Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အိန္ဒိယကို ကုန်းတွင်းဝင်ရောက်ပြီးနောက် အရှိန်လျော့သွားပြီဖြစ်တဲ့ ဆိုင်ကလုန်း တောက်တဲ့

အိန္ဒိယ နိုင်ငံကို ကုန်းတွင်း ဝင်ရောက် တိုက်ခတ်ခဲ့တဲ့နောက် ဆိုင်ကလုန်း မုန်တိုင်းကြီး တောက်တဲ့ဟာ အင်အားပျော့ ပျက်ပြယ်လာနေပြီလို့ သိရပါတယ်။

တောက်တဲ့ဟာ အားအကောင်းဆုံး အချိန်တုန်းက အထူးတလည် ဖျက်ဆီးအား ပြင်းထန်တဲ့ မုန်တိုင်းကြီး အဆင့်မျိုး သတ်မှတ် ခံခဲ့ရပါတယ်။ တောက်တဲ့ဟာ အိန္ဒိယ နိုင်ငံ အနောက်ပိုင်းက ဂူဂျာရတ် ပြည်နယ်ကို ဖြတ်သန်း ဝင်ရောက်ချိန်မှာ အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီကို ကီလိုမီတာ ၁၆၀ လောက်ထိ အားကောင်းခဲ့ပါတယ်။

တောက်တဲ့ ဖြတ်သန်းတဲ့ လမ်းကြောင်းဟာ အိန္ဒိယရဲ့ အဓိက စီးပွားရေး မြို့တော်ကြီး တစ်ခုဖြစ်တဲ့ မွမ်ဘိုင်းနဲ့ ကပ်ပြီး လွဲချော်သွားခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူပေါင်း ၁၂ ဦးထက်မနည်း သေဆုံးပြီး ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။

အိန္ဒိယဟာ လက်ရှိ ကာလမှာ Covid-19 ကပ်ရောဂါ ဖိစီးမှု အဆိုးရွားဆုံး ကမ္ဘာ့နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ဒါကြောင့်လည်း မုန်တိုင်းကာလ အရေးပေါ် ရွှေ့ပြောင်းမှုတွေ စီစဉ်တဲ့ အခါမှာ အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရပါတယ်။

အိန္ဒိယ ရေတပ်ဟာ မုန်တိုင်း ကာလအတွင်း ပိတ်မိနေသူတွေကို ကူညီ ကယ်ဆယ်ဖို့ သင်္ဘော ၃ စီးကိုလည်း စေလွှတ်ပေးခဲ့ပါတယ်။ မုန်တိုင်းကြောင့် ဂူဂျာရတ်နဲ့ အနီးတဝိုက် ပြည်နယ်တချို့မှာ လေပြင်းတွေ တိုက်ခတ်ပြီး မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့သလို အိမ်ခြေ အဆောက်အအုံတွေလည်း ပျက်စီးခဲ့ပါတယ်။ ပြီးတော့ သစ်ပင်တွေ အမြစ်က ကျွတ်ထွက်ကုန်သလို ဓာတ်တိုင်တွေလည်း လဲပြိုကုန်ပါတယ်။

တောက်တဲ့ဟာ ၁၉၉၈ နောက်ပိုင်း ဂူဂျာရတ်နဲ့ အိမ်နီးချင်း မဟာရှာထရာ ပြည်နယ်တွေမှာ ကြုံဖူးသမျှ အားအပြင်းဆုံး ဆိုင်ကလုန်း မုန်တိုင်းအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ အိန္ဒိယ သမုဒ္ဒရာထဲက ဆိုင်ကလုန်း မုန်တိုင်းတွေကို ဒေသတွင်း နိုင်ငံတွေက အလှည့်ကျ နာမည် မှည့်ခေါ်လေ့ရှိပြီး တောက်တဲ့ကတော့ မြန်မာနိုင်ငံက ပေးထားတဲ့ နာမည်ဖြစ်ပါတယ်။

You May Also Like

နိုင်ငံတကာ

ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့လည်း လေတပ်နဲ့ ရဲတပ်ဖွဲ့က အသီးသီး ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းကလည်း အာနူချယ်လ် ပရာဒက်ရှ် ပြည်နယ်မှာ ရဟတ်ယာဉ်တစ်စီး ပျက်ကျရာက အိန္ဒိယ ကြည်းတပ်ရဲ့ စစ်သည် ၅ ဦး သေဆုံးခဲ့ဖူးပါတယ်။

သတင်း

AviChinaဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက မြန်မာစစ်တပ်အတွက် အပေါ့စားလေယာဉ်တွေ ပို့ဆောင်ပေးခဲ့ပြီး Bharat Electronicsကတော့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတုန်းကမြန်မာနိုင်ငံမှာအဝေးထိန်းလက်နက်ရုံတစ်ခုတည်ဆောက်ပေးခဲ့တယ်လို့သိရပါတယ်။

သတင်း

အိန္ဒိယ၏ ဒီမိုကရေစီမီးရှုးတန်ဆောင်သည် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများအပေါ်တွင်လည်း ထွန်းလင်းနိုင်ပါစေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆုမွန်ကောင်းတောင်း သည်။

သတင်း

အိန္ဒိယ နိုင်ငံခြားရေးဌာနဘက်က စစ်ကောင်စီတိုက်လေယာဉ်တွေဟာ သူတို့ လေပိုင်နက်ကို ကျုးကျော်တာမရှိသလို ဗုံးဟာလည်း ၂ နိုင်ငံ နယ်ခြားမြစ် တယော (Tiau) မြစ်ထဲ ကျရောက်တာလို့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောပါတယ်။