Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်မြို့ပေါ်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိ

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

(၂၀၂၁ ဧပြီလက မိုး​မောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားစဥ်။ ဓါတ်ပုံ-CJ)
(၂၀၂၁ ဧပြီလက မိုး​မောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားစဥ်။ ဓါတ်ပုံ-CJ)

သရဖူ/People’s Spring

ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် ယနေ့နံနက်ပိုင်းမှစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး ဗန်းမော်မြို့ဘက်မှ​နေ၍ စစ်ကောင်စီတပ်ကပစ်ခတ်သည်လက်နက်ကြီးကျည်သည် မိုးမောက်မြို့ပေါ်ရှိနေအိမ်တစ်အိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး အရပ်သားထိခိုက်သေဆုံးမှုအချို့ရှိကြောင်း ဒေသခံများကပြောသည်။

“လောလောဆယ် အောက်ချိုင့်ဘက်က နေအိမ်ပေါ် လက်နက်ကြီးကျတာရှိတယ်။ အရပ်သားနှစ်ယောက်သေတယ်။ အလောင်းကောက်လို့မရသေးဘူး။ လူမှုရေးကားတွေလည်းဝင်လို့မရသေးဘူး”ဟု ဒေသခံတဦးက ဧပြီ ၂၂ ရက် ‌မွန်းလွဲဆဆဆဆဆ ၁နာရီခန့်တွင်ပြောသည်။

မိုးမောက်မြို့ပေါ်တွင် ယနေ့(ဧပြီလ ၂၂ရက်) နံနက် ၇နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)တို့ကြား တိုက်ပွဲအပြင်အထန်ဖြစ်ပွားခြင်းဖြစ်သည်။ ဗန်းမော်မြို့ပေါ်မှ အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာ၍ တိုက်ပွဲစတင်ခြင်း

Public Service Announcement

Public Service Announcement

ဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။ မြေပြင်၌တိုက်ပွဲ ပြင်းထန်နေစဉ် စစ်ကောင်စီက ဗန်းမော်မြို့အခြေစိုက်တပ်ရင်းများမှနေ၍ လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

တိုက်ပွဲ​ကြောင့်နှစ်ဖက်ထိခိုက်မှု အ​ခြေအ​နေကိုမူ မသိရ​သေး​ပေ။

“မနက်ကိုးနာရီလောက်ကစပြီးလက်နက်ကြီးပစ်တာ။ အခုတစ်မြို့လုံးက ဗုံးခိုကျင်းတွေထဲမှာပဲနေကြရတယ်။ အပြင်ကိုဘယ်သူမှမထွက်ရဲကြဘူး”ဟု မိုးမောက်မြို့ခံတစ်ဦးကပြောသည်

ဗန်းမော်မြို့တွင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ တပ်မ ၈၈ ရှေ့တန်းဌာနချုပ်နှင့် အမြောက်တပ်ရင်း(၃၆၆)တို့ရှိသည့်အပြင် မိုးမောက်မြို့အနီးတွင်လည်း ခမရ-၄၃၇ တပ်ရင်းတို့ ရှိနေသည်။ ထိုနေရာများမှနေ၍ စစ်ကောင်စီကလက်နက်ကြီး အများအပြားဖြင့်ပစ်ခတ်နေခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

တိုက်ပွဲကြောင့်ထိခိုက်မှုအခြေအနေများကို အသေးစိတ်မသိရှိရသေးပေ။

KIA သည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိစစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လ ဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။ ထိုအချိန်မှစ၍ မိုးမောက်မြို့ပေါ်မှဌာနဆိုင်ရာရုံးများ ပိတ်သွားခဲ့ပြီး ဝန်ထမ်းများသည် ဗန်းမော်မြို့သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

တိုက်ပွဲဖြစ်နိုင်သည်ဟူသောသတင်းများကြောင့် မြို့ခံအများအပြားလည်း ဗန်းမော်မြို့သို့ သွားရောက်တိမ်းရှောင်ခဲ့ကြပြီး အချို့မှာမြို့ပေါ်၌ ကျန်ရှိနေဆဲဖြစ်သည်။ထို​နောက်ဧပြီ ၂၂ ရက် မိုးမောက်မြို့ပေါ်၌ တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်သည်။

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook