Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဒီနှစ်ထဲမှာ ၁၄ ကြိမ်မြောက် ဒုံးကျည် ထပ်စမ်းသပ်ပြန်တဲ့ မြောက်ကိုရီးယား

တောင်ကိုရီးယား ဗဟိုစစ်ရေး ဌာနချုပ်က အခု ဒုံးကျည်ဟာ မြောက်ကိုရီးယားရဲ့ ပြုံယမ်းမြို့တော် အနီးကနေ ပစ်လွှတ်ခဲ့တာလို့ ဆိုပါတယ်။ ဒုံးကျည်ဟာ ခန့်မှန်းခြေအားဖြင့် အမြင့် ကီလိုမီတာ ၇၈၀ လောက်ထိ ပျံတက်ပြီးတဲ့နောက် ပစ်လွှတ်လိုက်တဲ့ နေရာကနေ ကီလိုမီတာ ၄၇၀ လောက်အကွာ ဂျပန် ပင်လယ်ထဲ ကျရောက်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်က ခန့်မှန်းပါတယ်။

မြောက်ကိုရီးယားဟာ အရှေ့ဖက် ကမ်းလွန် ပင်လယ်ပြင်ထဲ ပဲ့ထိန်း ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယား စစ်ဘက်က မေလ ၄ ရက်မှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်လွှတ်မှုကို အသီးသီး ထောက်လှမ်း စောင့်ကြည့်ခဲ့ကြောင်း ပြောပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက နိုင်ငံရဲ့ နျူကလီးယား လက်နက် နည်းပညာကို စွမ်းနိုင်သမျှ အမြန်ဆုံး အဆင့်မြှင့်တင်သွားမယ်လို့ ပြောကြားခဲ့ပြီး ရက်ပိုင်း အကြာမှာ မြောက်ကိုရီးယားက နောက်တစ်ကြိမ် ဒုံးကျည် စမ်းသပ်ပြန်တာ ဖြစ်ပါတယ်။

ကင်မ်က သူဟာ နိုင်ငံရဲ့ နျူကလီးယား လက်နက် စွမ်းဆောင်ရည်ကို မြှင့်တင်ရုံ သက်သက်သာ မကဘဲ လိုအပ်လာရင် ရန်သူ နိုင်ငံတွေကိုပါ ဒီစစ်လက်နက်တွေ အသုံးပြုပြီး တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ထားပါသေးတယ်။ မေလ ၄ ရက်က ကိစ္စဟာ မြောက်ကိုရီးယားအတွက် အခုနှစ်ထဲမှာ ၁၄ ကြိမ်မြောက် ဒုံးကျည် စမ်းသပ်မှုလည်း ဖြစ်လာပါတယ်။

တောင်ကိုရီးယား ဗဟိုစစ်ရေး ဌာနချုပ်က အခု ဒုံးကျည်ဟာ မြောက်ကိုရီးယားရဲ့ ပြုံယမ်းမြို့တော် အနီးကနေ ပစ်လွှတ်ခဲ့တာလို့ ဆိုပါတယ်။ ဒုံးကျည်ဟာ ခန့်မှန်းခြေအားဖြင့် အမြင့် ကီလိုမီတာ ၇၈၀ လောက်ထိ ပျံတက်ပြီးတဲ့နောက် ပစ်လွှတ်လိုက်တဲ့ နေရာကနေ ကီလိုမီတာ ၄၇၀ လောက်အကွာ ဂျပန် ပင်လယ်ထဲ ကျရောက်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်က ခန့်မှန်းပါတယ်။ ဂျပန်ကတော့ ဒုံးကျည်ဟာ ကီလိုမီတာ ၈၀၀ အမြင့်လောက်ထိ ပျံတက်ပြီး ၅၀၀ ကီလိုမီတာလောက်ထိ ခရီးပေါက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယား စမ်းသပ်ခဲ့တဲ့ ဒုံးကျည် အမျိုးအစားကိုတော့ အတိအကျ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားက မြောက်ပိုင်း အိမ်နီးချင်း ပြိုင်ဘက် နိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး စည်းမျဉ်းတွေ၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်ပြောင်တင်းတင်း ဆက်လက် ချိုးဖောက်နေတာလို့ စွပ်စွဲခဲ့ပါတယ်။ ပြီးတော့ မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေဟာ ဒေသတွင်း တည်ငြိမ်ရေးကို အကြီးအကျယ် ခြိမ်းခြောက်နေတယ်လို့လည်း တောင်ကိုရီးယားက ဝေဖန်ခဲ့ပါတယ်။ ဂျပန်ကလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာပါတယ်။

ဂျပန် ဒုတိယ ကာကွယ်ရေးဝန်ကြီး မာကိုတို အိုနီကီက ဒီဒုံးကျည်ဟာ ဂျပန် ကမ်းလွန်က အထူးစီးပွားရေးဇုန် သတ်မှတ် ဧရိယာ အပြင်ဖက်မှာ ကျရောက်ခဲ့ကြောင်း ပြောပါတယ်။ ဒုံးကျည်ကြောင့် ပတ်ဝန်းကျင် ဧရိယာမှာ လူနဲ့ လေယာဉ်၊ ရေယာဉ်တွေ ထိခိုက်တယ်ဆိုတဲ့ သတင်းမျိုးတော့ မကြားရပါဘူး။

မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုတွေဟာ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေကို ခြိမ်းခြောက်ပြီး စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေကို ပြေလျော့စေဖို့ ရည်ရွယ်ထားတာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ မကြာသေးခင်က မြောက်ကိုရီးယား ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် တစ်စင်းဟာ နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်နိုင်ပြီး အမေရိကန် နိုင်ငံ ပိုင်နက်ထိ ရောက်ရှိနိုင်လိမ့်မယ်လို့ လက်နက်ရေးရာ သုတေသီတွေက ခန့်မှန်းခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ကင်မ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှု အစီအစဉ် တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့သေးကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဖက်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတော့ အနိမ့်ပျံနေတဲ့ ဒုံးကျည်တစ်စင်းဟာ ကမ်းရိုးတန်း တစ်နေရာမှာ တည်ဆောက်ထားတဲ့ ပစ်မှတ် အဆောက်အအုံဆီ ဦးတည်နေတာကို တွေ့ရပါတယ်။

နိုင်ငံတကာ

သူက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဟာ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်မှုကို ရှုတ်ချဖို့ ဂိုဏ်းစတားဆန်ဆန် တစ်ဖက်သတ် တောင်းဆိုနေတဲ့ အမေရိကန်ကို လိုက်လျောလွန်းနေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။