Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရုတ်ဟာ မကောင်းဆိုးရွား အင်ပါယာကြီး ဖြစ်လာနေပြီလို့ အမေရိကန် ဒုတိယ သမ္မတဟောင်း စွပ်စွဲ

လောလောဆယ်မှာ တရုတ်ဟာ မကောင်းဆိုးရွား အင်ပါယာကြီး မဖြစ်သေးကြောင်း၊ ဒါပေမဲ့ အဲဒီ အဆင့်ထိ ရောက်လာအောင် နေ့တိုင်းလိုလို အပတ်တကုတ် ကြိုးစား တည်ဆောက်နေကြောင်း၊ ကွန်မြူနစ် တရုတ်ဟာ ဆိုဗီယက် ပြည်ထောင်စုထက်တောင် အမေရိကန်အပေါ် ဘက်ပေါင်းစုံက ခြိမ်းခြောက်လာနိုင်ကြောင်း ဒုတိယ သမ္မတဟောင်းက သတိပေးသွားခဲ့ပါတယ်။

တရုတ်ဟာ မကောင်းဆိုးရွား အင်ပါယာကြီးတစ်ခုအသွင် တဖြည်းဖြည်း ကူးပြောင်းလာနေတယ်လို့ အမေရိကန် ဒုတိယ သမ္မတဟောင်း မိုက်ခ်ပန့်စ်က စွပ်စွဲ ပြောကြားသွားခဲ့ပါတယ်။

ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရ လက်ထက်မှာ ဒုတိယ သမ္မတ အနေနဲ့ တာဝန်ယူခဲ့ဖူးတဲ့ ပန့်စ်က နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ တရုတ်ရဲ့ ခြေလှမ်းကျယ်မှုတွေကို မျက်ခြေမပြတ် လေ့လာနေသင့်ကြောင်း သတိပေးသွားပါတယ်။ ပြီးတော့ စစ်အေးခေတ် ဆိုဗီယက် ပြည်ထောင်စုလိုပဲ အမေရိကန်ကို တရုတ်က ခြိမ်းခြောက်လာနိုင်တယ်လို့ ပန့်စ်က ဆိုပါတယ်။

ပန့်စ်က လက်ရှိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အနေနဲ့ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒတွေမှာ ပိုပြီး ဖိဖိစီးစီး၊ တင်းတင်းမာမာ ကိုင်တွယ်ဖို့လည်း တိုက်တွန်းသွားပါတယ်။ အမေရိကန်ရဲ့ ကြွယ်ဝမှု၊ လုံခြုံရေးနဲ့ တန်ဖိုးထားရတဲ့ အရာတိုင်းအတွက် ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ခြိမ်းခြောက်မှုကတော့ တရုတ် ကွန်မြူနစ်ပါတီ ဖြစ်လာပြီလို့ ပန့်စ်က ပြောကြားသွားပါတယ်။

လောလောဆယ်မှာ တရုတ်ဟာ မကောင်းဆိုးရွား အင်ပါယာကြီး မဖြစ်သေးကြောင်း၊ ဒါပေမဲ့ အဲဒီ အဆင့်ထိ ရောက်လာအောင် နေ့တိုင်းလိုလို အပတ်တကုတ် ကြိုးစား တည်ဆောက်နေကြောင်း၊ ကွန်မြူနစ် တရုတ်ဟာ ဆိုဗီယက် ပြည်ထောင်စုထက်တောင် အမေရိကန်အပေါ် ဘက်ပေါင်းစုံက ခြိမ်းခြောက်လာနိုင်ကြောင်း ဒုတိယ သမ္မတဟောင်းက သတိပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့် လက်ထက်က အမေရိကန် အစိုးရဟာ တရုတ်အပေါ် တင်းမာတဲ့ မူဝါဒတွေ ကျင့်သုံးခဲ့သလို လက်ရှိ သမ္မတ ဘိုင်ဒန်ကလည်း အဲဒီ သဘောထားကို ဆက်ပြီး ဆုပ်ကိုင်ထားဆဲပါ။ ဒါပေမဲ့ တရုတ်ဟာ လက်ရှိ အမေရိကန် အစိုးရသစ်နဲ့ ပတ်သက်ရင် ပျော့ကွက်တွေကို ရှာဖွေနေမှာဖြစ်ပြီး ဘိုင်ဒန်က ပိုပြီး ပြတ်ပြတ်သားသား ကိုင်တွယ်မှုတွေ လိုအပ်တယ်လို့ အကြံပြု တိုက်တွန်းသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။

နိုင်ငံတကာ

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ဇန်နဝါရီလတုန်းက နိုင်ငံအလယ်ပိုင်း ရှင်ယုမြို့မှာ စတိုးဆိုင်တစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားလို့ လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ဖူးပါတယ်။ အဲဒီမတိုင်ခင် ရက်ပိုင်းမှာတင် ဟီနန်မှာရှိတဲ့ ကျောင်းသား အဆောင်တစ်ခု မီးလောင်ပြီး ကလေး ၁၃ ဦး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။