Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျူးဘားက ထုတ်လုပ်တဲ့ Abdala ကိုဗစ် ကာကွယ်ဆေးကို ဗီယက်နမ် သုံးစွဲခွင့်ပြု

Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကိုဗစ်ရောဂါ ကူးစက်နှုန်း မြင့်တက်လာတာကို တုံ့ပြန်တဲ့ အနေနဲ့ ဗီယက်နမ်က နောက်ထပ် ကာကွယ်ဆေး တစ်မျိုးကို ထပ်မံ ခွင့်ပြုချက် ပေးလိုက်တာပါ။

ကျူးဘားနိုင်ငံက ထုတ်လုပ်တဲ့ ကိုဗစ် ကာကွယ်ဆေး တစ်မျိုးကို ဗီယက်နမ် အစိုးရက အရေးပေါ် သုံးစွဲခွင့် ပြုလိုက်ကြောင်း သိရပါတယ်။

Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကိုဗစ်ရောဂါ ကူးစက်နှုန်း မြင့်တက်လာတာကို တုံ့ပြန်တဲ့ အနေနဲ့ ဗီယက်နမ်က နောက်ထပ် ကာကွယ်ဆေး တစ်မျိုးကို ထပ်မံ ခွင့်ပြုချက် ပေးလိုက်တာပါ။ အခုဆိုရင် ဗီယက်နမ်မှာ ပြည်တွင်း သုံးစွဲခွင့် ပေးထားတဲ့ ကိုဗစ်ကာကွယ်ဆေး ၈ မျိုးထိ ရှိလာပါပြီ။ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံဟာ ကပ်ရောဂါ ကာလတလျှောက် အဆိုးဆုံးသော ကူးစက်မှုတွေနဲ့ ကြုံနေရပါတယ်။

Abdala ကာကွယ်ဆေးဟာ ကျူးဘားမှာ စမ်းသပ် တီထွင်နေတဲ့ ကိုဗစ်ကာကွယ်ဆေး နှစ်မျိုးထဲက တစ်ခုပါ။ လတ်တလောမှာ နောက်ဆုံးအဆင့် လက်တွေ့ စမ်းသပ်မှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး သိပ္ပံနည်းကျ အချက်အလက်တွေ ထုတ်ပြန်ထားတာမျိုးတော့ မရှိသေးပါဘူး။

ဗီယက်နမ် သမ္မတ ငုယန်ရွှမ်ဖက်က ကျူးဘားနိုင်ငံရဲ့ မြို့တော် ဟာဗားနားကို တရားဝင် ခရီးစဉ် သွားရောက်ပြီးတဲ့နောက် အခုသတင်းကို ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဗီယက်နမ်ဟာ ဒေသတွင်းမှာ ကာကွယ်ဆေး ထိုးနှံနိုင်စွမ်း အနိမ့်ဆုံး စာရင်းဝင် နိုင်ငံတစ်ခုဖြစ်ပြီး လူဦးရေ ၉၈ သန်း ရှိတဲ့အနက် ၆.၃ ရာခိုင်နှုန်းသာ ဆေးထိုးရပါသေးတယ်။

Public Service Announcement

Public Service Announcement

ဗီယက်နမ်မှာ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၆ သိန်း ၇ သောင်းနီးပါး တွေ့ရှိထားပြီး လူပေါင်း ၁ သောင်း ၆ ထောင်ကျော် အသက်ဆုံးရှုံးခဲ့ပြီးပါပြီ။ ဧပြီလမှာ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် စတင် ရောက်ရှိလာတဲ့ နောက်ပိုင်း ဗီယက်နမ်မှာ အခြေအနေတွေ ပိုဆိုးရွားလာခဲ့တာပါ။

ကပ်ရောဂါဆိုးကို တွန်းလှန် တိုက်ဖျက်နိုင်မယ့် အထောက်အကူပြု နည်းလမ်း တစ်ခုအဖြစ် Abdalaရဲ့ ကာကွယ်ဆေးကို ကျန်းမာရေး ဝန်ကြီးဌာနက သုံးစွဲခွင့် ပြုလိုက်ကြောင်း အစိုးရက ကြေညာပါတယ်။ ဗီယက်နမ်နဲ့ ကျူးဘားတို့ဟာ ကမ္ဘာပေါ်က နောက်ဆုံးလက်ကျန် ကွန်မြူနစ် ၅ နိုင်ငံမှာ ပါဝင်နေပါတယ်။ ကျန်တဲ့ ၃ နိုင်ငံကတော့ တရုတ်၊ လာအိုနဲ့ မြောက်ကိုရီးယားတို့ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံသားတွေကို လုပ်ကြံ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျူးဘား ခေါင်းဆောင်ဟောင်း ရာအူးလ် ကက်စ်ထရိုကို အမေရိကန်က မျက်ကွယ်မှာ တရားစွဲဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကျူးဘားနဲ့ ပတ်သက်လို့ သူ့စိတ်တိုင်းကျ လုပ်ချင်ရာ လုပ်လို့ရတဲ့ အခြေအနေ ဖြစ်လာပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ပြီးရင် အမေရိကန်ရဲ့ စစ်ရေးအရ ပစ်မှတ်ထားတာ ခံရမယ့် နိုင်ငံဟာ ကျူးဘား ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားသွားပါတယ်။