Connect with us

Hi, what are you looking for?

နိုင်ငံတကာ

K-Pop ကို ကင်ဆာရောဂါနဲ့ ခိုင်းနှိုင်းလိုက်တဲ့ ကင်မ်ဂျုံအန်း

တောင်ကိုရီးယားရဲ့ K-Popနဲ့ K-Dramaတွေဟာ ကင်ဆာရောဂါဆိုးတွေနဲ့ တူတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ဝေဖန် ပြောကြားလိုက်ပါတယ်။

ပြီးတော့ ပြည်တွင်းမှာ K-Pop ဂီတ နားထောင်သူတွေ၊ K-Drama စီးရီး ကြည့်ရှုသူတွေကို ပိုပြီး ပြင်းပြင်းထန်ထန် အရေးယူဖို့ ပြင်ဆင်နေတယ်လို့လည်း ကင်မ်က ဆိုပါတယ်။ K-Pop နဲ့ K-Dramaတွေဟာ နိုင်ငံတကာထိ ထိုးဖောက်နိုင်တဲ့ တောင်ကိုရီးယား ခေတ်သစ် ယဉ်ကျေးမှု ခြေလှမ်းတွေအဖြစ် တွင်ကျယ်လာခဲ့ပါတယ်။

တံခါးပိတ် ကွန်မြူနစ် နိုင်ငံတစ်ခုဖြစ်တဲ့ မြောက်ကိုရီးယားမှာလည်း K-Pop နဲ့ K-Dramaတွေရဲ့ စိမ့်ဝင် ထိုးဖောက်မှုတွေ ရှိနေပါတယ်။ ဒီအခြေအနေက မြောက်ကိုရီးယားရဲ့ လူနေမှု ဘဝကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားချင်တဲ့ အာဏာရှင် အစိုးရရဲ့ လိုလားမှုနဲ့ ဆန့်ကျင်နေပါတယ်။

တောင်ကိုရီးယားရဲ့ ဂီတနဲ့ ရုပ်ရှင်တွေဟာ CDတွေအဖြစ် နယ်စပ်ကနေ တရားမဝင် လမ်းကြောင်းတွေနဲ့ ဝင်ရောက်ပြီး မြောက်ကိုရီးယားမှာ မှောင်ခို ဖြန့်ဝေတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား အာဏာပိုင်တွေက ဒီကိစ္စဟာ တောင်ကိုရီးယားရဲ့ ယဉ်ကျေးမှု အခြေခံ ဝါဒဖြန့်မှု တစ်ခု အနေနဲ့ ယူဆပြီး လိုက်လံ ပိတ်ပင်လေ့ ရှိပါတယ်။

အခုတော့ ခေါင်းဆောင်ကြီး ကင်မ်က အဲဒီ အခြေအနေကို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေပြီး ဆက်လွှတ်ပေးထားတော့မှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာက ဖော်ပြသွားပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာလတုန်းက မြောက်ကိုရီးယားမှာ K-Popနဲ့ K-Dramaတွေ နားထောင်တာ၊ ကြည့်ရှုတာ တွေ့ရင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်မျိုး သတ်မှတ်ဖို့ အဆိုပြုလာခဲ့ပါတယ်။ မူလက ဒီလို ပြစ်မှုမျိုး ကျူးလွန်ရင် အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်ပြစ်ဒဏ် သတ်မှတ်ထားပါတယ်။

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံမှာ အသုံးပြုတဲ့ ဘာသာစကား တူညီပေမယ့် ဝါကျ ဖွဲ့စည်းမှု အခြေအနေ တချို့နဲ့ လေယူလေသိမ်းတွေမှာ အထိုက်အလျောက် ကွဲပြားမှု ရှိပါတယ်။ မြောက်ကိုရီးယားမှာ အမျိုးသမီးတွေက သူတို့ရဲ့ ခင်ပွန်းကို ရဲဘော်လို့ပဲ ခေါ်ဖို့ ညွှန်ကြားထားပေမယ့် အိုပါးလို့ ခေါ်ဝေါ်လာတာမျိုးကို ကင်မ်က အကြီးအကျယ် ဒေါသထွက်နေတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။