Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဟိုက်ပါဆောနစ် ဒုံးကျည် စမ်းသပ်မှု အောင်မြင်ခဲ့ကြောင်း အမေရိကန်လေတပ် ကြေညာ

အမေရိကန် လေတပ်ရဲ့ လက်နက် နည်းပညာ မြှင့်တင်ရေးဌာန အကြီးအကဲ ဗိုလ်ချုပ် ဟိသ်ကောလင်းစ်က အခု ဒုံးကျည် စမ်းသပ်မှု ရလဒ်ဟာ အမေရိကန် လေတပ်အတွက် ကြီးမားတဲ့ အောင်မြင်မှု တစ်ခုအဖြစ် မှတ်ယူနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အခက်အခဲပေါင်းစုံ ကြုံတွေ့နေခဲ့တဲ့ ဟိုက်ပါဆောနစ် နည်းပညာသုံး ဒုံးကျည်တစ်စင်းကို ရာနှုန်းပြည့် အောင်အောင်မြင်မြင် ပစ်ခတ် စမ်းသပ်နိုင်ခဲ့ပြီလို့ အမေရိကန် လေတပ်က ကြေညာခဲ့ပါတယ်။

ဟိုက်ပါဆောနစ် ဒုံးကျည် နည်းပညာ တီထွင်မှုတွေမှာ အခက်အခဲတွေ၊ အမှားအယွင်းတွေ ကြုံနေရတယ်လို့ အမေရိကန် စစ်တပ်က ထုတ်ဖော် ဝန်ခံပြီး တစ်လလောက် အကြာမှာ အခုလို အောင်မြင်တဲ့ စမ်းသပ်မှုမျိုး အကောင်အထည် ဖော်လာနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လေတပ်ရဲ့ B-52H အမျိုးအစား ဗုံးကြဲ လေယာဉ်ကြီးဟာ မြန်နှုန်းမြင့် တုံ့ပြန်နိုင်တဲ့ မဟာဗျူဟာ ဒုံးကျည် လက်နက်သစ်ကို အမှားအယွင်းမရှိ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တောင်ပိုင်း ကယ်လီဖိုးနီးယားမှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုမှာ ဒုံးကျည်ဟာ ဟိုက်ပါဆောနစ် စံသတ်မှတ်ချက်နဲ့အညီ အသံထက် ၅ ဆကျော် မြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်ခဲ့ပါတယ်။ ဟိုက်ပါဆောနစ် နည်းပညာဟာ လက်ရှိ ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေကြား အကြိတ်အနယ် ပြိုင်ဆိုင်နေတဲ့ ခေတ်သစ် စစ်ရေး နည်းပညာတစ်ခု ဖြစ်ပါတယ်။ တရုတ်၊ မြောက်ကိုရီးယား၊ ရုရှားတို့လည်း ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ပိုင်ဆိုင်ဖို့ သုတေသနပြု တီထွင်နေပြီး ရုရှားဟာ ယူကရိန်း စစ်ပွဲမှာ ဟိုက်ပါဆောနစ် ဒုံးကျည် တစ်စင်းကို ပထမဆုံးအကြိမ် လက်တွေ့ အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။

အမေရိကန် လေတပ်ရဲ့ လက်နက် နည်းပညာ မြှင့်တင်ရေးဌာန အကြီးအကဲ ဗိုလ်ချုပ် ဟိသ်ကောလင်းစ်က အခု ဒုံးကျည် စမ်းသပ်မှု ရလဒ်ဟာ အမေရိကန် လေတပ်အတွက် ကြီးမားတဲ့ အောင်မြင်မှု တစ်ခုအဖြစ် မှတ်ယူနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သီအိုရီအရ ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ ကြားဖြတ် ဟန့်တားဖို့ မဖြစ်နိုင်သလောက် ခက်ခဲတဲ့ မြန်နှုန်းမျိုးနဲ့ ပျံသန်းနိုင်ပါတယ်။ လက်ရှိ ကမ္ဘာအနှံ့မှာ အသုံးပြုနေတဲ့ လေကြောင်း ကာကွယ်ရေးစနစ် အားလုံးလိုလိုဟာ တင်းပြည့်ကျပ်ပြည့် ဟိုက်ပါဆောနစ် စံသတ်မှတ်ချက် ရှိနေတဲ့ ဒုံးကျည်တွေကို တားဆီးနိုင်စွမ်း မရှိကြပါဘူး။

အမေရိကန် လေတပ်ဟာ AGM-183လို့ နာမည်ပေးထားတဲ့ ဝေဟင်က မြေပြင်ပစ် ဟိုက်ပါဆောနစ် ဒုံးကျည်ကို အရင်ကလည်း စမ်းသပ်ဖူးပေမယ့် ရလဒ်တွေက အဆင်မပြေခဲ့ပါဘူး။ မှတ်တမ်းတွေအရ AGM-183ရဲ့ အရင် ၃ ကြိမ် စမ်းသပ်မှုတွေ ကျရှုံးခဲ့တယ်လို့ သိရပါတယ်။

Lockheed Martin ကုမ္ပဏီနဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ထုတ်လုပ်တဲ့ ဒုံးကျည် စနစ်မှာ စွမ်းအားဖြင့် တွန်းကန် အင်ဂျင်တစ်လုံးက ဒုံးကျည်ကို အသံရဲ့ မြန်နှုန်းထက် ၅ ဆပိုသွားအောင် အရှိန်မြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။ ယူကရိန်းမှာ ရန်သူ လက်နက်တိုက် တစ်ခုကို ဟိုက်ပါဆောနစ် ဒုံးကျည်နဲ့ တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း ရုရှားက ကြေညာခဲ့ပြီး လပိုင်းလောက် အကြာမှာ အမေရိကန်ကလည်း ဒုံးကျည် စမ်းသပ်မှုအသစ် အောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။