Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် သေဆုံးသွားကြောင်း သတင်းထွက်ပေါ်

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘိုကိုဟာရမ် အကြမ်းဖက် အဖွဲ့ခေါင်းဆောင် သေဆုံးသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဘိုကိုဟာရမ်ဟာ နိုက်ဂျီးရီးယား မြောက်ပိုင်းနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ နယ်စပ်တွေမှာ အခြေစိုက် လှုပ်ရှားနေပြီး လူသတ်မှု၊ အကြမ်းဖက် တိုက်ခိုက်မှု၊ ပြန်ပေးဆွဲမှုတွေကြောင့် လူသိများပါတယ်။ Reuters သတင်းဌာနက ဘိုကိုဟာရမ်ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ အနောက်အာဖရိက အိုင်အက်စ်အဖွဲ့ (ISWAP)ရဲ့ အသံသွင်း ဖိုင်တစ်ခုကို ရရှိခဲ့ပြီး အဲဒီထဲမှာ ဘိုကိုဟာရမ် ခေါင်းဆောင် အဘူဘေကာ ရှီကော ရှက်ခါအူ သေဆုံးသွားပြီဆိုတဲ့ အချက် ပါရှိနေတယ်လို့ သိရပါတယ်။

ရှက်ခါအူဟာ မေလ ၁၈ ရက်လောက် ကတည်းက ကိုယ့်ကိုယ်ကိုယ် အသေခံ ဗုံးခွဲသွားခဲ့တယ်လို့ ISWAPရဲ့ ခေါင်းဆောင် အဘူမူဆက်ဘ် အယ်လ် ဘာနာဝီက အဲဒီ အသံသွင်း ဖိုင်ထဲမှာ ပြောကြားထားပါတယ်။ ISWAPဟာ ရှက်ခါအူကို လာရောက်ပူးပေါင်း သစ္စာခံဖို့ အခွင့်အရေး ပေးခဲ့သေးတယ်လို့လည်း ဘာနာဝီက ဆိုပါတယ်။

ဒါပေမဲ့ ရှက်ခါအူဟာ လက်ရှိ ဘဝမှာ အရှက်ကွဲ ခံမယ့်အစား တမလွန်ကိုပဲ အရှက်တကွဲ ရောက်သွားဖို့ ရွေးချယ်ခဲ့ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် အသေခံ ဖောက်ခွဲခဲ့ကြောင်း၊ သူ့ကို ကောင်းကင်ဘုံက လက်ခံမခံ ဆိုတာဟာ ဘုရားသခင်ရဲ့ အလိုတော်သာ ဖြစ်ကြောင်း ဘာနာဝီက ပြောကြားထားပါတယ်။

Reuters အနေနဲ့ ရှက်ခါအူ သေဆုံးမှုကို သီးခြား အတည်ပြုဖို့ ကြိုးစားနေဆဲပါ။ ဘိုကိုဟာရမ် ခေါင်းဆောင်ဟာ အရင်ကလည်း သေဆုံးပြီဆိုတဲ့ ကောလာဟလတွေ အကြိမ်ကြိမ် ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဘိုကိုဟာရမ်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၃ သောင်းကျော် ရှိခဲ့ပြီး လူပေါင်း ၂ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ