Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဟိုက်ပါဆောနစ် ဒုံးကျည်အသစ် စမ်းသပ်မှု အောင်မြင်ကြောင်း ရုရှားထုတ်ပြန်

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယို တစ်ခုမှာတော့ စစ်သင်္ဘော တစ်စီးကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ထောင့်မတ် အနေအထားမျိုး ပျံတက်သွားတာ တွေ့ရပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က Zirconဟာ ရုရှားရဲ့ ပြိုင်ဘက်ကင်းတဲ့ မျိုးဆက်သစ် လက်နက် စီမံကိန်းတွေထဲက တစ်ခုလို့ ညွှန်းဆိုထားပါတယ်။

ဟိုက်ပါဆောနစ် ဒုံးကျည်အသစ် စမ်းသပ်မှု
ဟိုက်ပါဆောနစ် ဒုံးကျည်အသစ် စမ်းသပ်မှု

ဟိုက်ပါဆောနစ် နည်းပညာသုံး ပဲ့ထိန်း ခရုစ်ဒုံးကျည် တစ်စင်းကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း ရုရှား ရေတပ်က ထုတ်ပြန်လိုက်ပါတယ်။

Zircon အမျိုးအစား ခရုစ်ဒုံးကျည်ဟာ ကီလိုမီတာ ၁၀၀၀ လောက် အကွာအဝေးထိ ပျံသန်းပြီး ပစ်မှတ်ကို ချေမှုန်းနိုင်ခဲ့ကြောင်း မေ ၂၈ ရက်မှာ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာသွားပါတယ်။ ဒီဒုံးကျည်ကို ဘာရန် ပင်လယ်ကနေ လှမ်းပစ်လိုက်ပြီး ပင်လယ်ဖြူထဲမှာ ရှိနေတဲ့ ပစ်မှတ်ကို ထိမှန်ခဲ့တာလို့ သိရပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယို တစ်ခုမှာတော့ စစ်သင်္ဘော တစ်စီးကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ထောင့်မတ် အနေအထားမျိုး ပျံတက်သွားတာ တွေ့ရပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က Zirconဟာ ရုရှားရဲ့ ပြိုင်ဘက်ကင်းတဲ့ မျိုးဆက်သစ် လက်နက် စီမံကိန်းတွေထဲက တစ်ခုလို့ ညွှန်းဆိုထားပါတယ်။

ရုရှားအပြင် အမေရိကန်၊ တရုတ်စတဲ့ လက်နက် အင်အားကြီး နိုင်ငံတွေဟာ ဟိုက်ပါဆောနစ် လက်နက် နည်းပညာကို အပြိုင်အဆိုင် သုတေသနပြု တီထွင်နေကြပါတယ်။ ဟိုက်ပါဆောနစ် အဆင့် သတ်မှတ်ထားတဲ့ ဒုံးကျည်တွေဟာ အသံရဲ့ မြန်နှုန်းထက် အနည်းဆုံး ၅ ဆ ပိုမြန်အောင် ပျံသန်းနိုင်ပြီး ကြားဖြတ် ဟန့်တားဖို့ မဖြစ်နိုင်သလောက် ခက်ခဲပါတယ်။ ရေတပ် စစ်သင်္ဘောတွေနဲ့ လေယာဉ်တင် သင်္ဘောတွေမှာ အခြေစိုက် ပစ်ခတ်နိုင်မယ့် Zirconကတော့ အသံထက် ၉ ဆမြန်အောင် ပျံနိုင်တယ်လို့ ရုရှားက ကြွေးကြော်ထားပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ် ယူကရိန်းနဲ့ စစ်ပွဲမှာ လူသူနဲ့ စစ်လက်နက်တွေ အဆုံးအရှုံး များနေတဲ့ ကာလမျိုးမှာ ရုရှားက အခုလိုမျိုး နည်းပညာသစ် ဒုံးကျည် စမ်းသပ်ပြခဲ့တာပါ။ ပြီးခဲ့တဲ့ လတုန်းကလည်း ရုရှားဟာ နျူကလီးယားထိပ်ဖူး ၁၀ ခုထက်မနည်း တပ်ဆင်နိုင်မယ့် တာဝေးပစ် တိုက်ချင်းပစ် ဒုံးကျည် Sarmatကို စမ်းသပ် ပစ်ခတ်ပြခဲ့ပါသေးတယ်။ ဒါ့အပြင် ယူကရိန်း စစ်ပွဲမှာ ရုရှားက ဟိုက်ပါဆောနစ် ဒုံးကျည် တစ်စင်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်မြေပြင်မှာ ဟိုက်ပါဆောနစ် ဒုံးကျည် လက်တွေ့ အသုံးချတဲ့ နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

တရားရုံး ထုတ်ပြန်ချက်မှာတော့ သံသယ တရားခံ ၄ ဦးထဲက တာဂျစ်ကစ္စတန် နိုင်ငံသား မာဇိုယက်ဗ်ဟာ အကြမ်းဖက် တိုက်ခိုက်မှုကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်ဆိုတာ ဝန်ခံထားပြီး ဖြစ်တယ်လို့ ပါရှိခဲ့ပါတယ်။