Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝံပုလွေအုပ် လွတ်သွားလို့ ပြင်သစ် တိရစ္ဆာန်ရုံတစ်ခု အရေးပေါ် ပိတ်ခဲ့ရ

အဲဒီ တိရစ္ဆာန်ရုံဟာ ဟက်တာပေါင်း ၆၀ ကျော် ကျယ်ဝန်းပြီး ခြင်္သေ့တွေ၊ မျောက်တွေ၊ ဝံပုလွေတွေ၊ ကြိုးကြာတွေ အပါအဝင် တိရစ္ဆာန် အကောင် ၆၀၀ ကျော်ကို မွေးမြူထားကြောင်း သိရှိရပါတယ်။

ဝံပုလွေတွေ အုပ်လိုက်ကြီး လွတ်သွားတဲ့နောက် ပြင်သစ်က တိရစ္ဆာန်ရုံ တစ်ခုကို အရေးပေါ် ပိတ်ခဲ့ရကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၂၄ ရက်က လာရောက် လည်ပတ်သူတွေ ရှိနေတဲ့အချိန် ဝံပုလွေ ၉ ကောင်ပါတဲ့ အုပ်စုတစ်ခု လှောင်ချိုင့်ထဲက လွတ်သွားတာ ဖြစ်ပါတယ်။ ပြင်သစ် တောင်ပိုင်း၊ မွန်ထရီဒွန်-လာဘက်ဆွန်နီ မြို့ထဲမှာ ရှိနေတဲ့ တိရစ္ဆာန်ရုံက ဒီဖြစ်စဉ်မှာ လူတွေ ထိခိုက် ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။

ဝံပုလွေအုပ်ဟာ လုံခြုံရေး အတားအဆီးတွေကို ဖျက်ဆီးပစ်ခဲ့ပြီး စည်းရိုးတစ်ခုကို ကျော်တက်ခဲ့ပေမယ့် တိရစ္ဆာန်ရုံဝင်း အပြင်ဖက်ကိုတော့ လွတ်မြောက်မသွားခဲ့ပါဘူး။ အဲဒီထဲက ၄ ကောင်ဟာ ရန်လိုတဲ့ အပြုအမူတွေ ရှိနေတဲ့အတွက် အသေပစ်သတ်ခဲ့ရကြောင်း တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက ဆိုပါတယ်။

ကျန်တဲ့ ၅ ကောင်ကိုတော့ မေ့ဆေးနဲ့ ပစ်ဖမ်းပြီး လှောင်ချိုင့်ထဲ ပြန်ထည့်ခဲ့ပါတယ်။ အခြေအနေက ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားပေမယ့် ဧည့်သည်တွေအတွက် အန္တရာယ်တော့ မရှိခဲ့ဘူးလို့ ဒေသခံ အုပ်ချုပ်ရေး အရာရှိ ဖေဘီယန် ချောလတ်က ပြောပါတယ်။ လုံခြုံရေးအရ စိတ်ချရတာ သေချာကြောင်း စစ်ဆေး အတည်ပြုမှုတွေ မပြီးမချင်းတော့ ထရိုင်ယော့စ် ဗဲလက်စ် တိရစ္ဆာန်ရုံကို ဆက်ပြီး ပိတ်ထားရမှာ ဖြစ်ပါတယ်။ တိရစ္ဆာန်ရုံရဲ့ ဝက်ဘ်ဆိုက်မှာတော့ အရေးပေါ် ပြင်ဆင်မှုတွေအတွက် ဇန်နဝါရီ လလယ်ထိ ခဏပိတ်ထားမယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ တိရစ္ဆာန်ရုံဟာ ဟက်တာပေါင်း ၆၀ ကျော် ကျယ်ဝန်းပြီး ခြင်္သေ့တွေ၊ မျောက်တွေ၊ ဝံပုလွေတွေ၊ ကြိုးကြာတွေ အပါအဝင် တိရစ္ဆာန် အကောင် ၆၀၀ ကျော်ကို မွေးမြူထားကြောင်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး တတိယနေရာ လုပွဲမှာ အင်္ဂလန်က ပြင်သစ်ကို ခြောက်ဂိုး-လေးဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါ့အပြင် အခုပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယမ် အမ်ဘာပေကလည်း လက်ရှိ ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းဘုရင် နေရာမှာရော၊ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး...

နိုင်ငံတကာ

ပြင်သစ်ဆီက တိုက်လေယာဉ် ၁၆ စီး ဝယ်ယူဖို့ ယူကရိန်းက စီစဉ်နေကြောင်း ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောကြားခဲ့ပါတယ်။

Facebook