Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား​တွေကိုသွားခေါ်တဲ့စစ်ကောင်စီလေယာဥ် မ​တော်တဆဖြစ်

အိန္ဒိယထွက်​ပြေးတဲ့ စစ်သား ၂၇၆ ​ယောက်ထဲက ပထမအသုတ် ၁၈၄ ဦး​ကို ဇန်နဝါရီ ၂၂ ရက်မှာ​​လေယာဥ်နဲ့​ခေါ်သွားပြီးဒုတိယအသုတ်ကို ဒီက​နေ့မနက်သွား​ခေါ်တာမှာ​လေယာဥ်မ​တော်တဆဖြစ်ခဲ့တာပါ။

ဓါတ်ပုံ-The Lairam Times
ဓါတ်ပုံ-The Lairam Times

ရက္ခိုင့်တပ်​တော်-AA ကတိုက်ခိုက်၍ စစ်ရှုံးပြီး အိန္ဒိယနိုင်ငံ ၊မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်သား ၂၇၆ ဦးကို သွား​ခေါ်တဲ့ စစ်​ကောင်စီ​လေယာဥ်ဟာLengpui လေဆိပ်အဆင်းမှာ ပြေးလမ်းချော်မှုဖြစ်ပွားခဲ့တယ်လို့ အိန္ဒိယ​ဒေသတွင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

ဓါတ်ပုံ-The Lairam Times
ဓါတ်ပုံ-The Lairam Times

ဒီ​နေ့ အိန္ဒိယစံ​တော်ချိန် မနက် ၁၀ နာရီ ၁၇ မိနစ်မှာ​လေယာဥ်မ​တော်တဆဖြစ်တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု​တွေရှိတယ်လို့ သိရပါတယ် ။ ​လေယာဥ်ဟာ ခါကျိုးအက်သွားတာကိုပုံ​တွေမှာ​တွေ့ရပြီး ​လေယာဥ်ဆီက​နေ ထမ်းစင်နဲ့ ဒဏ်ရာရသူအချို့ကို ​ခေါ်ထုတ်​နေတာကိုလည်း The Lairam Times သတင်းဌာနက​ဖော်ပြထားပါတယ် ။

ဓါတ်ပုံ-The Lairam Times
ဓါတ်ပုံ-The Lairam Times

အိန္ဒိယထွက်​ပြေးတဲ့ စစ်သား ၂၇၆ ​ယောက်ထဲက ပထမအသုတ် ၁၈၄ ဦး​ကို ဇန်နဝါရီ ၂၂ ရက်မှာ​​လေယာဥ်နဲ့​ခေါ်သွားပြီးဒုတိယအသုတ်ကို ဒီက​နေ့မနက်သွား​ခေါ်တာမှာ​လေယာဥ်မ​တော်တဆဖြစ်ခဲ့တာပါ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်ဖိတ်ကြားပြီး အစိုးရ အဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကရော၊ သမ္မတ ဒရုပဒီမုရ်မုတို့ကလည်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါတယ်။