Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကင်မ်ဂျုံအန်း ပိန်သွားလို့ မြောက်ကိုရီးယား ပြည်သူတွေ စိတ်ပူနေကြောင်း အစိုးရမီဒီယာ ဖော်ပြ

အသက် ၃၇ နှစ် ရှိပြီလို့ ယူဆရတဲ့ ကင်မ်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာဟန်မျိုး တွေ့ရပါတယ်။ နိုင်ငံတကာ လေ့လာသူတွေကလည်း ကင်မ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ထောက်ပြ မေးခွန်းထုတ်တာတွေ ရှိလာပါတယ်။

ခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်း ပိန်လာတဲ့အတွက် ပြည်သူတွေက စိတ်ပူနေကြတယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြသွားခဲ့ပါတယ်။

သတင်း ဖော်ပြမှုတွေနဲ့ ပတ်သက်လို့ တင်းတင်းကျပ်ကျပ် စီမံ ထိန်းချုပ် ခံထားရတဲ့ အစိုးရ မီဒီယာက နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဇွန်လ ၂၅ ရက်မှာ ရှားရှားပါးပါး မှတ်ချက် ဖော်ထုတ်လာခဲ့တာပါ။ အစိုးရ မီဒီယာ KRTက ထုတ်လွှင့်တဲ့ အင်တာဗျူး တစ်ခုမှာ နိုင်ငံသား တစ်ယောက်က ခေါင်းဆောင်ကြီး ပိန်လာလို့ တစ်နိုင်ငံလုံး အသည်းကွဲနေကြကြောင်း ထည့်သွင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ် ရှိပြီလို့ ယူဆရတဲ့ ကင်မ်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာဟန်မျိုး တွေ့ရပါတယ်။ နိုင်ငံတကာ လေ့လာသူတွေကလည်း ကင်မ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ထောက်ပြ မေးခွန်းထုတ်တာတွေ ရှိလာပါတယ်။

ချစ်ခင်လေးစားရတဲ့ ပါတီ အထွေထွေ အတွင်းရေးမှူးကြီးက သိသိသာသာ ပိန်ချုံးလာတာ မြင်ရတဲ့အခါ နိုင်ငံသားအားလုံး အရမ်း စိတ်ထိခိုက်ပြီး အသည်းကွဲနေကြတယ်လို့ အင်တာဗျူး ဖြေကြားတဲ့ အမျိုးသားက ပြောကြားသွားပါတယ်။ ကင်မ်ဘာကြောင့် ကိုယ်အလေးချိန် ကျလာသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ KRT သတင်းဌာနက ဖော်ပြမသွားပါဘူး။

ကင်မ်ဟာ မြောက်ကိုရီးယား အစိုးရရဲ့ လုပ်ပိုင်ခွင့် အာဏာကို အဓိက ချုပ်ကိုင်ထားဆဲဖြစ်ပြီး အရိုက်အရာ ဆက်ခံမယ့် ပုဂ္ဂိုလ်ကို တိတိကျကျ ရွေးချယ်ထားတာမျိုးလည်း မရှိသေးပါဘူး။ ကင်မ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ထင်ကြေး အမျိုးမျိုးနဲ့ ခန့်မှန်းမှုတွေဟာ ပြီးခဲ့တဲ့နှစ်က စတင် အားကောင်းလာပါတယ်။ အဲဒီတုန်းက သူဟာ နိုင်ငံ ထူထောင်သူ ဖိုအေကြီး ကင်မ်အီလ်ဆွန်းရဲ့ မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မတက်ရောက်ခဲ့ပါဘူး။ ကင်မ်ဟာ တစ်လလောက် သတင်းပျောက်သွားပြီးမှ လူမြင်ကွင်းမှာ ပြန်လည် ထွက်ပေါ်လာခဲ့တယ်လို့လည်း သိရပါတယ်။

You May Also Like

သတင်း

ကမ္ဘာတစ်ဝန်း နိုင်ငံ​ပေါင်း ၁၈၀ ကို အကဲဖြတ်ရာမှာ​​နောက်ဆုံးက​​ရေတွက်ရင် အဂတလိုက်စားဆုံးနိုင်ငံတွထဲမှာ အဆင့် ၂၁ မှာ ရပ်တည်​နေတာဖြစ်ပါတယ်။

နိုင်ငံတကာ

တစ်ဖက်မှာလည်း အမေရိကန် အစိုးရက မြောက်ကိုရီးယားဟာ ရုရှားအတွက် လက်နက်ကြီး ကျည်ဆန်တွေနဲ့ တခြား ခဲယမ်းမီးကျောက်တွေ ပေးပို့နေကြောင်း စွပ်စွဲထားပြီး မြောက်ကိုရီးယားကတော့ ငြင်းဆိုထားပါတယ်။

နိုင်ငံတကာ

ပက်ခ်ရဲ့ အရိုက်အရာကို ဆက်ခံမယ့် ရီကလည်း စစ်တပ်ထဲမှာ လူသိများသူ တစ်ဦးဖြစ်ပြီး ပူးပေါင်းစစ်ဆင်ရေး ဌာနအကြီးအကဲနဲ့ ကာကွယ်ရေးဝန်ကြီး ရာထူးတွေကို ရယူထားသူ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေ တင်ဆောင် ပစ်ခတ်နိုင်တဲ့ B-52 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေအပြင် ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း လေကြောင်းစိုးမိုးရေး တိုက်လေယာဉ်တွေလို့ သတ်မှတ် ခံထားရတဲ့ F-22 တွေကိုပါ တောင်ကိုရီးယားဆီ စေလွှတ်ပေးခဲ့ပါတယ်။