Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ရေလက်ကြားမှာ ဗြိတိန် စစ်သင်္ဘော ဖြတ်မောင်းလို့ တရုတ် ဒေါပွနေ

ဗြိတိန် စစ်သင်္ဘောတွေ ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်ခြင်း မရှိတာ ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်ခဲ့ပြီးပါပြီ။ HMS Richmondဟာ ရေလက်ကြားကို ဖြတ်ပြီး ဗီယက်နမ်ကို ဦးတည်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ် ရေလက်ကြားကို ဗြိတိန် စစ်သင်္ဘော ဖြတ်သန်း ခုတ်မောင်းခဲ့တဲ့အပေါ် တရုတ် အစိုးရက အကြီးအကျယ် ဒေါသူပုန် ထနေကြောင်း သိရပါတယ်။

ဗြိတိန် တော်ဝင်ရေတပ်ရဲ့ စစ်သင်္ဘော တစ်စီးဟာ စက်တင်ဘာ ၂၈ ရက်က ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်းခဲ့ပါတယ်။ ဒီစစ်သင်္ဘောဟာ ဗြိတိန် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်စုမှာ အခြံအရံ ရေယာဉ်အဖြစ် ပါဝင်တဲ့ ဖရီးဂိတ် စစ်သင်္ဘော HMS Richmondဖြစ်ကြောင်း ဗြိတိန် ရေတပ်က ကြေညာပါတယ်။

ဗြိတိန် စစ်သင်္ဘောတွေ ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်ခြင်း မရှိတာ ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်ခဲ့ပြီးပါပြီ။ HMS Richmondဟာ ရေလက်ကြားကို ဖြတ်ပြီး ဗီယက်နမ်ကို ဦးတည်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက် နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး အနောက်အုပ်စု မဟာမိတ် နိုင်ငံတွေက ထိုင်ဝမ် ရေလက်ကြားကို စစ်ရေး မစ်ရှင်တွေအတွက် အသုံးပြုတိုင်း ရန်စမှု တစ်ခုလို့ သတ်မှတ်လေ့ ရှိပါတယ်။ အရင်ကလည်း အမေရိကန် စစ်သင်္ဘော ရေလက်ကြားက ဖြတ်သန်းတိုင်း တရုတ်က ကန့်ကွက်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

အခု ဗြိတိန် ရေတပ်ရဲ့ လုပ်ရပ်ဟာ ဆိုးရွားတဲ့ ရည်ရွယ်ချက် သက်သက်နဲ့ စတန့်ထွင်တာသာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒေသတွင်း တည်ငြိမ်ရေးအတွက် နိုင်ငံအားလုံး အပြန်အလှန် လေးစားမှု၊ ယုံကြည်မှုမျိုး ပိုမို ပြသစေချင်တယ်လို့လည်း အဲဒီ ကြေညာချက်မှာ ပါရှိပါတယ်။

ဗြိတိန် အစိုးရကတော့ တရုတ်ရဲ့ ဝေဖန်မှုတွေအပေါ် ဘာမှတ်ချက်ပေး တုံ့ပြန်မှုမှ မရှိသေးပါဘူး။ အရင်က ထိုင်ဝမ် ရေလက်ကြားမှာ အမေရိကန် စစ်သင်္ဘောတွေ အဓိက ဖြတ်သန်း ခုတ်မောင်းလေ့ ရှိပေမယ့် မကြာသေးခင် နှစ်ပိုင်းတွေအတွင်း အမေရိကန် မဟာမိတ် နိုင်ငံတွေရဲ့ စစ်သင်္ဘောတွေပါ အသွားအလာ များလာပါတယ်။ တရုတ်က ဆန့်ကျင်နေတဲ့ ကြားထဲက ကနေဒါ၊ ပြင်သစ်၊ ဩစတြေးလျတို့ကလည်း ထိုင်ဝမ် ရေလက်ကြားမှာ စစ်သင်္ဘောတွေ ဖြတ်သန်း ခုတ်မောင်းစေခဲ့ဖူးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ ကာကွယ်ရေး ကဏ္ဍအတွက် ဝေဟင်ဆီဖြည့် အထောက်အပံ့မျိုး ကူညီပေးသွားမယ်လို့ ဗြိတိန် အစိုးရက ပြောပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

Facebook