Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီကတိုက်ပွဲမရှိဘဲ ကုန်းသာရွာကို ဗုံးကြဲ၍ က​လေးငယ်နှစ်ဦး အပါအဝင်ပြည်သူ ၆ ဦး​သေဆုံး

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

(​သေဆုံးသူများ၏ ရုပ်အ​လောင်းကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(​သေဆုံးသူများ၏ ရုပ်အ​လောင်းကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာ ကို စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲ၍ ငါးနှစ်အောက် ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ခြောက်ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း Kayan New Generation Youth က ထုတ်ပြန်သည်။

ယ​နေ့(ဧပြီ ၂၀)နံနက်၁၁ နာရီ မိနစ် ၅၀ ခန့်ကစစ်​ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲကတော့မရှိဘူးလို့ သိရတယ်။ ဒီတိုင်းသက်သက်မဲ့ ပြည်သူတွေနေထိုင်တဲ့ရွာထဲကို ကြဲချတဲ့သဘောဖြစ်ပါတယ်”ဟု KNGY မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

ထို့အပြင်ကုန်းသာကျေးရွာရှိ နေအိမ် အလုံး ၂၀ ခန့်ပျက်စီးသွားကြောင်းလည်း သိရသည်။

မကြာသေးမီရက်ပိုင်းကလည်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ KnHRG က ထုတ် ပြန်ထားသည်။

တိုက်ပွဲများဖြစ်ပွါးနေသည့် ကရင်နီ ပြည်နှင့် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် စစ်ကောင်စီက နေ့စဥ် လေကြောင်းအသုံးပြုဗုံးကြဲနေပြီး လေကြောင်းရန် သတိပြုရန်တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဧပြီလဆန်းပိုင်းကလည်း ဖယ်ခုံ နှင့် ဖားဆောင်းမြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ၏ မတ်လကုန်အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည် နယ်၌သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူ ၄၈၁ ဦးရှိပြီး စစ်ရှောင်စဥ်သေဆုံးသူ ၁၅၁ ဦးရှိ​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီ သုံးရက်ဆက်လေကြောင်းတိုက်ခိုက်

သတင်း

ကျောက်မဲမြို့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျန်းမာရေးဝန်ထမ်းတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး လူနာအများစုပါဝင်တဲ့ ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့မဈေးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို စစ်ကောင်စီထိန်းချုပ်နိုင်ပြီမှာ သတင်းအမှားဖြစ်ပြီး တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။