် ရွေးချယ်ပြီး တရားမျှတမှု ပြန်ရှာဖွေဖို့ ဆိုတာဟာ စိန်ခေါ်မှု ကြီးမားလွန်းတယ် ဆိုတာကို အားလုံး နားလည်ကြဖို့ မျှော်လင့်ကြောင်း၊ အမေရိကန်ရဲ့ တုံ့ပြန် ကိုင်တွယ်မှုဟာ သပွတ်အူလို ရှုပ်ထွေးတဲ့ နောက်ထပ် အကျိုးဆက်တွေဆီ ဦးတည်မသွားအောင် တချိန်လုံး အာရုံစိုက် စီမံခဲ့ကြောင်းလည်း အော်စတင်က ဆိုပါတယ်။

အမေရိကန်ဟာ အီရတ်နဲ့ ဆီးရီးယားတို့လို နိုင်ငံတွေမှာ ရှိနေတဲ့ အီရန် စစ်ရေးပစ်မှတ်တွေကိုပါ တိုက်ခိုက်ခွင့် ပြုထားလိုက်ပေမယ့် စစ်ဆင်ရေးတွေ ဘယ်အချိန်မှာ လက်တွေ့ စတင်လာမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ အမည်မဖော်ပြတဲ့ အမေရိကန် စစ်ဘက် အရာရှိ တစ်ဦးကတော့ စစ်ဆင်ရေးတိုင်းမှာ အရပ်သားတွေ မတော်တဆ ထိခိုက် သေကြေတာကို ရှောင်ရှားနိုင်ဖို့ အလေးအနက် အာရုံစိုက် စီမံနေတယ်လို့ မှတ်ချက် ပေးထားပါတယ်။

အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီ အမတ်တချို့က အီရန်မြေမှာ အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန်ဖို့ သမ္မတ ဘိုင်ဒန်ကို ဖိအားပေးနေပေမယ့် အိမ်ဖြူတော်ဖက်ကတော့ စစ်ပွဲကို ပိုကျယ်ပြန့်လာအောင် လှုံ့ဆော်ဖို့ ရည်ရွယ်ချက် လုံးဝ မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အစဉ်တစိုက် ငြင်းဆိုနေခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။