Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်မှာ ဆီးနှင်းကျနေချိန် လမ်းပေါ် ကားတွေပိတ်မိနေရင်း လူ ၂၂ ဦးသေဆုံး

သေဆုံးသူ အများစုဟာ ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းပြီး အသက်ဆုံးရှုံးကုန်တာ ဖြစ်တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ရာသီဥတုကြောင့် ရောဂါအခံ ပြန်ထပြီး သေဆုံးသူ တချို့လည်း ပါဝင်မယ်လို့ ခန့်မှန်းရပါတယ်။ သေဆုံးသူတွေထဲမှာ အစ္စလာမ်မာဘတ် မြို့တော်က ရဲအရာရှိ ၁ ဦးနဲ့ မိသားစုဝင် ၇ ဦးလည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

ပါကစ္စတန် နိုင်ငံမှာ ရာသီဥတု အရမ်းဆိုးရွား ပြင်းထန်နေတဲ့အချိန် ကားတွေထဲ ပိတ်မိနေကြရာက လူ ၂၂ ဦးထက်မနည်း အေးခဲ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ပါကစ္စတန်က လူသိများတဲ့ တောင်ပေါ်စခန်း တစ်ခုဆီ အသွားမှာ ဆီးနှင်းတွေ ကျဆင်းလာလို့ ကားတွေ တန်းစီပြီး ပိတ်မိနေခဲ့ကြတာပါ။ ရာသီဥတုကြောင့် ရှေ့မဆက်နိုင်တဲ့ ယာဉ်တန်းဟာ လမ်းပေါ်မှာပဲ ညအိပ်ခဲ့ရပါတယ်။ ကယ်ဆယ်ရေးတွေ ရောက်ရှိလာချိန်မှာတော့ တချို့ကားတွေထဲမှာ ကလေး ၁၀ ဦး အပါအဝင် သေဆုံးသူ ၂၂ ဦးကို တွေ့ရှိခဲ့ကြပါတယ်။

ဇန်နဝါရီ ၇ ရက် ညပိုင်းက မာရီး တောင်ပေါ်စခန်းမြို့နားမှာ ဆီးနှင်းထုက ၄ ပေလောက် အမြင့်ထိ ထူထူထဲထဲ ကျဆင်းနေခဲ့ပါတယ်။ နောက်တစ်နေ့ မနက်ထိ နှင်းကျတာ လုံးဝ မရပ်ခဲ့ဘဲ ကားအစီးရေ ထောင်ဂဏန်းလောက် လမ်းပေါ်မှာပဲ ညအိပ်ခဲ့ရပါတယ်။

ဆီးနှင်းတွေက အရမ်းများတော့ အကြီးစား ယန္တရားတွေကိုပါ အသုံးပြုပြီး လိုက်လံ ရှင်းလင်းခဲ့ရပါတယ်။ အဲဒီညမှာ အပူချိန်ဟာ ရေခဲမှတ်အောက် ၈ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ကျဆင်းခဲ့တယ်လို့လည်း သိရပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ကားတွေ ပိတ်မိနေတဲ့ နေရာကို သွားရောက်ဖို့ ဒေသခံ စစ်တပ်ရဲ့ တောင်တက် ကျွမ်းကျင် ပညာရှင်တွေဆီကပါ အကူအညီ ယူခဲ့ရပါတယ်။ ဆီးနှင်း စဲသွားချိန်မှာ ကားတွေကို ဖြည်းဖြည်းချင်း ဆွဲထုတ်နေပေမယ့် ပိတ်မိနေတဲ့ကားတွေ ရာနဲ့ချီ ကျန်နေဆဲပါ။

Public Service Announcement

Public Service Announcement

သေဆုံးသူ အများစုဟာ ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းပြီး အသက်ဆုံးရှုံးကုန်တာ ဖြစ်တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ရာသီဥတုကြောင့် ရောဂါအခံ ပြန်ထပြီး သေဆုံးသူ တချို့လည်း ပါဝင်မယ်လို့ ခန့်မှန်းရပါတယ်။ သေဆုံးသူတွေထဲမှာ အစ္စလာမ်မာဘတ် မြို့တော်က ရဲအရာရှိ ၁ ဦးနဲ့ မိသားစုဝင် ၇ ဦးလည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

မာရီး တောင်ပေါ်စခန်းဟာ အစ္စလာမ်မာဘတ် မြို့တော်ရဲ့ မြောက်ဖက် ၂၈ မိုင်လောက် အကွာမှာ တည်ရှိပြီး နှစ်စဉ် လူပေါင်း သန်းနဲ့ချီ သွားရောက် လည်ပတ်လေ့ ရှိပါတယ်။ ဒါပေမဲ့ ဆောင်းရာသီဆိုရင် ဆီးနှင်းတွေကျပြီး လမ်းတွေ ပိတ်ဆို့တတ်ကြောင်း တာဝန်ရှိသူတွေက သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ပါကစ္စတန် ခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ အပြန်အလှန် အမွှန်းတင် ချီးကျူးခဲ့ကြပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ စစ်သားတွေကို သယ်ဆောင်လာတဲ့ ခရီးသည်တင် ရထားတစ်စီးကို ပစ်မှတ်ထားတဲ့ ကားဗုံးခွဲမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အာဏာပိုင်တွေကို လှောင်ပြောင်သရော်တဲ့ ပိုးဟပ်ပါတီ နိုင်ငံရေး လှုပ်ရှားမှုဟာ အိန္ဒိယကနေ ပါကစ္စတန်ကို ကူးစက်သွားပါတယ်။