Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မာလီက ၉ မြွှာပူး ကလေးငယ်တွေ အသက် ၁ နှစ်ပြည့် မွေးနေ့ကျင်းပ

ကလေးတွေက သေးကွေးကြုံလှီလွန်းတာကြောင့် အသက်ရှင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေက မိဘတွေဆီမှာရော၊ ဆရာဝန်တွေဆီမှာပါ ကိန်းအောင်းနေခဲ့ပါတယ်။ အခုတော့ မေလ ၄ ရက်က သူတို့ရဲ့ နေအိမ်မှာ ကလေးတွေအတွက် ၁ နှစ်ပြည့် မွေးနေ့ပွဲလေးတောင် ကျင်းပပေးနိုင်ခဲ့ပြီလို့ သိရပါတယ်။

မာလီနိုင်ငံက ကမ္ဘာကျော် ၉ မြွှာပူး ကလေးငယ်တွေဟာ အသက် ၁ နှစ်ပြည့် မွေးနေ့ကို ကျင်းပနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။

မာလီနိုင်ငံက ဇနီးမောင်နှံ နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ်က ၉ မြွှာပူး ကလေးတွေကို ဖွားမြင်ခဲ့ပြီး နိုင်ငံတကာ ခေါင်းကြီးပိုင်း သတင်းတစ်ပုဒ်အဖြစ် လူသိများခဲ့ပါတယ်။ ဆေးပညာ သမိုင်းကြောင်းမှာလည်း ကလေး ၉ ဦးစလုံး အသက်ရှင်လျက် အောင်အောင်မြင်မြင် မွေးဖွားနိုင်ခြင်းက စံချိန်တစ်ရပ်အဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။

ဒီကလေးတွေကို မော်ရိုကိုနိုင်ငံ၊ ကာဆာဘလန်ကာမြို့က အိန်ဘော်ဂျာ ဆေးရုံမှာ ဖွားမြင်ပေးခဲ့တာပါ။ မိန်းကလေး ၅ ဦးနဲ့ ယောက်ျားလေး ၄ ဦး ပါရှိတဲ့ အမြွှာ မောင်နှမတွေဟာ မွေးမွေးချင်းမှာ ကိုယ်အလေးချိန် ၁.၁ ပေါင်ကနေ ၂.၄ ပေါင် အတွင်းသာ အသီးသီး ရှိခဲ့ပါတယ်။

ကလေးတွေက သေးကွေးကြုံလှီလွန်းတာကြောင့် အသက်ရှင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေက မိဘတွေဆီမှာရော၊ ဆရာဝန်တွေဆီမှာပါ ကိန်းအောင်းနေခဲ့ပါတယ်။ အခုတော့ မေလ ၄ ရက်က သူတို့ရဲ့ နေအိမ်မှာ ကလေးတွေအတွက် ၁ နှစ်ပြည့် မွေးနေ့ပွဲလေးတောင် ကျင်းပပေးနိုင်ခဲ့ပြီလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဖခင်ဖြစ်သူ အက်ဘ်ဒယ်လ်ကာဒါ အာဘီက သူ့ကလေး အားလုံးဟာ ပုံမှန် နှုန်းထားမျိုးနဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာနေတယ်လို့ ဝမ်းမြောက်ဝမ်းသာ ပြောပြပါတယ်။ ကလေး အားလုံးက လေးဖက် သွားတတ်နေပြီ ဖြစ်ပြီး တချို့က ထိုင်တတ်နေပြီဖြစ်ကြောင်း၊ တချို့ဆိုရင် နံရံကို လက်နဲ့ အားပြုရင်း မတ်တပ် စမ်းရပ်နေပြီဖြစ်ကြောင်း အာဘီက ဆိုပါတယ်။

မိခင်ဖြစ်သူ ဟာလီမာ ဆစ်ဆေးဟာ ၉ မြွှာပူးလေးတွေ မတိုင်ခင်က သမီးကြီး ဆူဒါအာဘီကို ဖွားမြင်ထားဖူးပါတယ်။ မိခင်တစ်ဦးအဖြစ် အတွေ့အကြုံ ရှိပြီးတာတောင် ကလေး သေးသေးလေး ၉ ယောက်ကို တပြိုင်တည်း ထိန်းရတာ ခက်ခဲလွန်းတယ်လို့ သူက ဝန်ခံပါတယ်။

ကလေးတွေရဲ့ မွေးနေ့ကို အိမ်နီးချင်းတွေအပြင် သူတို့ကို မွေးပေးခဲ့တဲ့ ဆေးရုံက သူနာပြုတွေပါ တက်ရောက် ဂုဏ်ပြုပေးခဲ့ပါတယ်။ ဆစ်ဆီဟာ ကိုယ်ဝန်သက်တမ်း သီတင်းပတ် ၃၀ လောက်မှာ ကလေးတွေကို ခွဲမွေးခဲ့တာပါ။ ဒါဟာ ဆေးပညာ သမိုင်းမှာတော့ ကလေးအရေအတွက် အများဆုံး အသက်ရှင်လျက် မွေးဖွားပေးနိုင်မှုအဖြစ် စံချိန် တင်နိုင်ခဲ့ပါတယ်။

အဲဒီ မတိုင်ခင်က ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းမှာ အမြွှာအရေအတွက် အများဆုံး မွေးသူဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်က နက်ဒ်ယာ ဆူလီမန်ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ အမြွှာကလေးငယ် ၈ ဦးကို ဖွားမြင်နိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်မြောက် မွေးနေ့မှာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဌာနက ဆုတောင်းပေးခဲ့တဲ့အပေါ် ကျေးဇူးတင်ရှိကြောင်း ပြောပြဖို့ လန်ဒန်မြို့မှာရှိတဲ့ တရုတ်သံအမတ်ကြီးဆီ စာရေးသား ပေးပို့ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က ဒီနေ့ ဇူလိုင် ၃ရက်မှာ အသိပေးပါတယ်။