Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက္ကဆီကိုမှာ ရထားဖြတ်မောင်းတုန်း တံတားကျိုးကျပြီး ၁၅ ဦးထက်မနည်း သေဆုံး

မက္ကဆီကို နိုင်ငံမှာ ရထားတစ်စီး ဖြတ်မောင်းနေတုန်း တံတားပြိုကျလို့ လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

မေလ ၃ ရက် ညပိုင်းက မက္ကဆီကို စီးတီး မြို့တော်က ခုံးကျော်တံတားတစ်စီးပေါ် ရထားဖြတ်မောင်းရင်း တံတားရဲ့ အပိုင်းတစ်ခု ကျိုးကျခဲ့တာပါ။ တံတားအောက်က ဖြတ်မောင်းနေတဲ့ ကားတချို့လည်း အပျက်အစီးတွေ ပိမိကုန်ပါတယ်။

လက်ရှိ အချိန်ထိ အသေအပျောက် ၁၅ ဦး စာရင်းရထားပြီး ဒဏ်ရာရသူ ၇၀ လောက်ထိ စာရင်းရထားပါတယ်။ အခင်းဖြစ်တဲ့ နေရာမှာတော့ ရဲနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ အလုပ်ရှုပ်နေတာ တွေ့ရပါတယ်။ တံတား ပြိုကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

မက္ကဆီကို မြို့တော်ဝန် မာဆယ်လို အက်ဘ်ရာ့ဒ်က အခုဖြစ်ရပ်ဆိုးကြောင့် ထိခိုက်နာကျင်ရတဲ့ မိသားစုတိုင်းနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း Twitterပေါ်မှာ ရေးသားထားခဲ့ပါတယ်။

တံတားပြိုကျမှုနဲ့ ပတ်သက်လို့ တာဝန်ပေါ့လျော့မှုနဲ့ တခြား ချွတ်ယွင်းချက်တွေ ရှိမရှိ ဆိုတာကိုလည်း စုံစမ်းစစ်ဆေး ဖော်ထုတ်သွားမယ်လို့ မြို့တော်ဝန်က ကတိပြုသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ