Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟိုက်ပါဆောနစ် ဒုံးကျည်အသစ် စမ်းသပ်မှု အောင်မြင်ကြောင်း ရုရှားထုတ်ပြန်

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယို တစ်ခုမှာတော့ စစ်သင်္ဘော တစ်စီးကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ထောင့်မတ် အနေအထားမျိုး ပျံတက်သွားတာ တွေ့ရပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က Zirconဟာ ရုရှားရဲ့ ပြိုင်ဘက်ကင်းတဲ့ မျိုးဆက်သစ် လက်နက် စီမံကိန်းတွေထဲက တစ်ခုလို့ ညွှန်းဆိုထားပါတယ်။

ဟိုက်ပါဆောနစ် ဒုံးကျည်အသစ် စမ်းသပ်မှု
ဟိုက်ပါဆောနစ် ဒုံးကျည်အသစ် စမ်းသပ်မှု

ဟိုက်ပါဆောနစ် နည်းပညာသုံး ပဲ့ထိန်း ခရုစ်ဒုံးကျည် တစ်စင်းကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း ရုရှား ရေတပ်က ထုတ်ပြန်လိုက်ပါတယ်။

Zircon အမျိုးအစား ခရုစ်ဒုံးကျည်ဟာ ကီလိုမီတာ ၁၀၀၀ လောက် အကွာအဝေးထိ ပျံသန်းပြီး ပစ်မှတ်ကို ချေမှုန်းနိုင်ခဲ့ကြောင်း မေ ၂၈ ရက်မှာ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာသွားပါတယ်။ ဒီဒုံးကျည်ကို ဘာရန် ပင်လယ်ကနေ လှမ်းပစ်လိုက်ပြီး ပင်လယ်ဖြူထဲမှာ ရှိနေတဲ့ ပစ်မှတ်ကို ထိမှန်ခဲ့တာလို့ သိရပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယို တစ်ခုမှာတော့ စစ်သင်္ဘော တစ်စီးကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ထောင့်မတ် အနေအထားမျိုး ပျံတက်သွားတာ တွေ့ရပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က Zirconဟာ ရုရှားရဲ့ ပြိုင်ဘက်ကင်းတဲ့ မျိုးဆက်သစ် လက်နက် စီမံကိန်းတွေထဲက တစ်ခုလို့ ညွှန်းဆိုထားပါတယ်။

ရုရှားအပြင် အမေရိကန်၊ တရုတ်စတဲ့ လက်နက် အင်အားကြီး နိုင်ငံတွေဟာ ဟိုက်ပါဆောနစ် လက်နက် နည်းပညာကို အပြိုင်အဆိုင် သုတေသနပြု တီထွင်နေကြပါတယ်။ ဟိုက်ပါဆောနစ် အဆင့် သတ်မှတ်ထားတဲ့ ဒုံးကျည်တွေဟာ အသံရဲ့ မြန်နှုန်းထက် အနည်းဆုံး ၅ ဆ ပိုမြန်အောင် ပျံသန်းနိုင်ပြီး ကြားဖြတ် ဟန့်တားဖို့ မဖြစ်နိုင်သလောက် ခက်ခဲပါတယ်။ ရေတပ် စစ်သင်္ဘောတွေနဲ့ လေယာဉ်တင် သင်္ဘောတွေမှာ အခြေစိုက် ပစ်ခတ်နိုင်မယ့် Zirconကတော့ အသံထက် ၉ ဆမြန်အောင် ပျံနိုင်တယ်လို့ ရုရှားက ကြွေးကြော်ထားပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ် ယူကရိန်းနဲ့ စစ်ပွဲမှာ လူသူနဲ့ စစ်လက်နက်တွေ အဆုံးအရှုံး များနေတဲ့ ကာလမျိုးမှာ ရုရှားက အခုလိုမျိုး နည်းပညာသစ် ဒုံးကျည် စမ်းသပ်ပြခဲ့တာပါ။ ပြီးခဲ့တဲ့ လတုန်းကလည်း ရုရှားဟာ နျူကလီးယားထိပ်ဖူး ၁၀ ခုထက်မနည်း တပ်ဆင်နိုင်မယ့် တာဝေးပစ် တိုက်ချင်းပစ် ဒုံးကျည် Sarmatကို စမ်းသပ် ပစ်ခတ်ပြခဲ့ပါသေးတယ်။ ဒါ့အပြင် ယူကရိန်း စစ်ပွဲမှာ ရုရှားက ဟိုက်ပါဆောနစ် ဒုံးကျည် တစ်စင်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်မြေပြင်မှာ ဟိုက်ပါဆောနစ် ဒုံးကျည် လက်တွေ့ အသုံးချတဲ့ နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook