Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုယ်ထည်ထဲမှာ ပေါက်ကွဲမှုဖြစ်လို့ ပြင်သစ် လေကြောင်းပိုင် လေယာဉ် အရေးပေါ် ဆင်းသက်ရ

စက်တင်ဘာ ၁၈ ရက်က Boeing 777 အမျိုးအစား လေယာဉ်ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော် လေဆိပ်က ပျံတက်ပြီး ၁၄ မိနစ် အကြာမှာ နောက်ကြောင်းပြန်လှည့် ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။

ပျံသန်းနေချိန် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားလို့ ပြင်သစ် လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။

စက်တင်ဘာ ၁၈ ရက်က Boeing 777 အမျိုးအစား လေယာဉ်ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော် လေဆိပ်က ပျံတက်ပြီး ၁၄ မိနစ် အကြာမှာ နောက်ကြောင်းပြန်လှည့် ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။ မူလက ဒီလေယာဉ်ဟာ ပဲရစ်မြို့က ချားလ်စ်ဒီဂေါလ် လေဆိပ်ဆီ ဦးတည်နေခဲ့ပါတယ်။

လေယာဉ်က အရေးပေါ် ဆင်းသက်ခဲ့ရပေမယ့် ကံကောင်းထောက်မစွာပဲ လူတွေ အထိအခိုက် မရှိပါဘူး။ ခရီးသည်တွေက ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ကြားလိုက်ပြီး လေယာဉ် ကိုယ်ထည်ထဲမှာ မီးခိုးလုံး အမည်းရောင်တွေ ပြည့်သွားကြောင်း ပြောကြားခဲ့ပါတယ်။

Boeing ကုမ္ပဏီနဲ့ ပြင်သစ် လေကြောင်းလိုင်းတို့ကတော့ အခုကိစ္စဟာ လေယာဉ်ထဲက အဲကွန်း သွယ်တန်းတဲ့ ပိုက်လိုင်းတစ်ခု ပေါက်ကွဲပြီး အမှုန်အမွှားတွေ ပျံ့နှံ့သွားတာလို့ ဆိုပါတယ်။ လေယာဉ်ကို ပြန်လည် ပြင်ဆင်နေပြီး ခရီးသည်တွေကိုတော့ တခြားလေယာဉ်တွေနဲ့ ပြင်သစ်ကို သွားရောက်နိုင်ဖို့ စီစဉ်ပေးခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာပေါ်မှာ အကြီးမားဆုံး လေကြောင်း နည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Boeingဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ခေါင်းခဲစရာ မတော်တဆမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ကုမ္ပဏီက ထုတ်လုပ်တဲ့ 737 Max လေယာဉ်နှစ်စီး လပိုင်းလောက်ပဲခြားပြီး ပျက်ကျခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း Boeing အနေနဲ့ အကြီးအကျယ် နာမည်ပျက်ခဲ့သလို ဒေါ်လာ ၂၀ ဘီလီယံလောက် နစ်နာ ဆုံးရှုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒေလီမြို့တော်ရဲ့ လူစည်ကားရာ တစ်နေရာမှာ ဖြစ်ပွားခဲ့တဲ့ မော်တော်ကား ပေါက်ကွဲမှုဟာ အကြမ်းဖက် ဖြစ်စဉ် တစ်ခုလို့ အိန္ဒိယ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်ရဲ့ အထင်ကရ ရှေးအဆောက်အအုံ တစ်ခုနားမှာ ကားတစ်စီး ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ ခဲယမ်းမီးကျောက်စက်ရုံ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၉ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာ စစ်သားဟောင်း ဖွင့်ထားတဲ့ သံတိုသံစဆိုင်မှာ သံတိုသံစထုခွဲရင်း ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။