Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၄ နှစ်သား ယာဉ်မောင်းလေးကြောင့် အလုပ်ရှုပ်ခဲ့ရတဲ့ နယ်သာလန် ရဲတပ်ဖွဲ့

ကလေးကို မေးကြည့်တဲ့အခါ အဲဒီနေ့က အဖေဖြစ်သူ အလုပ်သွားနေတဲ့အချိန် အိပ်ရာက နိုးလာကြောင်း၊ သူက ကားမောင်းချင်တဲ့အတွက် အမေရဲ့ ကားသော့ကိုယူပြီး တက်မောင်းလာတာဖြစ်ကြောင်း ရဲတွေဆီ ပြောပြခဲ့ပါတယ်။

အမေရဲ့ကားကို တက်မောင်းပြီး တခြားကားတွေကို ဝင်တိုက်ခဲ့တဲ့ ၄ နှစ်သား ကလေးငယ်ကြောင့် နယ်သာလန် ရဲတပ်ဖွဲ့ အလုပ်ရှုပ်ခဲ့ရပါတယ်။

နိုင်ငံ အလယ်ပိုင်းက အူထရက်ချ်မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကားတစ်စီးဟာ ရပ်နားထားတဲ့ တခြားကားနှစ်စီးကို ဝင်တိုက်ခဲ့ပါတယ်။ လူတွေက ဝိုင်းအုံ စပ်စုနေတဲ့အချိန် ဝင်တိုက်တဲ့ ကားထဲကနေ ညဝတ်အင်္ကျီ ဝတ်ထားပြီး ဖိနပ်မပါတဲ့ ကလေးတစ်ယောက် ဆင်းလာတာ တွေ့ခဲ့ရပါတယ်။ အဲဒီကလေးက ခပ်တည်တည်ပဲ ထွက်ခွာသွားတဲ့နောက် အနီးအနားမှာ ရှိနေသူတွေက စိတ်ပူပြီး ရဲတွေဆီ အကြောင်းကြားခဲ့ပါတယ်။ အနားတဝိုက်မှာ ရာသီဥတုကလည်း အတော်အေးနေတာကြောင့် ကလေးရဲ့ ကျန်းမာရေးကို စိုးရိမ်ကြတာကြောင့်ပါ။

မိနစ်ပိုင်းအတွင်း ရဲတွေ ရောက်လာပြီး အဲဒီကလေးကို ရဲစခန်းဆီ ခေါ်ယူ စောင့်ရှောက်ပေးထားလိုက်ပါတယ်။ ရဲတပ်ဖွဲ့က ကလေးရဲ့ မျက်နှာကို ဖုံးကွယ်ထားတဲ့ ဓာတ်ပုံတစ်ပုံကို Instagramပေါ် တင်ခဲ့ပြီး “မက်စ်ဗက်စ်တက်ပန် အသစ်ကလေး”လို့ အရွှန်းဖောက် ပုံညွှန်းစာ ရေးထားခဲ့ပါတယ်။ ဗာစ်တက်ပန်ဟာ နယ်သာလန်နွယ်ဖွား ဖော်မြူလာဝမ်း ပြိုင်ကားသမားဖြစ်ပြီး လက်ရှိ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ပိုင်ဆိုင်ထားသူပါ။

ကလေးကို မေးကြည့်တဲ့အခါ အဲဒီနေ့က အဖေဖြစ်သူ အလုပ်သွားနေတဲ့အချိန် အိပ်ရာက နိုးလာကြောင်း၊ သူက ကားမောင်းချင်တဲ့အတွက် အမေရဲ့ ကားသော့ကိုယူပြီး တက်မောင်းလာတာဖြစ်ကြောင်း ရဲတွေဆီ ပြောပြခဲ့ပါတယ်။ ရဲတွေက ကလေး မောင်းနှင်လာပြီး စွန့်ပစ်ခဲ့တဲ့ မော်တော်ကားကိုလည်း သွားရောက် စစ်ဆေးခဲ့ပါတယ်။ အဲဒီကနေတဆင့် ကလေးမိခင်ရဲ့ အိမ်ကို ဆက်သွယ်ပြီး အကျိုးအကြောင်း ပြောပြခဲ့ကြပါတယ်။ ဒီဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အမေဖြစ်သူ လာမခေါ်ခင်မှာ ကလေးငယ်ဟာ ရဲစခန်းမှာ ရဲတွေ ကျွေးထားတဲ့ ချော့ကလက်တချို့နဲ့ ဇိမ်ကျနေခဲ့သလို တက်ဒီဝက်ဝံ အရုပ်လေး တစ်ခုလည်း လက်ဆောင် ရခဲ့ပါသေးတယ်။ နောက်တော့ ရဲတွေနဲ့ ကလေးရဲ့ မိသားစုဟာ ကားတိုက်တဲ့ နေရာဆီ အတူသွားကြပြီး ကလေးငယ်က ကားဘယ်လို မောင်းလာသလဲ ဆိုတာကို မေးမြန်းကြည့်ကြပါတယ်။ ကလေးက အမေလုပ်တဲ့အတိုင်း မှတ်ထားပြီး ကားသော့ကိုဖွင့်၊ လီဗာနင်းတဲ့ ပုံစံတွေ လုပ်ပြပါတယ်။ ရဲတွေကတော့ နောက်ဆိုရင် ကားသော့ကို ကလေး လက်လှမ်းမမီတဲ့ နေရာမှာ ဝှက်ထားဖို့ မိဘတွေကို အကြံပေးလိုက်ပါတယ်။

ကံအားလျော်စွာနဲ့ပဲ ဒီယာဉ်မောင်း သေးသေးလေးရဲ့ စွန့်စားခန်းက အထိအခိုက် အနာအကျင် မရှိဘဲ အဆုံးသတ်နိုင်ခဲ့လို့ စိတ်သက်သာရာ ရမိကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

သတင်းမီဒီယာတွေအနေနဲ့ လွတ်လပ်စွာ သတင်းရေးသားခွင့်ရရှိဖို့ နဲ့ ဖမ်းဆီးထားတဲ့ မြန်မာသတင်းသမားတွေကို လွှတ်ပေးဖို့ ဗြိတိန် နဲ့ နယ်သာလန်နိုင်ငံတွေက ဒီနေ့(မေ ၃ )ကျရောက်တဲ့ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာတောင်းဆိုထားပါတယ်။

နိုင်ငံတကာ

နယ်သာလန် ဘုရင့် မိဖုရားကြီးဟာ နိုင်ငံရဲ့ စစ်တပ်အတွက် အရန်တပ်ဖွဲ့ဝင် တစ်ဦးအဖြစ် ပါဝင်အမှုထမ်းဖို့ စာရင်း ပေးသွင်းလိုက်ပါတယ်။

သတင်း

နယ်သာလန်နဲ့ ပြင်သစ်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး စစ်အာဏာသိမ်း (၅)နှစ်ပြည့် လူထုသပိတ်လှုပ်ရှားမှုတွေကို ဖေဖော်ဝါရီ ၁ရက်က ပြုလုပ်ခဲ့ပါတယ်။