Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

သီရိလင်္ကာမှာ ဆန္ဒပြပွဲတွေကနေ ဆူပူသောင်းကျန်းမှုတွေ ဖြစ်လာလို့ ညမထွက်ရ အမိန့်ထုတ်

စီးပွားရေး မြို့တော်ဖြစ်တဲ့ ကိုလံဘိုရဲ့ အစိတ်အပိုင်း တော်တော်များများမှာ မတ်လ ၃၁ ရက်ကစလို့ ညမထွက်ရအမိန့် စတင် အသက်ဝင်ကြောင်း အစိုးရက ထုတ်ပြန်ပါတယ်။ သီရိလင်္ကာဟာ ဆယ်စုနှစ် အတော်များများ ကာလအတွင်း အဆိုးရွားဆုံး စီးပွားရေး ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

သီရိလင်္ကာ နိုင်ငံမှာ ဆန္ဒပြပွဲတွေကနေ မင်းမဲ့စရိုက်ဆန်ဆန် ဆူပူ သောင်းကျန်းမှုတွေ ဖြစ်ပေါ်လာတဲ့နောက် အစိုးရက ညမထွက်ရ အမိန့် ထုတ်ပြန်ထားလိုက်ပါတယ်။

စီးပွားရေး မြို့တော်ဖြစ်တဲ့ ကိုလံဘိုရဲ့ အစိတ်အပိုင်း တော်တော်များများမှာ မတ်လ ၃၁ ရက်ကစလို့ ညမထွက်ရအမိန့် စတင် အသက်ဝင်ကြောင်း အစိုးရက ထုတ်ပြန်ပါတယ်။ သီရိလင်္ကာဟာ ဆယ်စုနှစ် အတော်များများ ကာလအတွင်း အဆိုးရွားဆုံး စီးပွားရေး ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အစိုးရဟာ အကြွေးနွံနစ်နေပြီး ပြည်တွင်းမှာလည်း စားသောက်ကုန်၊ လူသုံးကုန်တွေ ရှားပါး ပြတ်လပ်နေပါတယ်။ လျှပ်စစ်မီးကိုလည်း အချိန်ပိုင်းနဲ့သာ ပေးနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဘက်ပေါင်းစုံ ကျပ်တည်းမှုတွေကြောင့် ပြည်သူတွေက အစိုးရရဲ့ မူဝါဒတွေအပေါ် ဆန္ဒပြ လှုပ်ရှားမှုတွေ စတင်လာခဲ့ပါတယ်။

မတ်လ ၃၀ ရက်က ကိုလံဘိုမြို့ ဆင်ခြေဖုံးနားက သမ္မတ ဂိုတာဘာယာ ရာဂျာပက်ခ်ဆာ ပိုင်ဆိုင်တဲ့ ကိုယ်ပိုင် စံအိမ်နားမှာ လူပေါင်း ရာနဲ့ချီ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ နောက်တော့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ အသုံးပြုပြီး ဆန္ဒပြသူတွေကို လူစုခွဲဖို့ ကြိုးစားရာက အခြေအနေတွေ ပိုမို ရှုပ်ထွေးလာပါတယ်။

Public Service Announcement

Public Service Announcement

နောက်တော့ မော်တော်ဆိုင်ကယ်စီး ဦးထုပ်တွေ ဝတ်ဆင်ထားတဲ့ ဆန္ဒပြသူတွေက ရဲတွေကို အုတ်ခဲတွေနဲ့ ပြန်ပစ်ပေါက်ခဲ့သလို ဘတ်စ်ကား တစ်စီးကိုလည်း မီးတင်ရှို့ခဲ့ပါတယ်။ ဒါ့အပြင် လမ်းအတားအဆီး လက်ရန်းတွေကိုလည်း ဆွဲဖြုတ်ခဲ့ကြပါတယ်။

လူပေါင်း ၂၂ သန်းလောက် နေထိုင်တဲ့ သီရိလင်္ကာ နိုင်ငံမှာ ပြည်သူ အများစုဟာ တစ်နေ့ကို ၁၃ နာရီလောက် မီးပြတ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ အစိုးရက လောင်စာဆီနဲ့ စွမ်းအင် ကဏ္ဍအတွက် သုံးစွဲဖို့ လုံလောက်တဲ့ နိုင်ငံခြားငွေ သိုလှောင်ထားမှုလည်း မရှိပါဘူး။

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)က ဒီပြဿနာတွေကို ကုစားမယ့် နည်းလမ်းတွေအတွက် သီရိလင်္ကာ အာဏာပိုင်တွေနဲ့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ အခုဆိုရင် သီရိလင်္ကာ အစိုးရဟာ စွမ်းအင် ခြွေတာတဲ့ အနေနဲ့ လမ်းမီးတွေကိုပါ ပိတ်ထားတာကြောင့် ညရောက်တာနဲ့ တစ်နိုင်ငံလုံးလိုလို မှောင်မည်း တိတ်ဆိတ်နေပါတယ်။

မီးတွေ ပြတ်တဲ့အပြင် သီရိလင်္ကာမှာ ကုန်စျေးနှုန်းကလည်း မတန်တဆ ထိုးတက်နေတာကြောင့် ပြည်သူတွေ အကြီးအကျယ် အကျပ်တွေ့နေပါတယ်။ မတ်လထဲမှာတင် သီရိလင်္ကာရဲ့ ကုန်စည်တွေ ပျမ်းမျှစျေးနှုန်း မြင့်တက်မှု ၁၈.၇ ရာခိုင်နှုန်း ရှိခဲ့ပြီး စားသောက်ကုန်တွေ စျေးနှုန်းက ၃၀.၂ ရာခိုင်နှုန်းလောက်ထိ တက်သွားပါတယ်။ ဒါဟာ ၁၀ နှစ်ကျော် ကာလအတွင်း သီရိလင်္ကာမှာ အဆိုးဆုံး ကုန်စျေးနှုန်း မြင့်တက်မှု ဖြစ်လာပါတယ်။

သီရိလင်္ကာဟာ အစိုးရရဲ့ မူဝါဒရေးရာ အားနည်းချက်တွေ၊ ကြွေးမြီပြဿနာတွေအပြင် ကိုဗစ်ကပ်ရောဂါ ဖိစီးမှုတွေပါ ကြုံခဲ့ရတဲ့နောက် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း နိုင်ငံခြားငွေ သိုလှောင်မှု ၇၀ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီမှ လုံခြုံရေး အထူးတင်းကြပ်ထားသည့် ကြားမှ ယမန်နေ့က လူထုသပိတ်တိုက်ပွဲတရပ်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုနှင့်အတူ ကိုနန်းလင်းနှင့် သပိတ်အင်အားစုများက ယမန်နေ့တွင် မြောက်ဒဂုံဈေး၌ ပြုလုပ်ခဲ့သည်။

သတင်း

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (Kim) အပါအဝင် ယူကေရှိ တော်လှန်ရေးမိသားစုဝင်များက ၂၆မိုင် လမ်းလျှောက်၍နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေကြမည် ဖြစ်ကြောင်းလည်း စီစဥ်သူများထံမှသိရသည်။

နိုင်ငံတကာ

ထိုင်းလွှတ်တော်ဟာ ဇူလိုင် ၂၇ ရက်မှာ ဝန်ကြီးချုပ်သစ်ကို မဲခွဲဆုံးဖြတ် ရွေးချယ်ဖို့ ရှိနေပြီး ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ PTPက ဘယ်သူ့ကို အဆိုပြုမလဲ ဆိုတာကို အကျေအလည် ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

လမ်းပြ ဝေလငါးတွေဟာ အကြီးဆုံး အရွယ်မှာ ၆ မီတာလောက် အရှည်ရှိပြီး ၁ တန်လောက်ထိ လေးလံပါတယ်။ အဲဒီ ပင်လယ်နေ နို့တိုက် သတ္တဝါတွေဟာ အစုအဖွဲ့နဲ့ နေထိုင်တတ်ပြီး တစ်ကောင် သောင်တင်ရင် တအုံတမကြီး ပါလာတတ်ပါတယ်။