Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ စူပါတိုင်ဖွန်း မုန်တိုင်းကြီး တိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်ထိရှိလာ

ဖိလစ်ပိုင်မှာ စံချိန်တင် အဆိုးရွားဆုံး တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကတော့ ၂၀၁၃ ခုနှစ်က စူပါတိုင်ဖွန်းကြီး ဟိုင်ယန်ပဲ ဖြစ်ပါတယ်။ ယိုလန်ဒါလို့လည်း ခေါ်ဝေါ်တဲ့ မုန်တိုင်းကြီးကြောင့် လူပေါင်း ၇၃၀၀ ကျော် သေဆုံး၊ ပျောက်ဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

စူပါ တိုင်ဖွန်း မုန်တိုင်းကြီး ရိုင် ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဖိလစ်ပိုင် နိုင်ငံမှာ အသေအပျောက် ပမာဏက ၂၀၀ ကျော်လွန်လာပြီလို့ သိရပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေက နောက်ထပ် အလောင်းတွေ ရှာတွေ့လာတဲ့နောက် ၂၄ နာရီအတွင်း အသေအပျောက် ကိန်းဂဏန်းက ၁၀၀ လောက် ထပ်တိုးလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဖိလစ်ပိုင် အရှေ့တောင်ပိုင်း ကျွန်းစုတွေကို ဖြတ်သန်း တိုက်ခတ်သွားတဲ့ ရိုင်ဟာ အခုနှစ်အတွင်း ဖိလစ်ပိုင်မှာ ကြုံဖူးသမျှ အင်အား အပြင်းဆုံး တိုင်ဖွန်း မုန်တိုင်း ဖြစ်လာပါတယ်။ ဖိလစ်ပိုင်ဟာ ပျမ်းမျှ တစ်နှစ်ကို မုန်တိုင်း အခု ၂၀ လောက် ဖြတ်သန်းတာမျိုး ကြုံရလေ့ ရှိပါတယ်။

လက်ရှိ အချိန်ထိ သေဆုံးသူ ၂၀၈ ဦး၊ ဒဏ်ရာရသူ ၂၄၀ ဝန်းကျင်နဲ့ ပျောက်ဆုံးနေသူ ၅၂ ဦး စာရင်းရထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ မုန်တိုင်းကြောင့် နေအိမ် အဆောက်အအုံတွေ အများအပြား ထိခိုက် ပျက်စီးခဲ့ပြီး လူပေါင်း ၃ သိန်းကျော်လောက် အရေးပေါ် ပြောင်းရွှေ့ခဲ့ရပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေ ပါဝင် ဆောင်ရွက်ပေးနေတဲ့ ဖိလစ်ပိုင် ကြက်ခြေနီ အဖွဲ့ကတော့ မုန်တိုင်းဒဏ်သင့် ဒေသက မြင်ကွင်းတွေဟာ လုံးဝဥဿုံ အနိဋ္ဌာရုံ ဆန်နေတယ်လို့ ပြောပါတယ်။ မုန်တိုင်းကြောင့် တဲအိမ်တွေ အောက်ခြေကနေ ကျွတ်ထွက်ကုန်တာမျိုး ရှိသလို ဓာတ်တိုင်တွေပါ ပြိုလဲကုန်ပါတယ်။ ကျေးရွာ တော်တော်များများလည်း ရေလွှမ်းသွားပါတယ်။

Public Service Announcement

Public Service Announcement

ဖိလစ်ပိုင်မှာ စံချိန်တင် အဆိုးရွားဆုံး တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကတော့ ၂၀၁၃ ခုနှစ်က စူပါတိုင်ဖွန်းကြီး ဟိုင်ယန်ပဲ ဖြစ်ပါတယ်။ ယိုလန်ဒါလို့လည်း ခေါ်ဝေါ်တဲ့ မုန်တိုင်းကြီးကြောင့် လူပေါင်း ၇၃၀၀ ကျော် သေဆုံး၊ ပျောက်ဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ အကျဉ်းချ ခံနေရတဲ့ လူသတ်သမား၊ မူးယစ်ရာဇာ တစ်ဦးဟာ ဒရုန်းမှာ တွဲလောင်းခိုစီးပြီး ထောင်ဖောက် ထွက်ပြေးဖို့ ကြံစည်ထားပေမယ့် အစမ်းလေ့ကျင့်မှု ဗီဒီယို ပေါက်ကြားသွားလို့ အစီအစဉ် ပျက်ပြယ်သွားခဲ့ကြောင်း သိရပါတယ်။

Facebook