Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရောဂါ ကူးစက်မှုတွေကြောင့် Lockdown ချထားလိုက်တဲ့ တရုတ်ရဲ့ စီးပွားရေးမြို့တော် ရှန်ဟိုင်း

တရုတ် အစိုးရပိုင် မီဒီယာတွေက ထုတ်ပြန်ပြီး ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာတော့ တိတ်ဆိတ် ခြောက်ကပ်နေတဲ့ ရှန်ဟိုင်းရဲ့ လမ်းမတွေကို တွေ့နေရပါတယ်။ မြို့အရှေ့ပိုင်းက ရထားလိုင်း၊ ကားလိုင်းတွေကိုလည်း ရပ်နားထားလိုက်ပါတယ်။ မြို့အနောက်ပိုင်းမှာတော့ ဒေသခံတွေက စားနပ်ရိက္ခာတွေ ဝယ်ယူ စုဆောင်းပြီး အလုပ်ရှုပ်နေကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေး မြို့တော် ရှန်ဟိုင်းဟာ ကပ်ရောဂါ တားဆီး ထိန်းချုပ်ရေးအတွက် တင်းကျပ်တဲ့ Lockdown အစီအမံတွေ စတင် ကျင့်သုံးနေပြီ ဖြစ်ပါတယ်။

မတ်လ ၂၈ ရက်မှာ လူဦးရေ ၂၆ သန်းကျော် နေထိုင်တဲ့ မြို့ကြီးကို Lockdown စချလိုက်ပြီး အနည်းဆုံး ၉ ရက်လောက် ကြာမြင့်မယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။ ဒါဟာ ၂ နှစ်တာ ကာလအတွင်း တရုတ်မှာ ကျင့်သုံးတဲ့ အကြီးကျယ်ဆုံး Lockdown အစီအမံလည်း ဖြစ်လာပါတယ်။

ရှန်ဟိုင်းမှာ နေ့စဉ် ကိုဗစ်လူနာသစ် တိုးပွားမှု ၄၄၀၀ ကျော်လာတဲ့နောက် Lockdown နည်းလမ်းကို မဖြစ်မနေ ရွေးချယ်ဖို့ တာဝန်ရှိသူတွေက ဆုံးဖြတ်လိုက်ပါတယ်။ ကမ္ဘာ့နိုင်ငံ အများစုက ကပ်ရောဂါနဲ့ အလိုက်အထိုက် ယှဉ်တွဲနေထိုင်တဲ့ နည်းလမ်းကို ပြောင်းလဲ ရွေးချယ်လာပေမယ့် ကိုဗစ် ကူးစက်မှုတွေ အစပြုရာ တရုတ်မှာတော့ အစိုးရက ခပ်ကြမ်းကြမ်း ပိတ်ဆို့ ကိုင်တွယ်တဲ့ နည်းလမ်းမျိုးကို ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။

ရှန်ဟိုင်းမှာတော့ စီးပွားရေး လုပ်ငန်းတွေ၊ ဧည့်သည်တွေ စည်ကားနေကျ သမိုင်းဝင် နေရာတွေ၊ ကုန်သွယ်ရေး စင်တာတွေ အားလုံးလိုလို ပိတ်ထားတာ တွေ့ရပါတယ်။ တကယ်တော့ ရှန်ဟိုင်းမှာ ရောဂါ ကူးစက်မှုတွေဟာ တခြား ကမ္ဘာ့နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အတော်ကြီး နည်းပါးနေဆဲပါ။ မတ်လ ၂၄ ရက်က တစ်မြို့လုံး အတိုင်းအတာနဲ့ လက္ခဏာ လုံးဝမပြဘဲ ရောဂါကူးစက်သူ ၄၃၈၁ ဦး၊ ရောဂါလက္ခဏာ ပြသသူ ၉၆ ဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုအခါ ကူးစက်နှုန်း အရမ်းမြန်ဆန်တဲ့ Omicronမျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ကလည်း တရုတ်ကို ရောက်ရှိနေပါပြီ။

Public Service Announcement

Public Service Announcement

တရုတ် အစိုးရပိုင် မီဒီယာတွေက ထုတ်ပြန်ပြီး ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာတော့ တိတ်ဆိတ် ခြောက်ကပ်နေတဲ့ ရှန်ဟိုင်းရဲ့ လမ်းမတွေကို တွေ့နေရပါတယ်။ မြို့အရှေ့ပိုင်းက ရထားလိုင်း၊ ကားလိုင်းတွေကိုလည်း ရပ်နားထားလိုက်ပါတယ်။ မြို့အနောက်ပိုင်းမှာတော့ ဒေသခံတွေက စားနပ်ရိက္ခာတွေ ဝယ်ယူ စုဆောင်းပြီး အလုပ်ရှုပ်နေကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ရှန်ဟိုင်းမြို့တော် အုပ်ချုပ်ရေး အဖွဲ့ဟာ ကိုဗစ်ကြောင့် ထိခိုက်သွားမယ့် စီးပွားရေး လုပ်ငန်းတွေအတွက် ထောက်ပံ့ကြေးတွေ ထုတ်ပေးတာ အပါအဝင် ပံ့ပိုးကူညီသွားမယ့် အစီအမံ သစ်တွေကိုလည်း ကြေညာခဲ့ပါတယ်။ အစိုးရ အာဘော် သတင်းစာဖြစ်တဲ့ Global Timesက ရှန်ဟိုင်းအတွက် အခုကိစ္စဟာ အလှည့်အပြောင်းကြီး တစ်ရပ်လို ဖြစ်နေပေမယ့် စီးပွားရေး ထိခိုက်မှု အတိုင်းအတာက အနည်းဆုံး အဆင့်သာ ရှိလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။