Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပါကစ္စတန်မှာ ဆီးနှင်းကျနေချိန် လမ်းပေါ် ကားတွေပိတ်မိနေရင်း လူ ၂၂ ဦးသေဆုံး

သေဆုံးသူ အများစုဟာ ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းပြီး အသက်ဆုံးရှုံးကုန်တာ ဖြစ်တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ရာသီဥတုကြောင့် ရောဂါအခံ ပြန်ထပြီး သေဆုံးသူ တချို့လည်း ပါဝင်မယ်လို့ ခန့်မှန်းရပါတယ်။ သေဆုံးသူတွေထဲမှာ အစ္စလာမ်မာဘတ် မြို့တော်က ရဲအရာရှိ ၁ ဦးနဲ့ မိသားစုဝင် ၇ ဦးလည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

ပါကစ္စတန် နိုင်ငံမှာ ရာသီဥတု အရမ်းဆိုးရွား ပြင်းထန်နေတဲ့အချိန် ကားတွေထဲ ပိတ်မိနေကြရာက လူ ၂၂ ဦးထက်မနည်း အေးခဲ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ပါကစ္စတန်က လူသိများတဲ့ တောင်ပေါ်စခန်း တစ်ခုဆီ အသွားမှာ ဆီးနှင်းတွေ ကျဆင်းလာလို့ ကားတွေ တန်းစီပြီး ပိတ်မိနေခဲ့ကြတာပါ။ ရာသီဥတုကြောင့် ရှေ့မဆက်နိုင်တဲ့ ယာဉ်တန်းဟာ လမ်းပေါ်မှာပဲ ညအိပ်ခဲ့ရပါတယ်။ ကယ်ဆယ်ရေးတွေ ရောက်ရှိလာချိန်မှာတော့ တချို့ကားတွေထဲမှာ ကလေး ၁၀ ဦး အပါအဝင် သေဆုံးသူ ၂၂ ဦးကို တွေ့ရှိခဲ့ကြပါတယ်။

ဇန်နဝါရီ ၇ ရက် ညပိုင်းက မာရီး တောင်ပေါ်စခန်းမြို့နားမှာ ဆီးနှင်းထုက ၄ ပေလောက် အမြင့်ထိ ထူထူထဲထဲ ကျဆင်းနေခဲ့ပါတယ်။ နောက်တစ်နေ့ မနက်ထိ နှင်းကျတာ လုံးဝ မရပ်ခဲ့ဘဲ ကားအစီးရေ ထောင်ဂဏန်းလောက် လမ်းပေါ်မှာပဲ ညအိပ်ခဲ့ရပါတယ်။

ဆီးနှင်းတွေက အရမ်းများတော့ အကြီးစား ယန္တရားတွေကိုပါ အသုံးပြုပြီး လိုက်လံ ရှင်းလင်းခဲ့ရပါတယ်။ အဲဒီညမှာ အပူချိန်ဟာ ရေခဲမှတ်အောက် ၈ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ကျဆင်းခဲ့တယ်လို့လည်း သိရပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ကားတွေ ပိတ်မိနေတဲ့ နေရာကို သွားရောက်ဖို့ ဒေသခံ စစ်တပ်ရဲ့ တောင်တက် ကျွမ်းကျင် ပညာရှင်တွေဆီကပါ အကူအညီ ယူခဲ့ရပါတယ်။ ဆီးနှင်း စဲသွားချိန်မှာ ကားတွေကို ဖြည်းဖြည်းချင်း ဆွဲထုတ်နေပေမယ့် ပိတ်မိနေတဲ့ကားတွေ ရာနဲ့ချီ ကျန်နေဆဲပါ။

Public Service Announcement

Public Service Announcement

သေဆုံးသူ အများစုဟာ ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းပြီး အသက်ဆုံးရှုံးကုန်တာ ဖြစ်တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ရာသီဥတုကြောင့် ရောဂါအခံ ပြန်ထပြီး သေဆုံးသူ တချို့လည်း ပါဝင်မယ်လို့ ခန့်မှန်းရပါတယ်။ သေဆုံးသူတွေထဲမှာ အစ္စလာမ်မာဘတ် မြို့တော်က ရဲအရာရှိ ၁ ဦးနဲ့ မိသားစုဝင် ၇ ဦးလည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

မာရီး တောင်ပေါ်စခန်းဟာ အစ္စလာမ်မာဘတ် မြို့တော်ရဲ့ မြောက်ဖက် ၂၈ မိုင်လောက် အကွာမှာ တည်ရှိပြီး နှစ်စဉ် လူပေါင်း သန်းနဲ့ချီ သွားရောက် လည်ပတ်လေ့ ရှိပါတယ်။ ဒါပေမဲ့ ဆောင်းရာသီဆိုရင် ဆီးနှင်းတွေကျပြီး လမ်းတွေ ပိတ်ဆို့တတ်ကြောင်း တာဝန်ရှိသူတွေက သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။