Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟိုက်ပါဆောနစ် ဒုံးကျည် စမ်းသပ်မှု အောင်မြင်ခဲ့ကြောင်း အမေရိကန်လေတပ် ကြေညာ

အမေရိကန် လေတပ်ရဲ့ လက်နက် နည်းပညာ မြှင့်တင်ရေးဌာန အကြီးအကဲ ဗိုလ်ချုပ် ဟိသ်ကောလင်းစ်က အခု ဒုံးကျည် စမ်းသပ်မှု ရလဒ်ဟာ အမေရိကန် လေတပ်အတွက် ကြီးမားတဲ့ အောင်မြင်မှု တစ်ခုအဖြစ် မှတ်ယူနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အခက်အခဲပေါင်းစုံ ကြုံတွေ့နေခဲ့တဲ့ ဟိုက်ပါဆောနစ် နည်းပညာသုံး ဒုံးကျည်တစ်စင်းကို ရာနှုန်းပြည့် အောင်အောင်မြင်မြင် ပစ်ခတ် စမ်းသပ်နိုင်ခဲ့ပြီလို့ အမေရိကန် လေတပ်က ကြေညာခဲ့ပါတယ်။

ဟိုက်ပါဆောနစ် ဒုံးကျည် နည်းပညာ တီထွင်မှုတွေမှာ အခက်အခဲတွေ၊ အမှားအယွင်းတွေ ကြုံနေရတယ်လို့ အမေရိကန် စစ်တပ်က ထုတ်ဖော် ဝန်ခံပြီး တစ်လလောက် အကြာမှာ အခုလို အောင်မြင်တဲ့ စမ်းသပ်မှုမျိုး အကောင်အထည် ဖော်လာနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လေတပ်ရဲ့ B-52H အမျိုးအစား ဗုံးကြဲ လေယာဉ်ကြီးဟာ မြန်နှုန်းမြင့် တုံ့ပြန်နိုင်တဲ့ မဟာဗျူဟာ ဒုံးကျည် လက်နက်သစ်ကို အမှားအယွင်းမရှိ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တောင်ပိုင်း ကယ်လီဖိုးနီးယားမှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုမှာ ဒုံးကျည်ဟာ ဟိုက်ပါဆောနစ် စံသတ်မှတ်ချက်နဲ့အညီ အသံထက် ၅ ဆကျော် မြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်ခဲ့ပါတယ်။ ဟိုက်ပါဆောနစ် နည်းပညာဟာ လက်ရှိ ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေကြား အကြိတ်အနယ် ပြိုင်ဆိုင်နေတဲ့ ခေတ်သစ် စစ်ရေး နည်းပညာတစ်ခု ဖြစ်ပါတယ်။ တရုတ်၊ မြောက်ကိုရီးယား၊ ရုရှားတို့လည်း ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ပိုင်ဆိုင်ဖို့ သုတေသနပြု တီထွင်နေပြီး ရုရှားဟာ ယူကရိန်း စစ်ပွဲမှာ ဟိုက်ပါဆောနစ် ဒုံးကျည် တစ်စင်းကို ပထမဆုံးအကြိမ် လက်တွေ့ အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။

အမေရိကန် လေတပ်ရဲ့ လက်နက် နည်းပညာ မြှင့်တင်ရေးဌာန အကြီးအကဲ ဗိုလ်ချုပ် ဟိသ်ကောလင်းစ်က အခု ဒုံးကျည် စမ်းသပ်မှု ရလဒ်ဟာ အမေရိကန် လေတပ်အတွက် ကြီးမားတဲ့ အောင်မြင်မှု တစ်ခုအဖြစ် မှတ်ယူနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သီအိုရီအရ ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ ကြားဖြတ် ဟန့်တားဖို့ မဖြစ်နိုင်သလောက် ခက်ခဲတဲ့ မြန်နှုန်းမျိုးနဲ့ ပျံသန်းနိုင်ပါတယ်။ လက်ရှိ ကမ္ဘာအနှံ့မှာ အသုံးပြုနေတဲ့ လေကြောင်း ကာကွယ်ရေးစနစ် အားလုံးလိုလိုဟာ တင်းပြည့်ကျပ်ပြည့် ဟိုက်ပါဆောနစ် စံသတ်မှတ်ချက် ရှိနေတဲ့ ဒုံးကျည်တွေကို တားဆီးနိုင်စွမ်း မရှိကြပါဘူး။

အမေရိကန် လေတပ်ဟာ AGM-183လို့ နာမည်ပေးထားတဲ့ ဝေဟင်က မြေပြင်ပစ် ဟိုက်ပါဆောနစ် ဒုံးကျည်ကို အရင်ကလည်း စမ်းသပ်ဖူးပေမယ့် ရလဒ်တွေက အဆင်မပြေခဲ့ပါဘူး။ မှတ်တမ်းတွေအရ AGM-183ရဲ့ အရင် ၃ ကြိမ် စမ်းသပ်မှုတွေ ကျရှုံးခဲ့တယ်လို့ သိရပါတယ်။

Lockheed Martin ကုမ္ပဏီနဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ထုတ်လုပ်တဲ့ ဒုံးကျည် စနစ်မှာ စွမ်းအားဖြင့် တွန်းကန် အင်ဂျင်တစ်လုံးက ဒုံးကျည်ကို အသံရဲ့ မြန်နှုန်းထက် ၅ ဆပိုသွားအောင် အရှိန်မြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။ ယူကရိန်းမှာ ရန်သူ လက်နက်တိုက် တစ်ခုကို ဟိုက်ပါဆောနစ် ဒုံးကျည်နဲ့ တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း ရုရှားက ကြေညာခဲ့ပြီး လပိုင်းလောက် အကြာမှာ အမေရိကန်ကလည်း ဒုံးကျည် စမ်းသပ်မှုအသစ် အောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook