Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကူးစက်နှုန်း မြင့်လာလို့ အိန္ဒိယက မြို့ကြီး နှစ်ခုမှာ ညမထွက်ရ အမိန့်ထုတ်

အိန္ဒိယမှာ အရွယ်ရောက်ပြီးသူ ဦးရေရဲ့ ၆၃ ရာခိုင်နှုန်းလောက်ဟာ ကာကွယ်ဆေး ၂ ကြိမ် အပြည့်ထိုးထားပြီး ၉၀ ရာခိုင်နှုန်းကတော့ အနည်းဆုံး ဆေး ၁ လုံး ထိုးထားပြီးဖြစ်ကြောင်း သိရပါတယ်။

ကပ်ရောဂါ ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာတဲ့နောက် အိန္ဒိယရဲ့ အကြီးဆုံး မြို့တွေမှာ ညမထွက်ရ အမိန့်နဲ့ ရောဂါ တားဆီးရေး အစီအမံတွေ တကျော့ပြန် ကျင့်သုံးနေရပြီ ဖြစ်ပါတယ်။

ဇန်နဝါရီ ၅ ရက် ထုတ်ပြန်ချက်အရ အိန္ဒိယမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်လူနာ ၅၈၀၀၀ ကျော် တိုးလာခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ တစ်ပတ်က နေ့အလိုက် ကူးစက်နှုန်းနဲ့ ယှဉ်ရင် ၆ ဆ မြင့်တက်လာတာပါ။ အဲဒီ ကူးစက်မှု အသစ် အားလုံးရဲ့ သုံးပုံတစ်ပုံ နီးပါးဟာ မြို့တော် ဒေလီနဲ့ အဓိက စီးပွားရေး မြို့ကြီးဖြစ်တဲ့ မွမ်ဘိုင်းမှာ တွေ့ရှိခဲ့ရတာပါ။

အိန္ဒိယမှာ Omicron မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကလည်း ကပ်ရောဂါရဲ့ ကူးစက် ပျံ့နှံ့နှုန်းကို အရှိန်မြှင့်တင် ပေးနေပါတယ်။ အိန္ဒိယ ကာကွယ်ရေး ပရောဂျက်ရဲ့ အကြီးအကဲ ဒေါက်တာ အန်ကေ အရိုရာက အိန္ဒိယမှာ ကိုဗစ် တတိယလှိုင်း စတင်နေပြီဖြစ်ပြီး ဒီတစ်ကြိမ်လှိုူင်းကို အဓိက မောင်းနှင်တဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲက Omicron ဖြစ်လာတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

အခုဆိုရင် ဒေလီနဲ့ မွမ်ဘိုင်းတို့မှာ ကပ်ရောဂါ တားဆီးရေး အစီအမံတွေကို ပြန်လည် ကျင့်သုံးဖို့ တာဝန်ရှိသူတွေက အရေးပေါ် ညွှန်ကြားထားကြပါတယ်။ ဒေလီ ကျန်းမာရေး ဝန်ကြီး ဆတ်ယန်ဒါ ဂျိန်းကတော့ မြို့ထဲမှာ ဆေးစစ် တွေ့ရှိလာတဲ့ Positive လူနာသစ် အားလုံးရဲ့ ၈၁ ရာခိုင်နှုန်းဟာ Omicron ကူးစက် ခံရတာလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒေလီမှာတော့ အဓိက ဆေးရုံကြီး တချို့ဟာ ဆရာဝန်တွေကို ဆောင်းရာသီ ခွင့်ရက် ခံစားခွင့် ပေးမယ့် အစီအစဉ်တွေ ပြန်ရုပ်သိမ်းပြီး ကပ်ရောဂါလှိုင်းအတွက် ကြိုတင် ပြင်ဆင်နေပါတယ်။ အိန္ဒိယဟာ ပြီးခဲ့တဲ့နှစ်၊ မေလလောက်တုန်းက Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် တစ်နေ့တာ ကူးစက်နှုန်း စံချိန်သစ်အဖြစ် ၂၄ နာရီအတွင်း ကိုဗစ်လူနာ ၄၀၀၀၀၀ ကျော် တိုးလာတာမျိုး ကြုံခဲ့ဖူးပါတယ်။

ဒေလီဟာ ကိုဗစ်ဒဏ် အဆိုးဆုံး ခံရတဲ့ မြို့ကြီးတစ်ခု ဖြစ်ခဲ့ဖူးပြီး မြို့အနှံ့ ဆေးရုံတွေမှာ ကုတင်တွေ မအားတော့သလို အောက်စီဂျင် ရှားပါး ပြတ်လပ်မှုတွေပါ ကြုံခဲ့ဖူးပါတယ်။ သုဿန်တွေမှာလည်း မီးသင်္ဂြိုဟ်စက်တွေ အရမ်း အလုပ်များလို့ အလောင်းတွေကို အစုလိုက် အပြုံလိုက် ပေါင်းပြီး သင်္ဂြိုဟ်ရတာတွေပါ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းမှာတော့ အိန္ဒိယရဲ့ တစ်နိုင်ငံလုံး နေ့အလိုက် ကူးစက်နှုန်းဟာ ပျမ်းမျှ ၁၀၀၀၀ အောက်သာ ရှိနေခဲ့ပါတယ်။ လောလောဆယ် ကူးစက်နှုန်း ပြန်မြင့်တက်လာပေမယ့် Delta မျိုးကွဲ အားကောင်းတဲ့ ကာလနဲ့ယှဉ်ရင် Omicron ကူးစက်မှုတွေကြောင့် ဆေးရုံတက်ရတဲ့ အချိုးအစားကတော့ သိသိသာသာ ပိုနည်းနေကြောင်း ကနဦး လေ့လာမှု အချက်အလက်တွေက ညွှန်ပြနေပါတယ်။

ဇန်နဝါရီ ၄ ရက်မှာတော့ ဒေလီမြို့တော် အုပ်ချုပ်ရေး ဌာနက ညမထွက်ရ အမိန့် ထုတ်လိုက်ပြီး အရေးပေါ် ကိစ္စမျိုး မဟုတ်ရင် အပြင်လုံးဝ မထွက်ဖို့ ညွှန်ကြားထားပါတယ်။ ဒေလီမှာ အားကစားရုံတွေ၊ ရုပ်ရှင်ရုံတွေကိုလည်း ပိတ်ထားခဲ့ပြီး အခုအခါ ညမထွက်ရ အမိန့်ပါ တစ်ဆင့်တိုး ထုတ်ပြန်လိုက်ရတာပါ။

အိန္ဒိယမှာ အရွယ်ရောက်ပြီးသူ ဦးရေရဲ့ ၆၃ ရာခိုင်နှုန်းလောက်ဟာ ကာကွယ်ဆေး ၂ ကြိမ် အပြည့်ထိုးထားပြီး ၉၀ ရာခိုင်နှုန်းကတော့ အနည်းဆုံး ဆေး ၁ လုံး ထိုးထားပြီးဖြစ်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

အိန္ဒိယထွက်​ပြေးတဲ့ စစ်သား ၂၇၆ ​ယောက်ထဲက ပထမအသုတ် ၁၈၄ ဦး​ကို ဇန်နဝါရီ ၂၂ ရက်မှာ​​လေယာဥ်နဲ့​ခေါ်သွားပြီးဒုတိယအသုတ်ကို ဒီက​နေ့မနက်သွား​ခေါ်တာမှာ​လေယာဥ်မ​တော်တဆဖြစ်ခဲ့တာပါ။