Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အယုံအကြည်မရှိ အဆိုနဲ့ ဖြုတ်ချတာ ခံလိုက်ရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်

ညွန့်ပေါင်း အစိုးရ ပြိုကွဲသွားနောက် ခန်းကို အယုံအကြည်မရှိ အဆိုတင်ဖို့ အတိုက်အခံတွေက စိုင်းပြင်းလာပေမယ့် ဝန်ကြီးချုပ် ကိုယ်တိုင်က လွှတ်တော် ဖျက်သိမ်းကြောင်း ကြေညာပြီး ဒီကိစ္စကို တားဆီးခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ပါကစ္စတန် တရားရုံးချုပ်က လွှတ်တော်ခေါ်ယူပြီး မဲခွဲ ဆုံးဖြတ်မှု အထမြောက်စေဖို့ ခွင့်ပြုပေးလိုက်ပါတယ်။

အယုံအကြည်မရှိ အဆိုကို မကျော်လွှားနိုင်ခဲ့တဲ့နောက် ပါကစ္စတန် ဝန်ကြီးချုပ် အင်မ်ရန်ခန်းဟာ ရာထူးကနေ ဖယ်ရှား ခံလိုက်ရပြီ ဖြစ်ပါတယ်။

ဧပြီ ၉ ရက် သန်းခေါင်ကျော် အချိန်မှာ ထွက်ပေါ်လာတဲ့ မဲရလဒ်က ဝန်ကြီးချုပ်ရဲ့ သို့လောသို့လော မရေမရာ ဖြစ်နေတဲ့ နိုင်ငံရေး အာဏာကို ဆုံးခန်း တိုင်သွားစေခဲ့ပါတယ်။ ညွန့်ပေါင်း နိုင်ငံရေး အင်အားစုတွေ ခွဲထွက်သွားချိန် ကတည်းက ခန်းရဲ့ ဝန်ကြီးချုပ်ဘဝဟာ ရှေ့ဆက်ဖို့ မလွယ်မကူ ဖြစ်လာပြီး အတိုက်အခံတွေက သူ့ကို အယုံအကြည် မရှိကြောင်း လွှတ်တော်မှာ အဆိုတင်သွင်းလာခဲ့တာပါ။

ညွန့်ပေါင်း အစိုးရ ပြိုကွဲသွားနောက် ခန်းကို အယုံအကြည်မရှိ အဆိုတင်ဖို့ အတိုက်အခံတွေက စိုင်းပြင်းလာပေမယ့် ဝန်ကြီးချုပ် ကိုယ်တိုင်က လွှတ်တော် ဖျက်သိမ်းကြောင်း ကြေညာပြီး ဒီကိစ္စကို တားဆီးခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ပါကစ္စတန် တရားရုံးချုပ်က လွှတ်တော်ခေါ်ယူပြီး မဲခွဲ ဆုံးဖြတ်မှု အထမြောက်စေဖို့ ခွင့်ပြုပေးလိုက်ပါတယ်။

အတိုက်အခံ အင်အားစုတွေက ခန်းဟာ ဖွဲ့စည်းပုံ ဥပဒေနဲ့ မညီညွတ်တာတွေ လုပ်ဆောင်ပြီး အာဏာ ဆက်ထိန်းဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ခန်းဟာ ပါကစ္စတန်နိုင်ငံ သမိုင်းမှာ အယုံအကြည်မရှိအဆို အောင်မြင်လို့ ရာထူးက ဖယ်ရှားခံရတဲ့ ပထမဆုံး ဝန်ကြီးချုပ်ဆိုတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်သွားရပါတယ်။

Public Service Announcement

Public Service Announcement

ပါကစ္စတန် လွှတ်တော်ဟာ နိုင်ငံခေါင်းဆောင်သစ် တင်မြှောက် ရွေးချယ်ရေးနဲ့ ပတ်သက်လို့ ဧပြီ ၁၀ ရက်မှာ နှီးနှော ဆွေးနွေးကြမှာပါ။ အဲဒီပုဂ္ဂိုလ်ဟာ ဝန်ကြီးချုပ်အဖြစ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာထိ တာဝန်ယူသွားပြီး အဲဒီကျရင် ရွေးကောက်ပွဲသစ် ပြုလုပ်မှာပါ။

ပါကစ္စတန် အမျိုးသား လက်ရွေးစင် ခရစ်ကက် အသင်းခေါင်းဆောင်ဟောင်း ခန်းဟာ ၂၀၁၈ ခုနှစ်မှာ ရွေးကောက်ပွဲ အနိုင်ရလာခဲ့ပါတယ်။ သူက အဂတိမှုတွေကို တိုက်ဖျက်ပြီး နိုင်ငံစီးပွားရေး ဦးမော့လာအောင် ထိန်းကျောင်း ပြုပြင်သွားမယ်လို့ ကတိပြုခဲ့ပေမယ့် အခြေအနေတွေက မျှော်လင့်သလို ဖြစ်မလာခဲ့ဘဲ ပါကစ္စတန်ဟာ စီးပွားရေး အကျပ်အတည်းထဲ ကျဆင်းနစ်မြုပ်သွားခဲ့ပါတယ်။

မတ်လကုန်ကစလို့ သူ့ကို လွှတ်တော်တွင်း ထောက်ခံတဲ့ အင်အားစုဟာ တဖြည်းဖြည်း ပြိုကွဲလာသလို ခန်းအနေနဲ့ နိုင်ငံရေးသမားဘဝ ရှေ့ဆက်ဖို့ အသည်းအသန် ရုန်းကန်ခဲ့ရပါတယ်။ ခန်းဟာ ပါကစ္စတန် စစ်တပ်ရဲ့ ထောက်ခံမှု အင်အားကြောင့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်ဆိုတဲ့ ထင်ကြေးတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ခန်းနဲ့ စစ်တပ်ကြားက ဆက်ဆံရေးဟာ အေးစက် ဆုတ်ယုတ်လာခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး မိုင်းလုပ်သား ၃၄ ဦးထက်မနည်း သေဆုံးသွားပါတယ်။