Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား ကျောက်မီးသွေးတွင်း မီးလောင်မှုကြောင့် ၅၂ ဦးထက်မနည်း သေဆုံး

လတ်တလောမှာတော့ မိုင်းတွင်းရဲ့ တာဝန်ခံ ညွှန်ကြားရေးမှူး အပါအဝင် ၃ ဦးကို မိုင်းတွင်း လုံခြုံရေး စံနှုန်း အားနည်းချက်တွေအတွက် ဖမ်းဆီး ထိန်းသိမ်းထားလိုက်ပါတယ်။ ရုရှားမှာတော့ မိုင်းတွင်း မတော်တဆမှုတွေ အရင်ကလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။

ရုရှား နိုင်ငံမှာ ကျောက်မီးသွေးတွင်း မီးလောင်မှု တစ်ခုကြောင့် လူပေါင်း ၅၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက်က ဆိုက်ဘေးရီးယားမှာ ရှိတဲ့ မိုင်းတွင်းရဲ့ လေဝင်လေထွက် စနစ်ထဲ ကျောက်မီးသွေး အမှုန်တွေ ဝင်ရောက်ပြီး မီးလောင်မှု ဖြစ်ခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ ရုရှားမှာ ဆယ်စုနှစ် တစ်ခုအတွင်း အဆိုးဆုံး မိုင်းတွင်း မတော်တဆမှု ဖြစ်လာပါတယ်။

မူလက မီးလောင်မှုကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ကယ်ဆယ်ရေး အဖွဲ့တွေဟာ အတွင်းပိုင်းမှာ ပိတ်မိပြီး ပျောက်ဆုံးနေတဲ့ မိုင်းတွင်း လုပ်သားတွေဆီ အချိန်မီ မရောက်နိုင်ခဲ့ကြပါဘူး။ နောက်တစ်နေ့မှာတော့ ပျောက်ဆုံးနေသူတွေပါ အသက်ရှူ မွန်းကျပ် သေဆုံးသွားပြီလို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

မိုင်းတွင်းထဲ ပိတ်မိနေသူတွေထဲမှာ အသက်ရှင် လွတ်မြောက်သူ တစ်ယောက်မှ မရှိဘူးလို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်ချိန်က ကီမီရိုဗိုမြို့နားက လစ္စယက်ဇ်ဟန်ညာ မိုင်းတွင်းနားမှာ အလုပ်လုပ်နေသူ စုစုပေါင်း ၂၈၅ ဦးလောက် ရှိနေခဲ့ပါတယ်။ မိုင်းတွင်း မီးလောင်ချိန်မှာ ထွက်ပြေး လွတ်မြောက်ခဲ့သူတွေ ရှိပြီး ၄၉ ဦးကတော့ ဆေးရုံတက်ရောက် ကုသမှု ခံနေရပါတယ်။ အများစုက မီးခိုးငွေ့ အဆိပ်သင့်ကြတာဖြစ်ပြီး ၄ ဦးရဲ့ အခြေအနေက စိုးရိမ်ရပါတယ်။

ကယ်ဆယ်ရေးတွေရဲ့ အဆိုအရ မိုင်းတွင်း မီးစလောင်ချိန်မှာ အထဲက ပိတ်မိနေတဲ့ လုပ်သားတွေကို ရွှေ့ပြောင်းပေးဖို့ ကြိုးစားခဲ့ကြသေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မိုင်းတွင်းထဲမှာ အန္တရာယ်ရှိတဲ့ မီသိန်းဓာတ်ငွေ့ ပမာဏ အမြောက်အမြား စိမ့်ထွက်နေတာကြောင့် ကယ်ဆယ်ရေး ဆောင်ရွက်နေမှုတွေကို မလွှဲမရှောင်သာ ရပ်နားထားလိုက်ရတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မိုင်းတွင်းရဲ့ တာဝန်ခံ ညွှန်ကြားရေးမှူး အပါအဝင် ၃ ဦးကို မိုင်းတွင်း လုံခြုံရေး စံနှုန်း အားနည်းချက်တွေအတွက် ဖမ်းဆီး ထိန်းသိမ်းထားလိုက်ပါတယ်။ ရုရှားမှာတော့ မိုင်းတွင်း မတော်တဆမှုတွေ အရင်ကလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။

၂၀၀၄ ခုနှစ်တုန်းက မိုင်းတွင်းတစ်ခုမှာ မီသိန်းဓာတ်ငွေ့တွေ ပေါက်ကွဲလို့ လူ ၁၃ ဦး သေဆုံးခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်မှာ အာဏာပိုင်တွေက ပြည်တွင်းမှာရှိတဲ့ ကျောက်မီးသွေးတွင်း ၅၈ ခုလောက်ကို ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့အခါ ၃၄ ရာခိုင်နှုန်းဟာ များလွန်းတဲ့ လုံခြုံရေး အစီအမံ အားနည်းချက်တွေ ရှိနေကြောင်း စစ်ဆေး တွေ့ရှိခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။