Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ အကောင့်ကို ၂ နှစ် ပိတ်ထားဖို့ Facebook ဆုံးဖြတ်

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ရဲ့ အကောင့်ကို ၂ နှစ်ကြာ ပိတ်ထားမယ်လို့ Facebookက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အခုနှစ်ဆန်းပိုင်းက အမေရိကန် လွှတ်တော်မှာ ဖြစ်ပွားခဲ့တဲ့ စီးနင်း တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး ထရမ့်ဟာ အမြင့်ဆုံး အရေးယူ တုံ့ပြန်မှုနဲ့ ထိုက်တန်တယ်လို့ ကမ္ဘာကျော် လူမှုကွန်ရက် မီဒီယာ လုပ်ငန်းစုကြီးက သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ဇန်နဝါရီ လဆန်းတုန်းက အမေရိကန် လွှတ်တော်ကို ထရမ့် ထောက်ခံသူတွေက ဝင်ရောက် စီးနင်းခဲ့ရာက လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

ဒီပြဿနာ နောက်ပိုင်းမှာ ကတည်းက Facebookဟာ သူတို့ရဲ့ ပလက်ဖောင်းကို ဝါဒဖြန့်ချိရေးအတွက် ထရမ့်က အသုံးမပြုနိုင်အောင် သမ္မတဟောင်းရဲ့ အကောင့်ကို အချိန် အကန့်အသတ်မရှိ ပိတ်ထားခဲ့ပါတယ်။ ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေဟာ Facebookရဲ့ စံနှုန်း စည်းမျဉ်းတွေကို ပီပီပြင်ပြင် ချိုးဖောက်ခဲ့တယ်လို့ ယုံကြည်ကြောင်း Facebookရဲ့ နိုင်ငံတကာရေးရာ ဌာန ဒုတိယ ဥက္ကဋ္ဌ နစ်ခ်ကလက်ဂ်က ထုတ်ပြန်ခဲ့ပါတယ်။

Facebookရဲ့ အမှီအခိုကင်းတဲ့ စုံစမ်းရေး ကော်မတီ တစ်ရပ်က ထရမ့်ရဲ့ အကောင့်ကို ဆက်ပြီး ပိတ်ပင်ထားသင့်ကြောင်း မေလတုန်းက ပြုလုပ်တဲ့ အစည်းအဝေးမှာ ထောက်ခံ ဆုံးဖြတ်ခဲ့ပါတယ်။ ထရမ့်ဟာ ဇန်နဝါရီ လကတည်းက Facebookပေါ်ကနေ ဖယ်ရှား ခံထားရတာပါ။

ထရမ့် ကိုယ်တိုင်ကတော့ သူဟာ လွှတ်တော် စီးနင်းမှုကို နောက်ကွယ်ကနေ အားပေးအားမြှောက် လုပ်ခဲ့ပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အတိအလင်း ငြင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခွန်စည်းကြပ်မှု စည်းမျဉ်းတွေ မပြောင်းလဲအောင် အမေရိကန်ဆီ ပေးထားတဲ့ ကတိအတိုင်း မက္ကဆီကိုဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို နှစ်နိုင်ငံ နယ်စပ်ဆီ စတင် ပို့ဆောင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသကို အမေရိကန်က ဝင်ရောက် ထိန်းချုပ်ထားဖို့ ဆန္ဒရှိကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့ တွေ့ဆုံပြီးချိန်မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အိမ်နီးချင်း နှစ်နိုင်ငံဖြစ်တဲ့ မက္ကဆီကိုနဲ့ ကနေဒါတို့ရဲ့ သွင်းကုန်တွေကို ၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့် စည်းကြပ်မယ့် ကိစ္စကို ရွှေ့ဆိုင်းထားလိုက်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှု မြှင့်တင်လိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်အတွက် လက်တုံ့ပြန်မယ်လို့ မက္ကဆီကို၊ ကနေဒါနဲ့ တရုတ် နိုင်ငံတွေက အသီးသီး ကြေညာထားကြပါတယ်။