Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ဟာ မကောင်းဆိုးရွား အင်ပါယာကြီး ဖြစ်လာနေပြီလို့ အမေရိကန် ဒုတိယ သမ္မတဟောင်း စွပ်စွဲ

လောလောဆယ်မှာ တရုတ်ဟာ မကောင်းဆိုးရွား အင်ပါယာကြီး မဖြစ်သေးကြောင်း၊ ဒါပေမဲ့ အဲဒီ အဆင့်ထိ ရောက်လာအောင် နေ့တိုင်းလိုလို အပတ်တကုတ် ကြိုးစား တည်ဆောက်နေကြောင်း၊ ကွန်မြူနစ် တရုတ်ဟာ ဆိုဗီယက် ပြည်ထောင်စုထက်တောင် အမေရိကန်အပေါ် ဘက်ပေါင်းစုံက ခြိမ်းခြောက်လာနိုင်ကြောင်း ဒုတိယ သမ္မတဟောင်းက သတိပေးသွားခဲ့ပါတယ်။

တရုတ်ဟာ မကောင်းဆိုးရွား အင်ပါယာကြီးတစ်ခုအသွင် တဖြည်းဖြည်း ကူးပြောင်းလာနေတယ်လို့ အမေရိကန် ဒုတိယ သမ္မတဟောင်း မိုက်ခ်ပန့်စ်က စွပ်စွဲ ပြောကြားသွားခဲ့ပါတယ်။

ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရ လက်ထက်မှာ ဒုတိယ သမ္မတ အနေနဲ့ တာဝန်ယူခဲ့ဖူးတဲ့ ပန့်စ်က နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ တရုတ်ရဲ့ ခြေလှမ်းကျယ်မှုတွေကို မျက်ခြေမပြတ် လေ့လာနေသင့်ကြောင်း သတိပေးသွားပါတယ်။ ပြီးတော့ စစ်အေးခေတ် ဆိုဗီယက် ပြည်ထောင်စုလိုပဲ အမေရိကန်ကို တရုတ်က ခြိမ်းခြောက်လာနိုင်တယ်လို့ ပန့်စ်က ဆိုပါတယ်။

ပန့်စ်က လက်ရှိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အနေနဲ့ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒတွေမှာ ပိုပြီး ဖိဖိစီးစီး၊ တင်းတင်းမာမာ ကိုင်တွယ်ဖို့လည်း တိုက်တွန်းသွားပါတယ်။ အမေရိကန်ရဲ့ ကြွယ်ဝမှု၊ လုံခြုံရေးနဲ့ တန်ဖိုးထားရတဲ့ အရာတိုင်းအတွက် ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ခြိမ်းခြောက်မှုကတော့ တရုတ် ကွန်မြူနစ်ပါတီ ဖြစ်လာပြီလို့ ပန့်စ်က ပြောကြားသွားပါတယ်။

လောလောဆယ်မှာ တရုတ်ဟာ မကောင်းဆိုးရွား အင်ပါယာကြီး မဖြစ်သေးကြောင်း၊ ဒါပေမဲ့ အဲဒီ အဆင့်ထိ ရောက်လာအောင် နေ့တိုင်းလိုလို အပတ်တကုတ် ကြိုးစား တည်ဆောက်နေကြောင်း၊ ကွန်မြူနစ် တရုတ်ဟာ ဆိုဗီယက် ပြည်ထောင်စုထက်တောင် အမေရိကန်အပေါ် ဘက်ပေါင်းစုံက ခြိမ်းခြောက်လာနိုင်ကြောင်း ဒုတိယ သမ္မတဟောင်းက သတိပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့် လက်ထက်က အမေရိကန် အစိုးရဟာ တရုတ်အပေါ် တင်းမာတဲ့ မူဝါဒတွေ ကျင့်သုံးခဲ့သလို လက်ရှိ သမ္မတ ဘိုင်ဒန်ကလည်း အဲဒီ သဘောထားကို ဆက်ပြီး ဆုပ်ကိုင်ထားဆဲပါ။ ဒါပေမဲ့ တရုတ်ဟာ လက်ရှိ အမေရိကန် အစိုးရသစ်နဲ့ ပတ်သက်ရင် ပျော့ကွက်တွေကို ရှာဖွေနေမှာဖြစ်ပြီး ဘိုင်ဒန်က ပိုပြီး ပြတ်ပြတ်သားသား ကိုင်တွယ်မှုတွေ လိုအပ်တယ်လို့ အကြံပြု တိုက်တွန်းသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝမ်ကျွန်းကို ပတ်ပတ်လည်ဝိုင်းပြီး တရုတ်က အင်အားပြ စစ်ရေးလေ့ကျင့်နေပေမယ့် ဒီကိစ္စကို ဘာမှ မစိုးရိမ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်က ဦးဆောင်ပြီး ကျင်းပနေတဲ့ မြန်မာ့ ရွေးကောက်ပွဲဟာအမျိုးသားရင်ကြားစေ့ရေးနဲ့ နိုင်ငံတည်ငြိမ်အေးချမ်းမှုတွေကို ပြန်လည် ဆောင်ယူလာပေးနိုင်ဖို့ မျှော်လင့်ကြောင်း တရုတ် အစိုးရက ​ပြောပါတယ်။

နိုင်ငံတကာ

ခွဲထွက်ရေး အင်အားစုတွေကို သတိပေးဖို့ဆိုတဲ့ ကြိမ်းဝါးမှုနဲ့အတူ ထိုင်ဝမ်ကျွန်းကို ပတ်လည်ဝိုင်းပြီး တရုတ်က စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်အတွက် စစ်လက်နက်တွေ တင်ပို့ရောင်းချမှုကို အမေရိကန်က အရှိန်မြှင့်လာတာဟာ ထိုင်ဝမ် ရေလက်ကြားမှာ စစ်ဖြစ်အောင် ခြိမ်းခြောက်မှုတွေကို မီးစာဖြည့်ပေးနေခြင်း ဖြစ်တယ်လို့ တရုတ်က သတိပေးခဲ့ပါတယ်။