Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကပ်ရောဂါ ကူးစက်မှုတွေနဲ့ ပတ်သက်လို့ ဌာနဆိုင်ရာ အရာရှိတွေကို ကင်မ်ဂျုံအန်း အပြစ်ဖို့

မြောက်ကိုရီးယားဟာ အခုလ အစောပိုင်းမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားနေကြောင်း ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ရက်ပိုင်းလောက် အကြာမှာပဲ ပြည်တွင်း ကူးစက်လူနာ အရေအတွက်က သန်းနဲ့ချီ များပြားလာကြောင်း အစိုးရ တာဝန်ရှိသူတွေက ဝန်ခံခဲ့ပါတယ်။

ပြည်တွင်းမှာ ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ ပိုမိုဆိုးရွားလာတာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက တာဝန်ရှိသူတွေရဲ့ တုံပြန် ကိုင်တွယ်မှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

မြောက်ကိုရီးယားဟာ အခုလ အစောပိုင်းမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားနေကြောင်း ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ရက်ပိုင်းလောက် အကြာမှာပဲ ပြည်တွင်း ကူးစက်လူနာ အရေအတွက်က သန်းနဲ့ချီ များပြားလာကြောင်း အစိုးရ တာဝန်ရှိသူတွေက ဝန်ခံခဲ့ပါတယ်။

ကင်မ်ဟာ ကပ်ရောဂါ တိုက်ဖျက်ရေး ကဏ္ဍကို ကိုယ်တိုင် ဦးဆောင်နေပြီး မြောက်ကိုရီးယား အနေနဲ့ နိုင်ငံ သမိုင်းတလျှောက်မှာ အကြီးမားဆုံး အကျပ်အတည်း၊ စိန်ခေါ်မှုကြီး တစ်ခုနဲ့ ရင်ဆိုင်နေရကြောင်း ဝန်ခံခဲ့ပါတယ်။ ကင်မ်က အစိုးရ အဖွဲ့ ခေါင်းဆောင်တွေနဲ့ အစည်းအဝေး ပြုလုပ်ချိန်မှာ ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် တာဝန်ယူနေတဲ့ အဖွဲ့အစည်းတွေ၊ အရာရှိတွေဟာ တက်ကြွမှု၊ အာရုံစူးစိုက်မှု မရှိဘဲ ဖြစ်ကတတ်ဆန်း လုပ်ကိုင်ခဲ့တာကြောင့် အခုလို ခက်ခဲပြီး ရှုပ်ထွေးတဲ့ အခြေအနေတွေဆီ ဦးတည်သွားစေတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက ဖော်ပြသွားပါတယ်။

တကယ်ဆိုရင် မြောက်ကိုရီးယားဟာ ရောဂါတွေ ဆိုးဆိုးရွားရွား ပျံ့နှံ့ မလာခင်မှာ ကြိုတင် ကာကွယ် တားဆီးဖို့ ကောင်းမွန်တဲ့ အခင်းအကျင်းတွေ ရှိနေခဲ့တယ်လို့ ကင်မ်က ပြောပါတယ်။ နောက်ပြီး သူ့အနေနဲ့ တရိပ်ရိပ် မြင့်တက်လာတဲ့ ကူးစက်နှုန်း ဒီရေကို ပြန်ကျသွားအောင် ကြိုးစားနိုင်မယ်လို့ ယုံကြည်ထားဆဲ ဖြစ်ကြောင်း ကင်မ်က ဆိုပါတယ်။ ကင်မ်ဟာ မြို့ကြီးတွေမှာ Lockdown ကြေညာချက်တွေ ထုတ်ပြန်ထားသလို မြောက်ကိုရီးယား စစ်တပ်ကိုလည်း ကပ်ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့ အမိန့်ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

လူဦးရေ ၂၅ သန်းလောက်ရှိတဲ့ မြောက်ကိုရီးယားမှာ ကပ်ရောဂါ အခြေအနေက ဘယ်လောက်ထိ ဆိုးရွားနေသလဲ ဆိုတာကို ပြင်ပကမ္ဘာက ခန့်မှန်းဖို့ မလွယ်ပါဘူး။ ပြုံယမ်းမှာ တင်းကျပ်တဲ့ အသွားအလာ ကန့်သတ်မှုတွေ ပြဋ္ဌာန်းခဲ့တဲ့နောက် နိုင်ငံတကာ သံတမန်တွေလည်း ထွက်ခွာသွားကြတဲ့အတွက် ပြည်တွင်း ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရ မီဒီယာက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကိုပဲ ကိုးကား လေ့လာနေရပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ လက်ရှိ အချိန်ထိ နိုင်ငံတကာက ကိုဗစ် ကာကွယ်ဆေးတွေနဲ့ ဆေးဝါးပစ္စည်းတွေ ပေးပို့ဖို့ အကူအညီ တောင်းခံတာမျိုးလည်း မရှိသေးပါဘူး။ ကမ္ဘာပေါ်မှာ ကိုဗစ် ကာကွယ်ဆေးကို တရားဝင် တင်သွင်းဖို့ လက်မခံတာဆိုလို့ မြောက်ကိုရီးယားနဲ့ အီရီထရီးယား နှစ်နိုင်ငံသာ ရှိတော့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။