Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုယ်ထည်ထဲမှာ ပေါက်ကွဲမှုဖြစ်လို့ ပြင်သစ် လေကြောင်းပိုင် လေယာဉ် အရေးပေါ် ဆင်းသက်ရ

စက်တင်ဘာ ၁၈ ရက်က Boeing 777 အမျိုးအစား လေယာဉ်ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော် လေဆိပ်က ပျံတက်ပြီး ၁၄ မိနစ် အကြာမှာ နောက်ကြောင်းပြန်လှည့် ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။

ပျံသန်းနေချိန် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားလို့ ပြင်သစ် လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။

စက်တင်ဘာ ၁၈ ရက်က Boeing 777 အမျိုးအစား လေယာဉ်ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော် လေဆိပ်က ပျံတက်ပြီး ၁၄ မိနစ် အကြာမှာ နောက်ကြောင်းပြန်လှည့် ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။ မူလက ဒီလေယာဉ်ဟာ ပဲရစ်မြို့က ချားလ်စ်ဒီဂေါလ် လေဆိပ်ဆီ ဦးတည်နေခဲ့ပါတယ်။

လေယာဉ်က အရေးပေါ် ဆင်းသက်ခဲ့ရပေမယ့် ကံကောင်းထောက်မစွာပဲ လူတွေ အထိအခိုက် မရှိပါဘူး။ ခရီးသည်တွေက ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ကြားလိုက်ပြီး လေယာဉ် ကိုယ်ထည်ထဲမှာ မီးခိုးလုံး အမည်းရောင်တွေ ပြည့်သွားကြောင်း ပြောကြားခဲ့ပါတယ်။

Boeing ကုမ္ပဏီနဲ့ ပြင်သစ် လေကြောင်းလိုင်းတို့ကတော့ အခုကိစ္စဟာ လေယာဉ်ထဲက အဲကွန်း သွယ်တန်းတဲ့ ပိုက်လိုင်းတစ်ခု ပေါက်ကွဲပြီး အမှုန်အမွှားတွေ ပျံ့နှံ့သွားတာလို့ ဆိုပါတယ်။ လေယာဉ်ကို ပြန်လည် ပြင်ဆင်နေပြီး ခရီးသည်တွေကိုတော့ တခြားလေယာဉ်တွေနဲ့ ပြင်သစ်ကို သွားရောက်နိုင်ဖို့ စီစဉ်ပေးခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာပေါ်မှာ အကြီးမားဆုံး လေကြောင်း နည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Boeingဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ခေါင်းခဲစရာ မတော်တဆမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ကုမ္ပဏီက ထုတ်လုပ်တဲ့ 737 Max လေယာဉ်နှစ်စီး လပိုင်းလောက်ပဲခြားပြီး ပျက်ကျခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း Boeing အနေနဲ့ အကြီးအကျယ် နာမည်ပျက်ခဲ့သလို ဒေါ်လာ ၂၀ ဘီလီယံလောက် နစ်နာ ဆုံးရှုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Facebook