Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ကို သံတမန်ရေးအရ သပိတ်မှောက်ဖို့ အမေရိကန် ဆုံးဖြတ်

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သူဟာ ဆောင်းရာသီ အိုလံပစ်အပေါ် သံတမန်ရေးရာ သပိတ်မှောက်ဖို့ကိစ္စ စိုင်းပြင်းနေကြောင်း ပြီးခဲ့တဲ့လမှာ ထုတ်ပြောခဲ့တဲ့နောက် တရုတ်က အခုလို တုံ့ပြန်ခဲ့တာပါ။

တရုတ်ကို သပိတ်မှောက်တဲ့ အနေနဲ့ ၂၀၂၂ ခုနှစ်၊ ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ကို အမေရိကန် သံအရာရှိတွေ မတက်ရောက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

ဆောင်းရာသီ အိုလံပစ်မှာ အမေရိကန် အစိုးရ အနေနဲ့ တရားဝင် ကိုယ်စားလှယ် အဖွဲ့တွေ စေလွှတ်သွားမှာ မဟုတ်ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ စိုးရိမ်စရာ လူ့အခွင့်အရေး ကိစ္စတွေအပေါ် သပိတ်မှောက်တဲ့ သဘောထားမျိုး ပြသလိုက်တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန် ကိုယ်စားပြု အားကစား မောင်မယ်တွေကတော့ ဆောင်းရာသီ အိုလံပစ်မှာ ပါဝင် ယှဉ်ပြိုင်ဖို့ ရှိနေပြီး အစိုးရကလည်း အပြည့်အဝ ထောက်ပံ့ ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

အမေရိကန် အစိုးရရဲ့ သဘောထားနဲ့ ပတ်သက်လို့ တရုတ်က ဘယ်လို တုံ့ပြန်မလဲ ဆိုတာတော့ မသိရသေးပါဘူး။ အစောပိုင်းမှာ တရုတ်က တကယ်လို့ ဆောင်းရာသီ အိုလံပစ်မှာ နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ သပိတ်မှောက်တဲ့ ပုံစံမျိုးတွေ တွေ့လာရရင် တိတိကျကျ စီမံတုံ့ပြန်တာတွေ ရှိလာလိမ့်မယ်လို့ သတိပေးထားဖူးပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သူဟာ ဆောင်းရာသီ အိုလံပစ်အပေါ် သံတမန်ရေးရာ သပိတ်မှောက်ဖို့ကိစ္စ စိုင်းပြင်းနေကြောင်း ပြီးခဲ့တဲ့လမှာ ထုတ်ပြောခဲ့တဲ့နောက် တရုတ်က အခုလို တုံ့ပြန်ခဲ့တာပါ။

ဒီဇင်ဘာ ၆ ရက်မှာတော့ အိမ်ဖြူတော် ပြန်ကြားရေး အတွင်းဝန် ဂျန်ဆာကီက ဆောင်းရာသီ အိုလံပစ်ကို သံတမန်ရေးအရ သပိတ်မှောက်မယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြု ကြေညာလိုက်ပါတယ်။ ရှင်းကျန်း ဒေသမှာ တရုတ် အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်လိုမင်းထက် ပြုမူမှုတွေကို ဆန့်ကျင်ကြောင်း ပြသတဲ့ အနေနဲ့ အမေရိကန် သံအရာရှိတွေက ဘေဂျင်း အိုလံပစ်ကို သပိတ်မှောက်မှာ ဖြစ်တယ်လို့ ဆာကီက ပြောကြားသွားပါတယ်။

အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဒီမိုကရက် ပါတီအပြင် ပြိုင်ဘက် ရီပတ်ဘလစ်ကန်တွေကပါ ချီးကျူး ကြိုဆိုခဲ့ကြပါတယ်။ အမေရိကန်အပြင် ဗြိတိန်နဲ့ ဩစတြေးလျတို့ကလည်း ဆောင်းရာသီ အိုလံပစ်ကို အသီးသီး သပိတ်မှောက်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။