Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကိုဗစ်ကြောင့် သေဆုံးသူ ၁၅ သန်းလောက်ထိ များပြားနိုင်တယ်လို့ WHO ခန့်မှန်း

အမှန်တကယ် သေဆုံးသူ ဦးရေနဲ့ တရားဝင် ထုတ်ပြန်တဲ့ ဦးရေ ကွာဟနေတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုဟာ ကပ်ရောဂါ နောက်ဆက်တွဲ သေဆုံးမှုတွေကို ကိုဗစ်ကြောင့် သေဆုံးတဲ့ စာရင်းမှာ ထည့်သွင်းရေတွက်လေ့ မရှိတာကြောင့်လို့ WHOက ယုံကြည်နေပါတယ်။

ကိုဗစ် ကပ်ရောဂါနဲ့ ဆက်စပ်တဲ့ ကျန်းမာရေး ထိခိုက်မှုတွေကြောင့် ကမ္ဘာတလွှားမှာ သေဆုံးသူ စုစုပေါင်း ၁၅ သန်း ဝန်းကျင်လောက် ရှိလိမ့်မယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က ခန့်မှန်းလိုက်ပါတယ်။

ဒါဟာ နိုင်ငံအလိုက် အစိုးရတွေ၊ ကျန်းမာရေး အာဏာပိုင် အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ သေဆုံးမှု အရေအတွက်ထက် ၂ ဆခွဲလောက် ပိုများနေတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ တရားဝင် ကိန်းဂဏန်းတွေအရ ရောဂါ ကူးစက်ခံရသူ ၅၁၆ သန်းနီးပါး ရှိနေပြီး လူပေါင်း ၆.၂ သန်းလောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။

အမှန်တကယ် သေဆုံးသူ ဦးရေနဲ့ တရားဝင် ထုတ်ပြန်တဲ့ ဦးရေ ကွာဟနေတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုဟာ ကပ်ရောဂါ နောက်ဆက်တွဲ သေဆုံးမှုတွေကို ကိုဗစ်ကြောင့် သေဆုံးတဲ့ စာရင်းမှာ ထည့်သွင်းရေတွက်လေ့ မရှိတာကြောင့်လို့ WHOက ယုံကြည်နေပါတယ်။

နောက်ပြီး နိုင်ငံအလိုက် ကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းချက်တွေကလည်း ကပ်ရောဂါကြောင့် သေဆုံးမှုတွေကို မှတ်တမ်းတင်ရာမှာ လစ်ဟာချက်တွေ ဖြစ်လာစေတယ်လို့ ဆိုပါတယ်။ ဆေးရုံတွေမှာ လူနာတွေ ပြည့်နှက်နေတာ၊ အောက်စီဂျင် ပြတ်လပ်တာတွေကြောင့်လည်း ဆေးရုံ မတက်နိုင်တော့ဘဲ အိမ်မှာပဲ သေဆုံးခဲ့ပြီး စာရင်းပျောက်သွားတဲ့ လူနာတွေ ရှိနိုင်တယ်လို့ WHOရဲ့ ပညာရှင်တွေက သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို မပြည့်မစုံ ဖြစ်သွားတဲ့ အချက်အလက်တွေက ကပ်ရောဂါရဲ့ ထိခိုက်မှု ဘယ်လောက် ကြီးမားသလဲ ဆိုတာကို ပြသနေတဲ့အပြင် နိုင်ငံတိုင်းက ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍမှာ ပိုမို ရင်းနှီးမြှုပ်နှံကြဖို့ သိပ်အရေးကြီးကြောင်း လက်တွေ့ကျကျ သက်သေပြခဲ့တဲ့ ညွှန်ကိန်း တစ်ခုလို့ WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီဆက်စ်က ပြောပါတယ်။

ကပ်ရောဂါ ပထမဆုံး ၂ နှစ်အတွင်း အသေအပျောက် အများဆုံး ကြုံခဲ့တဲ့ ဒေသတွေက အရှေ့တောင်အာရှ၊ အာရှ၊ ဥရောပနဲ့ အမေရိကတို့မှာ ဖြစ်တယ်လို့ WHOက ဆိုပါတယ်။ သေဆုံးသူ စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံကျော်ဟာ အမေရိကန် အပါအဝင် နိုင်ငံ ၁၀ ခုမှာ နေထိုင်သူတွေလို့ အချက်အလက်တွေက ညွှန်ပြနေပါတယ်။

အမေရိကန်မှာ ကိုဗစ်ရောဂါ တိုက်ခိုက်ထိုးနှက် ခံရလို့ သေဆုံးသူ ၁ သန်းကျော် ရှိပေမယ့် ကျန်းမာရေး စောင့်ရှောက်မှု မခံယူရဘဲ သေဆုံးသွားသူ အရေအတွက်ကိုတော့ ဆန်းစစ်ဖို့ ခက်နေဆဲပါ။ သေချာတာကတော့ ကမ္ဘာအနှံ့မှာ ကိုဗစ်ကြောင့် သေဆုံးခဲ့ပေမယ့် ဒီရောဂါကြောင့်လို့ မှတ်တမ်း မတင်နိုင်ခဲ့ရတဲ့သူတွေ အများကြီး ရှိနေတယ် ဆိုတဲ့အချက် ဖြစ်တယ်လို့ WHOက သုံးသပ်ပါတယ်။

ကမ္ဘာပေါ်မှာ ကပ်ရောဂါဒဏ်ကို အဆိုးဆုံး ခံခဲ့ရတဲ့ နိုင်ငံ တစ်ခုဖြစ်တဲ့ အိန္ဒိယကတော့ WHOရဲ့ အယူအဆကို ပယ်ချခဲ့ပါတယ်။ အိန္ဒိယ အစိုးရက ကိုဗစ်ကြောင့် သေဆုံးသူ ၅ သိန်းကျော်လောက် ရှိတယ်လို့ ကြေညာပေမယ့် WHOရဲ့ ခန့်မှန်းချက်အရတော့ သေဆုံးသူ ၄.၇ သန်းလောက် ရှိလိမ့်မယ်လို့ ဖော်ပြထားတာကြောင့် ကိန်းဂဏန်း နှစ်ခုက ၉ ဆလောက် ကွာနေပါတယ်။ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ WHOရဲ့ မှတ်ချက်ဟာ အချက်အလက်ပိုင်း ပြည့်စုံမှု မရှိသလို သိပ္ပံနည်းကျ ရှုထောင့်ကနေ မေးခွန်းထုတ်စရာတွေလည်း ရှိနေတယ်လို့ တုံ့ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။