Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးလို့ ယုံကြည်ရတဲ့ သစ်ပင်ကို ချီလီနိုင်ငံမှာ ရှာတွေ့

ဒီသစ်ပင်ဟာ သိပ္ပံနာမည် Patagonian Cypressလို့ ခေါ်ဝေါ်တဲ့ သစ်မာပင် မျိုးစိတ်ဝင် ဖြစ်ပါတယ်။ ဒေသတွင်းမှာ အလေ့ကျ ပေါက်ရောက်တတ်ပြီး နီမြန်းတဲ့ သစ်သားအရောင်ရှိတဲ့ သစ်ပင် မျိုးစိတ်တွေနဲ့ အနွယ်တူတယ်လို့လည်း ဘာရီချီဗစ်ချ်က ဆိုပါတယ်။

ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးလို့ ယုံကြည်ရတဲ့ သစ်ပင်ကို ချီလီနိုင်ငံမှာ ရှာတွေ့

ကမ္ဘာပေါ်မှာ ရှင်သန်နေသမျှထဲမှာ သက်တမ်း အရှည်ကြာဆုံးလို့ ယုံကြည်ရတဲ့ သစ်ပင်ကို ချီလီနိုင်ငံမှာ သိပ္ပံ ပညာရှင်တွေက ရှာဖွေ တွေ့ရှိထားပါတယ်။

ဘိုးဘိုးကြီးပင်လို့ ချစ်စနိုး နာမည်ပေးထားတဲ့ သစ်ပင်ကြီးဟာ သက်တမ်း ၅၄၈၄ နှစ်လောက် ရှိနေပြီလို့ ယုံကြည်ရပြီး လက်ရှိ သတ်မှတ်ထားတဲ့ ကမ္ဘာ့ အသက်အကြီးဆုံး သစ်ပင်ထက် နှစ် ၆၀၀ ကျော်လောက် သက်တမ်း ပိုရင့်လိမ့်မယ်လို့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က ရာသီဥတုနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံဌာနမှာ အလုပ်လုပ်နေတဲ့ ချီလီ နိုင်ငံသား သုတေသီ ဒေါက်တာ ဂျိုနသန် ဘာရီချီဗစ်ချ်က ပြောကြားခဲ့ပါတယ်။

ဒီသစ်ပင်ဟာ သိပ္ပံနာမည် Patagonian Cypress လို့ ခေါ်ဝေါ်တဲ့ သစ်မာပင် မျိုးစိတ်ဝင် ဖြစ်ပါတယ်။ ဒေသတွင်းမှာ အလေ့ကျ ပေါက်ရောက်တတ်ပြီး နီမြန်းတဲ့ သစ်သားအရောင်ရှိတဲ့ သစ်ပင် မျိုးစိတ်တွေနဲ့ အနွယ်တူတယ်လို့လည်း ဘာရီချီဗစ်ချ်က ဆိုပါတယ်။

ချီလီ အစိုးရရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး မိုင်ဆာ ရိုဟော့စ်ကတော့ ချီလီမှာ ဒီလို သက်တမ်းရင့် သစ်ပင်ကြီး ရှိနေတယ် ဆိုတာဟာ သိပ္ပံ ပညာရပ်ဆိုင်ရာ အထင်ကရ တွေ့ရှိမှု တစ်ခုလို့ ညွှန်းဆို ချီးကျူးခဲ့ပါတယ်။ အဲဒီ သစ်ပင် မျိုးစိတ်ဟာ အရမ်း နှေးကွေးတဲ့ နှုန်းမျိုးနဲ့ ကြီးထွားလေ့ ရှိပြီး ပေ ၁၅၀ အမြင့်လောက်ထိ ရောက်ရှိနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ ကမ္ဘာပေါ်မှာ အသက် အရှည်ဆုံး သစ်ပင်အဖြစ် သတ်မှတ် ခံထားရတာကတော့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်က ထင်းရှူးမျိုးနွယ်ဝင် အပင်ကြီးဖြစ်ပြီး သက်တမ်း ၄၈၅၃ နှစ်လောက် ရှိနေပြီလို့ ယုံကြည်ရပါတယ်။ တကယ်လို့ သိပ္ပံနည်းကျ စစ်ဆေး အတည်ပြုနိုင်ပြီ ဆိုရင်တော့ ချီလီက သစ်ပင်ကြီးက ကမ္ဘာ့စံချိန်သစ် တင်တော့မှာပါ။ ဒါပေမဲ့ အဲဒီ အပင်ကြီးဟာ အခြေအနေ တဖြည်းဖြည်း ဆုတ်ယုတ်တဲ့ လက္ခဏာတွေ ပြသနေပြီး လုံးဝဥဿုံ သေဆုံးသွားမှာကို ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

ဆက်စပ်သတင်းများ

Facebook