စိန့်ပီတာစဘာ့ဂ်မြို့မှာ အိုလ်ဂါ ဗော်ကိုဗာနဲ့ ယက်ဗ်ဂျီနီ ကာလာဂျင်တို့နှစ်ဦး ၂၅ ပေ အမြင့်က လုံးထွေး ပြုတ်ကျတဲ့အတွက် နှစ်ယောက်စလုံး ခြေကျိုးလက်ကျိုး ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ သူတို့စုံတွဲဟာ လမ်းပေါ်က ကွန်ကရစ် ပလက်ဖောင်းပေါ် ပြုတ်ကျခဲ့ကြတာပါ။
အခုသီတင်းပတ်ကုန်က ဖြစ်ရပ်ကို လမ်းပေါ်မှာ ရှိနေသူ တစ်ဦးက ဗီဒီယိုနဲ့ မှတ်တမ်း တင်ထားနိုင်ခဲ့ပါတယ်။ နှစ်ဦးသား ရန်ဖြစ်ကြရင်း ဝရန်တာ လက်တန်းပေါ် ဖိမိချိန်မှာ ဝရန်တာက ကွေးညွတ်ပြီး ကျိုးကျသွားတာကို ဗီဒီယိုထဲမှာ တွေ့နိုင်ပါတယ်။
အာဏာပိုင်တွေက အဲဒီစုံတွဲမှာ ကလေးတစ်ဦး ရှိနေတယ်လို့ ပြောပါတယ်။ လောလောဆယ်တော့ အစိုးရ ရှေ့နေတွေက အဆောက်အအုံရဲ့ ဝရန်တာလက်တန်းဟာ ကြံ့ခိုင်မှု စံနှုန်းမမီဘဲ တပ်ဆင်ထားသလား ဆိုတာကို စုံစမ်း စစ်ဆေးနေကြပါတယ်။
နှစ်ယောက်သား ပြုတ်ကျသွားတဲ့နောက် အနားမှာ ရှိနေသူတွေက သွားရောက် ကူညီခဲ့ကြပြီး တစ်ဦးက သွေးခုန်နှုန်း စမ်းသပ်ကြည့်ခဲ့ပါတယ်။ ပြီးတော့ အသက်ရှိသေးတာ သေချာကြောင်း အတည်ပြုပြီး လူနာတင်ယာဉ် အရေးပေါ် ခေါ်ယူပေးခဲ့ပါတယ်။ ဒဏ်ရာတွေက ပြင်းထန်ပေမယ့် နှစ်ဦးစလုံး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ မရှိနိုင်ဘူးလို့ ဆရာဝန်တွေက သုံးသပ်ထားကြပါတယ်။