Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည်သစ်ကို တောင်ကိုရီးယားရေတပ် စမ်းသပ်အောင်မြင်

စက်တင်ဘာ ၁၅ ရက်မှာ ရေအောက် ငုပ်လျှိုးနေတဲ့ ရေငုပ်သင်္ဘောကနေတဆင့် ဒုံးကျည် စမ်းသပ် ပစ်လွှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားဟာ အဲဒီလို နည်းပညာ လက်နက် (SLBM)မျိုး ပိုင်ဆိုင်တဲ့ သတ္တမမြောက် ကမ္ဘာ့နိုင်ငံအဖြစ် စာရင်း ဝင်လာပါတယ်။

ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည်တစ်မျိုးကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း တောင်ကိုရီးယား ရေတပ်က ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၁၅ ရက်မှာ ရေအောက် ငုပ်လျှိုးနေတဲ့ ရေငုပ်သင်္ဘောကနေတဆင့် ဒုံးကျည် စမ်းသပ် ပစ်လွှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားဟာ အဲဒီလို နည်းပညာ လက်နက် (SLBM)မျိုး ပိုင်ဆိုင်တဲ့ သတ္တမမြောက် ကမ္ဘာ့နိုင်ငံအဖြစ် စာရင်း ဝင်လာပါတယ်။

တောင်ကိုရီးယား သမ္မတရုံးက ဒီအောင်မြင်မှုကို အတည်ပြု ကြေညာပြီး မကြာခင်မှာပဲ ပြိုင်ဘက် မြောက်ကိုရီးယား နိုင်ငံဖက်က တင်းမာတဲ့ သဘောထား တုံ့ပြန်မှုတွေ ပြသလာပါတယ်။ ရေအောက်ကနေ ဒုံးကျည် ပစ်လွှတ်မှုကို တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း အပါအဝင် အစိုးရ ထိပ်တန်း အရာရှိတွေက စောင့်ကြည့်နေခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီ ဒုံးကျည်ကို တန်ချိန် ၃၀၀၀ အလေးချိန်ရှိတဲ့ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်ခဲ့ပြီး ပစ်မှတ်ကို တိတိကျကျ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ SLBM ဒုံးကျည်တွေ ပိုင်ဆိုင်လာတာဟာ ပြင်ပ အဖျက် အနှောင့်အယှက်တွေကို တွန်းလှန်ဖို့ အရမ်းအရေးကြီးတဲ့ အဆင့်မြှင့်တင်မှု တစ်ခု ဖြစ်တယ်လို့ သမ္မတရုံးက ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

ညနေပိုင်းမှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမ ကင်မ်ယိုဂျောင်က တောင်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုကို ဝေဖန်ခဲ့ပြီး သမ္မတ မွန်းကိုလည်း ပြစ်တင်ပြောဆိုသွားခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ SLBM လက်နက် စမ်းသပ်မှုူဟာ မြောက်ကိုရီးယားကို ရန်စတယ်လို့ ယူဆကြောင်း၊ တစ်ဖက်မှာလည်း သူတို့ရဲ့ နိုင်ငံက ကာကွယ်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်နေကြောင်း၊ မွန်းအနေနဲ့ မြောက်ကိုရီးယားကို အမှုမထားသလို လုပ်နေရင် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးမှာ အနာအဆာတွေ ရှိလာနိုင်ကြောင်း ကင်မ်က သတိပေးသွားပါတယ်။

အဲဒီနေ့မှာပဲ မြောက်ကိုရီးယားဟာ ဂျပန်ကမ်းလွန် ရေပြင်ဖက်ကို တာတို ခရုစ်ဒုံးကျည်နှစ်စင်း စမ်းသပ် ပစ်ခတ်ခဲ့ပေမယ့် ကင်မ်ကတော့ ဒီကိစ္စကို သူ့ရဲ့ ကြေညာချက်မှာ ထည့်သွင်းပြောဆို မသွားဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

နိုင်ငံတကာ

လီယောင်ဆိုဟာ ကိုရီးယား နှစ်နိုင်ငံ ပေါင်းစည်းရေးအတွက် တက်ကြွ လှုံ့ဆော်သူ တဦးဖြစ်ပြီး သူက မြောက်ကိုရီးယားကို တခမ်းတနား ဂုဏ်ပြု ရေးဖွဲ့ထားတဲ့ ကဗျာကို ၂၀၁၆ ခုနှစ်မှာ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဝါဒဖြန့် ဖော်ပြခဲ့ဖူးပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ရခိုင်လူထုကို ဦးတည်၍ ပစ်မှတ်ထားသတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း AAက နိုဝင်ဘာလ ၁၆ရက် တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံတကာ

ဟိုသီတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ပင်လယ်နီ ရေပြင်မှာ အစ္စရေးနဲ့ ဆက်စပ်တယ်ဆိုတဲ့ ကုန်တင် သင်္ဘောတစ်စီးကို စီးနင်းခဲ့ပြီး လောလောဆယ်မှာ သင်္ဘောရော၊ အမှုထမ်း ၂၅ ဦးကိုပါ ထိန်းသိမ်းထားကြောင်း သိရပါတယ်။