Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မုဒိမ်းမှု လာတိုင်တဲ့ အိန္ဒိယ မိန်းကလေး ရဲစခန်းမှာ မုဒိမ်းထပ်အကျင့်ခံရ

အိန္ဒိယမှာ လိင်အကြမ်းဖက် ခံရလို့ ရဲလာတိုင်တဲ့ မိန်းကလေးငယ် တစ်ဦးကို ရဲအရာရှိက ထပ်ပြီး လိင်အကြမ်းဖက်ခဲ့ကြောင်း သိရပါတယ်။

ဒီလို စက်ဆုပ်စရာ မှုခင်းဖြစ်ရပ်ဟာ အူတာ ပရာဒက်ရှ် ပြည်နယ်က ရဲစခန်း တစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ဟာ လူ ၄ ဦးက အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုနဲ့ ကြုံတွေ့ခဲ့ပါတယ်။ ဒီကိစ္စဟာ ပါလီမှာရှိတဲ့ ရဲစခန်းဆီ ရောက်သွားပြီး တိုင်ကြားသူ မိန်းကလေးကို ရဲအရာရှိ တစ်ဦးက နောက်ထပ် မုဒိမ်း ထပ်ကျင့်ခဲ့တာလို့ ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။

မိန်းကလေးဟာ ဧပြီ ၂၂ ရက်က ဘိုပါလ် ဒေသမှာ လူ ၄ ယောက်က ဖမ်းဆီးပြီး ၃ ရက်ကြာ မုဒိမ်းကျင့်တဲ့ အခြေအနေဆိုးကို ကြုံတွေ့ခဲ့ရရှာပါတယ်။ နောက်တော့ မုဒိမ်းသမားတွေ ကိုယ်တိုင်က ပါလီ ရဲစခန်းမှာ မိန်းကလေးတွေကို ထားသွားခဲ့တယ်လို့ ဆိုပါတယ်။ ပြစ်မှု ကျူးလွန်သူတွေက ဘာကြောင့် မိန်းကလေးကို ရဲစခန်း ပို့လိုက်သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရဲစခန်းကို ရောက်သွားချိန်မှာ တီလက်ဟာရီ ဆာရော့ဂျ်က မိန်းကလေးကို ထပ်ပြီး လိင်အကြမ်းဖက်ခဲ့ပြန်တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မိန်းကလေးရဲ့ မိခင်က အန်ဂျီအို အဖွဲ့အစည်း တစ်ခုဆီ ဆက်သွယ် အကူအညီ တောင်းခံပြီး အဲဒီ အန်ဂျီအိုက ရဲဌာနမှာ တိုင်ကြားပေးခဲ့ပါတယ်။ ဆာရော့ဂျ်ဟာ တခြားရဲတွေ စခန်းမှာ မရှိတဲ့အချိန် မိန်းကလေးအပေါ် အမြတ်ထုတ်ခဲ့တာလို့ ဆိုပါတယ်။

အခုတော့ မှုခင်းနဲ့ ပတ်သက်လို့ စုစုပေါင်း လူ ၆ ယောက်ထိ ဖမ်းဆီး ထိန်းသိမ်း ခံထားရကြောင်း ရဲတွေက ပြောပါတယ်။ မိန်းကလေးကိုတော့ ဆေးရုံတင်ပို့ထားပါတယ်။ အိန္ဒိယမှာ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုတွေ များပြားလာတာနဲ့ ပတ်သက်ပြီး အစိုးရက ဥပဒေတွေ တင်းကျပ် တုံ့ပြန်နေပေမယ့် လက်တွေ့မှာ ထိရောက်မှု အားနည်းနေဆဲဆိုတာ အခုလို ဖြစ်ရပ်တွေက သက်သေပြနေပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နော်ဝေး အိမ်ရှေ့စံ ကြင်ရာတော်ရဲ့ သားဖြစ်သူဟာ မုဒိမ်းမှု စွပ်စွဲချက်တွေအတွက် ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ် ၄ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

ရာဇဝတ်ကြောင်းဆိုင်ရာ တရားစွဲဆိုမှုတွေ ခံထားရတာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဂါနာအသင်း ကွင်းလယ်ကစားသမား သောမတ်စ် ပါတေးကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးဖို့ ကနေဒါက ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။