Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည်သစ်ကို တောင်ကိုရီးယားရေတပ် စမ်းသပ်အောင်မြင်

စက်တင်ဘာ ၁၅ ရက်မှာ ရေအောက် ငုပ်လျှိုးနေတဲ့ ရေငုပ်သင်္ဘောကနေတဆင့် ဒုံးကျည် စမ်းသပ် ပစ်လွှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားဟာ အဲဒီလို နည်းပညာ လက်နက် (SLBM)မျိုး ပိုင်ဆိုင်တဲ့ သတ္တမမြောက် ကမ္ဘာ့နိုင်ငံအဖြစ် စာရင်း ဝင်လာပါတယ်။

ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည်တစ်မျိုးကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း တောင်ကိုရီးယား ရေတပ်က ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၁၅ ရက်မှာ ရေအောက် ငုပ်လျှိုးနေတဲ့ ရေငုပ်သင်္ဘောကနေတဆင့် ဒုံးကျည် စမ်းသပ် ပစ်လွှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားဟာ အဲဒီလို နည်းပညာ လက်နက် (SLBM)မျိုး ပိုင်ဆိုင်တဲ့ သတ္တမမြောက် ကမ္ဘာ့နိုင်ငံအဖြစ် စာရင်း ဝင်လာပါတယ်။

တောင်ကိုရီးယား သမ္မတရုံးက ဒီအောင်မြင်မှုကို အတည်ပြု ကြေညာပြီး မကြာခင်မှာပဲ ပြိုင်ဘက် မြောက်ကိုရီးယား နိုင်ငံဖက်က တင်းမာတဲ့ သဘောထား တုံ့ပြန်မှုတွေ ပြသလာပါတယ်။ ရေအောက်ကနေ ဒုံးကျည် ပစ်လွှတ်မှုကို တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း အပါအဝင် အစိုးရ ထိပ်တန်း အရာရှိတွေက စောင့်ကြည့်နေခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီ ဒုံးကျည်ကို တန်ချိန် ၃၀၀၀ အလေးချိန်ရှိတဲ့ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်ခဲ့ပြီး ပစ်မှတ်ကို တိတိကျကျ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ SLBM ဒုံးကျည်တွေ ပိုင်ဆိုင်လာတာဟာ ပြင်ပ အဖျက် အနှောင့်အယှက်တွေကို တွန်းလှန်ဖို့ အရမ်းအရေးကြီးတဲ့ အဆင့်မြှင့်တင်မှု တစ်ခု ဖြစ်တယ်လို့ သမ္မတရုံးက ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

ညနေပိုင်းမှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမ ကင်မ်ယိုဂျောင်က တောင်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုကို ဝေဖန်ခဲ့ပြီး သမ္မတ မွန်းကိုလည်း ပြစ်တင်ပြောဆိုသွားခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ SLBM လက်နက် စမ်းသပ်မှုူဟာ မြောက်ကိုရီးယားကို ရန်စတယ်လို့ ယူဆကြောင်း၊ တစ်ဖက်မှာလည်း သူတို့ရဲ့ နိုင်ငံက ကာကွယ်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်နေကြောင်း၊ မွန်းအနေနဲ့ မြောက်ကိုရီးယားကို အမှုမထားသလို လုပ်နေရင် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးမှာ အနာအဆာတွေ ရှိလာနိုင်ကြောင်း ကင်မ်က သတိပေးသွားပါတယ်။

အဲဒီနေ့မှာပဲ မြောက်ကိုရီးယားဟာ ဂျပန်ကမ်းလွန် ရေပြင်ဖက်ကို တာတို ခရုစ်ဒုံးကျည်နှစ်စင်း စမ်းသပ် ပစ်ခတ်ခဲ့ပေမယ့် ကင်မ်ကတော့ ဒီကိစ္စကို သူ့ရဲ့ ကြေညာချက်မှာ ထည့်သွင်းပြောဆို မသွားဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။